၂၀၂၂ ၊ ပထမအကြိမ် လကြတ်ခြင်းနဲ့ ဗေဒင်အယူအဆများ
အခု မေလ ၁၆ ရက်နေ့ မနက် ၈ နာရီကျော်နဲ့ ၁၂ နာရီအတွင်း လအပြည့်အဝ ကြတ်တဲ့ဖြစ်စဉ် ပေါ်ပေါက်မှာ ဖြစ်ပြီး အာရှဒေသတချို့ (မြန်မာ မပါ) ၊ သြစတြေးလျ၊ မြောက်အမေရိက၊ ဥရောပအရှေ့ပိုင်းနဲ့ မြောက်ပိုင်း၊ တောင်အမေရိကဒေသ အများစုကနေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ရှေးနက္ခတ်ကျမ်းတွေအရ နေကြတ်လကြတ်ကို မြင်တွေ့ရတဲ့ တိုင်းပြည်ဒေသတွေမှာ အပြောင်းအလဲတွေ ဖြစ်ပွားတတ်တယ်လို့ ဆိုထားပြီး အထူးသဖြင့် နေကြတ်လကြတ်ပြီး လပိုင်းအတွင်း ထူးခြားတတ်ပါတယ်။
လကြတ်တာကို မမြင်တွေ့ရပေမယ့် တိုင်းပြည်ဒေသတွေရဲ့မူလဇာတာအလိုက် အရေးကြီးတဲ့ဂြိုဟ်၊ ဘာဝမှာ လကြတ်ခြင်း ဖြစ်ပွားခဲ့ရင်လည်း အနည်းနဲ့အများ သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဒီတခါ အနီရောင်သန်းတဲ့ လအပြည့်အဝကြတ်တဲ့ဖြစ်စဉ်ကို မြန်မာကနေ မမြင်ရပေမယ့် လကြတ်နေချိန်မှာ အစားအသောက် စားတာ၊ လိင်ဆက်ဆံတာ၊ မင်္ဂလာအခါယူတာ၊ မိခင်လောင်းတွေ အပြင်ထွက်လည်တာနဲ့ အရေးကြီးကိစ္စ စတင် ဆောင်ရွက်တာမျိုးတွေ မလုပ်အပ်ဘူးလို့ လောကီပညာအရ အဆိုရှိပါတယ်။
ဗေဒင်အယူအဆမှာ လစန္ဒာဟာ စိတ်ပိုင်းဆိုင်ရာကို လွှမ်းမိုးခြယ်လှယ်သူ ဖြစ်လို့ လကြတ်မှု ဖြစ်စဉ်တွေနဲ့အတူ စိတ်အပြောင်းအလဲ မြန်တာ၊ စိတ်ဓာတ် အတက်အကျ များတာ၊ စိတ် ဂဏှာ မငြိမ်တာ၊ စဉ်းစား တွေးတောမှု လွဲချော်တာ၊ ခံစားချက်တွေ သိပ်ပြင်းထန်လာတာ၊ အရာရာကို အဆိုးမြင်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။
လကြတ်ခြင်းဖြစ်စဉ်ကြောင့် အနောက်တိုင်းဗေဒင်အရ ..
ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂)
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)
ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) တွေမှာ
ကံဇာတာ အတက်အကျ အပြောင်းအလဲ သိသာနိုင်ပြီး အများအားဖြင့် စိတ်ပျက်စရာ၊ ဒေါသထွက်စရာတွေ ကြုံရတာနဲ့ ခံစားချက်ကို မထိန်းနိုင်တာတွေ ဖြစ်တတ်လို့
လကြတ်ချိန်ကာလအတွင်းမှာ အောက်ဖော်ပြပါ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ထားရင် နောက်ဖြစ်ပေါ်လာမယ့် ပြဿနာအခက်အခဲတွေ လျော့ပါးပျောက်ကွယ်စေနိုင်ပါတယ်။
အားလုံးပဲ နက္ခတ်ဗေဒင်သုတ တိုးပွားရရှိကြပါစေ – ဧက (ဗေဒင်သုတ)