၂၀၂၂ ၊ ဇူလိုင်လမှာ ကံဇာတာ အဆိုးအကောင်း ထင်ရှားမယ့်ရာသီခွင်များ

လက်ရှိ ဖြတ်သန်းနေတဲ့ ၂၀၂၂ ခုနှစ် ၊ ဒီလ ဇူလိုင်မှာ ဘယ်ရာသီခွင်တွေက ကံဇာတာ တောက်ပလာပြီးတော့ ဘယ်ရာသီခွင်တွေကတော့ ကံဇာတာ မှေးမှိန်အားနည်းသွားနိုင်သလဲဆိုတာ အဖြေရှာပေးလိုက်ပါတယ်။

ဇူလိုင် ၊ ၂၀၂၂ မှာ ကံကောင်းမယ့်သူတွေကတော့…

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်လာမယ်။ အဆက်အသွယ်နဲ့ သတင်းကောင်းတွေ ရလာမယ်။ အိုးအိမ်နေရာ အဆင်ပြေမယ်။ လနှောင်းပိုင်းမှာ ပျော်ရွှင်စရာတွေ များမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – လဆန်းပိုင်းမှာ အခက်အခဲတွေ ရှိတတ်ပေမယ့် လကုန်ပိုင်းတွေမှာ ကံကောင်းလာမယ်။ နေရာ၊ အခွင့်ထူး ခံစားရမယ်။ အကြီးအကဲ ကူညီမစမယ်။ ငွေကြေးကံဇာတာ မြင့်မားမယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – အတတ်ပညာ အကျိုးကို ခံစားရမယ်။ ကြီးကဲသူတွေ ကူညီမယ်။ ပတ်ဝန်းကျင်ကောင်း တွေ့မယ်။ အချစ်ရေး၊ အိမ်ထောင်ရေး အေးချမ်းမယ်။ ငွေကြေးရပေါက်ရလမ်း ပေါ်မယ်။

ဇူလိုင် ၊ ၂၀၂၂ မှာ ကံခေမယ့်သူတွေကတော့…

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – ခိုက်ရန် ဖြစ်တတ်တယ်။ ဒေါသတွေ ကြီးပြီး ထိန်းမရအောင် ဖြစ်လာမယ်။ စိတ်တွေ ထိန်းမရဘဲ ပေါက်ကွဲလွယ်မယ်။ လူမှုရေး အညံ့ ရှိတယ်။ ချစ်သူ၊အိမ်ထောင်ဖက်နဲ့ စကားများရမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – ကြီးကဲသူတွေနဲ့ မသင့်မမြတ် ဖြစ်မယ်။ ခရီးအသွားအလာကို ဂရုစိုက်ပါ။ သွားလမ်းလာလမ်း မဖြောင့် ဖြစ်တတ်တယ်။ နားလည်မှု လွဲမယ်။ ဖုန်း၊ စက် ပျက်စီးပျောက်ရှမယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – အပျော်အပါး သတိထားပါ။ အပျော်လွန်လို့ ပျက်တတ်တယ်။ လူငယ်တွေ အချစ်ရေး ကံခေမယ်။ ရန်ဖြစ်လွယ်မယ်။ အပေါင်းအသင်းတွေနဲ့ စကားများ ငြင်းခုံရတတ်တယ်။

၁၂ ရာသီဖွားအားလုံး ဘေးကင်းရန်ကင်း ကံကောင်းခြင်းတွေ ပြည့်စုံကြပါစေ။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)