၂၀၂၂ ၊ ဖေဖော်ဝါရီမှာ ကံအဆိုးအကောင်း ထင်ရှားမယ့်ရာသီခွင်များ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ ကံဇာတာ အကောင်း၊အဆိုး သိသာထင်ရှားလာမယ့် ရာသီခွင်တွေအကြောင်း တင်ပြလိုပါတယ်။ တချို့ရာသီဖွားတွေက ကံတွေ ကောင်းလာနိုင်ပေမယ့် တချို့ကတော့ ကံအဆိုးတွေချည်းပဲ ရင်ဆိုင်ရတတ်လို့ ကြိုတင် ပြင်ဆင်ထားနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

ဖေဖော်ဝါရီ ၊ ၂၀၂၂ မှာ ကံဇာတာ ညံ့နိုင်သူများ

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – ဖေဖော်ဝါရီ ပထမပတ်မှာ အလုပ်အကိုင်၊ အိမ်တွင်းရေးကိစ္စ အဆင်ပြေချောမွေ့နိုင်ပြီး ဒုတိယပတ်မှာတော့ စိတ်ပျက်လက်ပျက်ဖြစ်စရာတွေ ကြုံရတတ်တယ်။ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေ ပျက်ကွက်တတ်တယ်။ လလယ်ပိုင်းမှာ လက်တွဲဖော်၊ အိမ်ထောင်ဖက်နဲ့ ပြဿနာတွေ ဖြစ်တတ်ပြီး စိတ်မချမ်းမြေ့စရာတွေ ခံစားရတတ်တယ်။ အခြေအနေဆိုးမသွားအောင် ထိန်းသိမ်းသင့်တယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – အထင်နဲ့အမြင်တွေ တက်တက်စင်အောင် လွဲချော်မယ့်ကာလမျိုး ဖြစ်ပြီး ကိုယ်မှန်းထားတာ တစ်မျိုး၊ ဖြစ်လာတာက တခြားနဲ့ ကြုံရလိမ့်မယ်။ အချိန်အခါနဲ့ အခြေအနေ မကိုက်ညီတာ ဖြစ်တတ်ပြီး ရည်မှန်းတာနဲ့ လွဲရတတ်တယ်။ ဖြစ်အောင်တွန်းလုပ်လေ မှားလေ ဖြစ်နေမယ်။ အလွန်အကျွံတွေ လုပ်တာမျိုး ရှောင်ရမယ်။ လလယ်ပိုင်းတစ်ချက်ပဲ လူရောစိတ်ပါ သက်တောင့်သက်သာ ဖြစ်လိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – ဖေဖော်ဝါရီလထဲမှာ အခြေအနေအရပ်ရပ်က အဆိုးဘက် ဦးတည်လာနိုင်တယ်။ ကိုယ့်ဘက်က စိတ်ပျက်လက်လျှော့တာမျိုး မရှိပေမဲ့ ဖြစ်လာသမျှကို လက်မခံနိုင်တာမျိုး ဖြစ်နေမယ်။ စိတ်ဖိစီးမှုတွေ၊ မကျေမနပ်တွေ အဖြစ်များမယ်။ တချို့ကိစ္စတွေကို အချိန်ဆိုင်းသင့်ရင် ဆိုင်းပစ်ပါ။ အထင်မှားခံရတာ၊ အလုပ်အကိုင်အကြံအစည်တွေ ပျက်တာတွေ ကြုံရတတ်လို့ ကြိုတင် ဂရုစိုက်ထားရမယ်။

ဖေဖော်ဝါရီ ၊ ၂၀၂၂ မှာ ကံဇာတာ ကောင်းနိုင်သူများ

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – အရင်လက အဆင်မပြေမှုတွေက ဒီလထဲမှာ ပြန်ကောင်းလာမယ်။ လူသစ်စိတ်သစ်လို ခံစားလာရမယ်။ ကိုယ့်ကိုကိုယ် ကောင်းအောင်လည်း ပြုပြင်ထိန်းကျောင်းလာမယ်။ အရင် ခံစားချက်၊ အပြုအမူတွေကို ပြောင်းလဲပစ်နိုင်မယ်။ အရင်က ကြိုးစားခဲ့သမျှလည်း ဒီလထဲမှာ အောင်မြင်မှုတွေ ရလာတတ်တယ်။ အဟောင်းတွေ ကျောခိုင်းပြီး အသစ်တွေချည်း စတင် ကြုံတွေ့ရမယ့်လလည်း ဖြစ်တယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – အဆိုးထဲက အကောင်းတွေကို ဆက်တိုက် ကြုံတွေ့ရမယ့်ကာလ ဖြစ်တယ်။ မှတ်မှတ်ရရ ဖြစ်စရာ စိတ်ချမ်းသာစရာတွေလည်း ကြုံရလိမ့်မယ်။ ဒီလထဲမှာ ကြံစည်အားထုတ်သမျှ အလွယ်တကူ အောင်မြင်မယ်။ စိတ်ထဲ ထင်တာတွေလည်း မှန်နေတတ်တယ်။ အရင်က မရှင်းနိုင်တဲ့ ပြဿနာ နဲ့ အခက်အခဲတွေကို ဒီလမှာ စနစ်တကျ ကိုင်တွယ်နိုင်မယ်။ စိတ်နှလုံးချမ်းမြေ့စရာတွေလည်း ကြုံလာရမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာမှုတွေ ပြည့်စုံမယ့်ကာလမျိုး ဖြစ်တယ်။ လဆန်းရက်ကတည်းက မျှော်လင့်ထားတာတွေ ဖြစ်လာမယ်။ စိတ်ကူးထားတာတွေပါ လက်တွေ့မှာ ဖြစ်ပေါ်လာနိုင်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေလည်း အားကောင်းလာပြီး လုပ်ချင်တာ ဖြစ်ချင်တာတွေကို ဖြစ်အောင် လုပ်လာနိုင်မယ်။ ချစ်သူရည်းစား၊ အိမ်ထောင်ရေးကိစ္စတွေမှာလည်း နားလည်မှုတွေ ပိုရလာမယ်။

ကံကောင်းပျော်ရွှင်မယ့်ကာလဖြစ်ပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)