၂၀၂၃ ခုႏွစ္အတြက္ ေမြးရက္အလိုက္ ဂဏန္းေဗဒင္

၂၀၂၃ ခုႏွစ္ဟာ ဂဏန္းေဗဒင္အရ ကိတ္ၿဂိဳဟ္ (တနည္းအားျဖင့္) နက္ပကြၽန္းၿဂိဳဟ္ လႊမ္းမိုးတဲ့ႏွစ္ ျဖစ္ပါတယ္။ ႏွစ္သစ္ ၂၀၂၃ ခုႏွစ္မွာ မိမိရဲ႕ အဂၤလိပ္လို ေမြးရက္ဂဏန္းအလိုက္ ဘာေတြ ဘယ္လို ျဖစ္ပ်က္လာႏိုင္သလဲ ဆိုတဲ့ တစ္ႏွစ္စာ ကံၾကမၼာေဟာကိန္းကို တင္ျပလိုက္ပါတယ္။

တစ္ဂဏန္းသမား (၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက္မွာ ေမြးဖြားသူမ်ား)

စိန္ေခၚမႈေတြ၊ စိတ္ရႈပ္ေထြးမႈေတြနဲ႔ ျပည့္ႏွက္လာမယ္။ အလုပ္ေတြ အရမ္း မ်ားလာၿပီး စိတ္ဖိစီးမႈ တိုးလာမယ္။ လုပ္ငန္းသစ္ စလို႔ မသင့္ေသးဘဲ ရွိတာေလးနဲ႔ ထိန္းထားရမယ္။ ေငြေၾကးလိုအင္ဆႏၵေတြေတာ့ ျပည့္ဝတတ္ၿပီး ပင္ပန္းသေလာက္ အက်ိဳးခံစားခြင့္ ရမယ္။ ေမတၱာေရးရာ ရည္မွန္းခ်က္ေတြကို အေကာင္အထည္ ေဖာ္ႏိုင္မယ္။ က်န္းမာေရး အေကာင္းအဆိုး ယွဥ္ေနတယ္။ အစားအေသာက္ ဆင္ျခင္ရမယ္။ စိတ္ရႈပ္မယ့္ႏွစ္လို႔ ဆိုႏိုင္တယ္။

ႏွစ္ဂဏန္းသမား (၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက္မွာ ေမြးဖြားသူမ်ား)

လုပ္ငန္းစီးပြားမွာ အခြင့္အလမ္းသစ္ေတြ ေပၚလာမယ္။ အလုပ္သစ္ စတင္ႏိုင္မယ္။ အက်ိဳးအျမတ္ ေကာင္းမယ္၊ ခရီးေကာင္းေတြ သြားရကိန္း ျမင္တယ္။ ခံစားခ်က္ေနာက္ မလိုက္ဘဲ လက္ေတြ႕သာ လုပ္ပါ။ ေအာင္ျမင္မယ္။ ေငြဝင္ေပမယ့္ အကုန္အက် အရမ္း မ်ားမယ္။ စုမိေဆာင္းမိဖို႔ လိုမယ္။ ေငြျပန္ရင္းတတ္ရင္ အျမတ္ ပိုက်န္မယ္။ ေမတၱာေရးမွာ အတက္အက်ေတြ ရွိမယ္။ ခံစားမႈကို ေရွ႕တန္းတင္မိမယ္။ က်န္းမာေရးပိုင္း ေကာင္းမြန္ပါမယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

သုံးဂဏန္းသမား (၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက္မွာ ေမြးဖြားသူမ်ား)

အတတ္ပညာ၊ အရည္အခ်င္းကို အသုံးခ်ရမယ့္ႏွစ္ ျဖစ္တယ္။ လုပ္ငန္းကို မြမ္းမံတာ၊ ျပင္ဆင္ေျပာင္းလဲတာမ်ိဳး လုပ္ရင္ ပိုေကာင္းမယ္။ အက်ိဳးတူကိစၥေတြ ေပၚရင္ လက္တြဲပါ။ ေအာင္ျမင္မယ္။ ရာထူးတိုးတာ၊ ေနရာေကာင္း ရတာမ်ိဳး ျဖစ္မယ္။ အေျပာင္းအလဲေကာင္းေတြ ေပၚမယ္။ ေငြေၾကး ကံေကာင္းေပမယ့္ အသုံးအစြဲ ထိန္းရမယ္။ ေမတၱာေရးမွာ အေကာင္းဘက္ ဦးတည္မယ္။ ပ်ိဳ႐ြယ္သူေတြ စြံမယ္။ က်န္းမာေရးေတာ့ သတိထားရလိမ့္မယ္။

ေလးဂဏန္းသမား (၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက္မွာ ေမြးဖြားသူမ်ား)

စိတ္ရႈပ္စရာေတြ၊ အာ႐ုံေနာက္စရာေတြ မ်ားလာမယ့္ႏွစ္ ျဖစ္တယ္။ အလုပ္ကံဇာတာ မညံ့ေပမယ့္ လူလိမ္ေတြ နဲ႔ ဆုံတတ္လို႔ လူယုံမလြယ္ဖို႔ သတိျပဳပါ။ လုပ္ငန္းသစ္နယ္ပယ္သစ္ေတြေတာ့ ေပၚလာဖို႔ ရွိတယ္။ သတိထားၿပီး ႀကိဳဆိုရမယ္။ ေငြေၾကးပိုင္း အရႈပ္အရွင္းေတြ ျဖစ္တတ္ေပမယ့္ ထီကံေတာ့ ရွိေနတယ္။ ပုံမွန္ ကံစမ္းေပးရမယ္။ ေမတၱာေရးကံ အားနည္းလို႔ နားလည္မႈေတြ ပိုလိုအပ္မယ္။ က်န္းမာေရးကလည္း အတက္အက် မ်ားလိမ့္မယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

ငါးဂဏန္းသမား (၅ ၊ ၁၄ ၊ ၂၃ ရက္မွာ ေမြးဖြားသူမ်ား)

ကံတရားက ပံ့ပိုးထားလို႔ ဒီႏွစ္မွာ လုပ္ငန္းစီးပြား တိုးတက္ကိန္း ရွိတယ္။ ႀကိဳးစားမႈေတြ အရာထင္လာလိမ့္မယ္။ အလုပ္သစ္ စတင္ရင္ ေအာင္ျမင္မယ္။ ျပည္ပနဲ႔ဆက္သြယ္လုပ္ကိုင္တာေတြ ထူးျခားမယ္။ ေငြေရးေၾကးေရးကံ ပြင့္လန္းမယ္။ လိုခ်င္တာေတြ ျဖည့္ဆည္းႏိုင္မယ္။ မထင္မွတ္တဲ့ အဆက္အသြယ္ေကာင္းေတြ ရလာႏိုင္တယ္။ ေမတၱာေရးမွာလည္း အခ်ိဳေပၚ သကာေလာင္းသလို ျဖစ္မယ္။ က်န္းမာေရးလည္း ခါတိုင္းထက္ ပိုေကာင္းမယ္။

ေျခာက္ဂဏန္းသမား (၆ ၊ ၁၅ ၊ ၂၄ ရက္မွာ ေမြးဖြားသူမ်ား)

အေတြ႕အႀကဳံသစ္၊ အခြင့္အေရးသစ္ေတြ စတင္ ျဖစ္တည္လာမယ့္ႏွစ္ပါ။ ေမွ်ာ္လင့္မထားတဲ့ကံေကာင္းျခင္းေတြ ရရွိတတ္တယ္။ ရာထူးတိုး၊ လစာတိုးေတြ ျဖစ္လာႏိုင္တယ္။ ဒါေပမယ့္ အလုပ္သစ္ ေျပာင္းေ႐ႊ႕တာ၊ လုပ္ငန္းကို ေျပာင္းပစ္တာမ်ိဳးေတာ့ ေရွာင္ရမယ္။ ေငြေၾကး ရလမ္းေတြ တိုးလာမယ္။ အေပးအယူ၊ အေခ်းအငွားေတြေတာ့ သတိျပဳပါ။ ေမတၱာေရးမွာ လိုအင္ဆႏၵ မျပည့္ဘဲ ျဖစ္မယ္။ ခံစားမႈ ျပင္းထန္မယ္။ က်န္းမာေရး ပုံမွန္ပဲ ျဖစ္မယ္။

ခုႏွစ္ဂဏန္းသမား ( ၇ ၊ ၁၆ ၊ ၂၅ ရက္မွာ ေမြးဖြားသူမ်ား)

စိတ္ကူးအိပ္မက္ေတြ ၊ ေမွ်ာ္လင့္သမွ် အေကာင္အထည္ ေပၚလာမယ့္ႏွစ္ ျဖစ္တယ္။ လုပ္ငန္းစီးပြားကံဇာတာ တိုးတက္ေအာင္ျမင္ဖို႔ ရွိသလို နာမည္ရမယ့္၊ လူသိမ်ားမယ့္ကိစၥေတြမွာလည္း ထင္ရွားေက်ာ္ၾကားတတ္တယ္။ ႏိုင္ငံရပ္ျခားကိစၥေတြ ေအာင္ျမင္မယ္။ ေငြေၾကးအရလည္း အဆင္ေျပမယ္။ အိမ္ၿခံေျမ (သို႔) ရင္းႏွီးျမႇဳပ္ႏွံမႈေတြ အက်ိဳးေပးမယ္။ ေမတၱာေရးမွာလည္း ကံေတြ ေကာင္းလာမယ္။ က်န္းမာေရးကေတာ့ ပုံမွန္ထက္ ညံ့ႏိုင္တယ္။

ရွစ္ဂဏန္းသမား (၈ ၊ ၁၇ ၊ ၂၆ ရက္မွာ ေမြးဖြားသူမ်ား)

ႀကိဳးစား႐ုန္းကန္မႈေတြနဲ႔ အေတြ႕အႀကဳံသစ္ေတြကို ေဆာင္ယူလာမယ့္ႏွစ္ ျဖစ္တယ္။ ဘယ္အရာမွ မလြယ္ေပမဲ့ လုပ္သေလာက္ေတာ့ ခံစားခြင့္ ရမယ္။ အဆက္အသြယ္ေကာင္းေတြနဲ႔ ခ်ိတ္မိလာမယ္။ ႀကိဳးစားမႈနဲ႔အတူ ခံစား ရယူခြင့္ေတြလည္း တိုးလာမယ္။ ဒါေပမယ့္ အသုံးၾကမ္းတာကိုေတာ့ သတိျပဳရမယ္။ ေငြအလႊဲအေျပာင္းေတြမွာ ဂ႐ုျပဳရမယ္။ ေမတၱာေရးကံ အားနည္းမယ္။ မိသားစုကို အခ်ိန္ေပးရမယ္။ စိတ္ဖိစီးမႈေတြ မ်ားမယ့္ႏွစ္ ျဖစ္တယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

ကိုးဂဏန္းသမား (၉ ၊ ၁၈ ၊ ၂၇ ရက္မွာ ေမြးဖြားသူမ်ား)

အခက္အခဲနဲ႔အတူ ေအာင္ျမင္မႈပါ ယွဥ္တြဲလာမယ့္ႏွစ္ ျဖစ္တယ္။ ဘာမွ မေခ်ာင္မရတတ္လို႔ ကိုယ္တိုင္ ၾကဳးစား ရယူရမယ္။ အလုပ္မွာ ႐ုန္းကန္ရမယ္။ လုပ္ငန္း ရွင္သန္ႏိုင္ေအာင္ မနည္းလုပ္ရလိမ့္မယ္။ ဒါေပမယ့္ တဖက္မွာ အခြင့္အေရးေတြလည္း ရွိေနမယ္။ မ်က္ေျခမျပတ္ ေစာင့္ၾကည့္ရမယ္။ ေငြေၾကးနဲ႔ ပတ္သက္လို႔ အယုံမလြယ္ဖို႔ သတိျပဳပါ။ ေမတၱာေရးမွာ အေျခအေနေကာင္းေတြ ျဖစ္ေပၚလာမယ္။ က်န္းမာေရးကေတာ့ အားနည္းႏိုင္တယ္။

၂၀၂၃ ႏွစ္သစ္မွာ မဂၤလာအေပါင္းနဲ႔ ျပည့္စုံၾကပါေစ – ဧက (ေဗဒင္သုတ)

Unicode

၂၀၂၃ ခုနှစ်ဟာ ဂဏန်းဗေဒင်အရ ကိတ်ဂြိုဟ် (တနည်းအားဖြင့်) နက်ပကျွန်းဂြိုဟ် လွှမ်းမိုးတဲ့နှစ် ဖြစ်ပါတယ်။ နှစ်သစ် ၂၀၂၃ ခုနှစ်မှာ မိမိရဲ့ အင်္ဂလိပ်လို မွေးရက်ဂဏန်းအလိုက် ဘာတွေ ဘယ်လို ဖြစ်ပျက်လာနိုင်သလဲ ဆိုတဲ့ တစ်နှစ်စာ ကံကြမ္မာဟောကိန်းကို တင်ပြလိုက်ပါတယ်။

တစ်ဂဏန်းသမား (၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက်မှာ မွေးဖွားသူများ)

စိန်ခေါ်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်လာမယ်။ အလုပ်တွေ အရမ်း များလာပြီး စိတ်ဖိစီးမှု တိုးလာမယ်။ လုပ်ငန်းသစ် စလို့ မသင့်သေးဘဲ ရှိတာလေးနဲ့ ထိန်းထားရမယ်။ ငွေကြေးလိုအင်ဆန္ဒတွေတော့ ပြည့်ဝတတ်ပြီး ပင်ပန်းသလောက် အကျိုးခံစားခွင့် ရမယ်။ မေတ္တာရေးရာ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်မယ်။ ကျန်းမာရေး အကောင်းအဆိုး ယှဉ်နေတယ်။ အစားအသောက် ဆင်ခြင်ရမယ်။ စိတ်ရှုပ်မယ့်နှစ်လို့ ဆိုနိုင်တယ်။

နှစ်ဂဏန်းသမား (၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက်မှာ မွေးဖွားသူများ)

လုပ်ငန်းစီးပွားမှာ အခွင့်အလမ်းသစ်တွေ ပေါ်လာမယ်။ အလုပ်သစ် စတင်နိုင်မယ်။ အကျိုးအမြတ် ကောင်းမယ်၊ ခရီးကောင်းတွေ သွားရကိန်း မြင်တယ်။ ခံစားချက်နောက် မလိုက်ဘဲ လက်တွေ့သာ လုပ်ပါ။ အောင်မြင်မယ်။ ငွေဝင်ပေမယ့် အကုန်အကျ အရမ်း များမယ်။ စုမိဆောင်းမိဖို့ လိုမယ်။ ငွေပြန်ရင်းတတ်ရင် အမြတ် ပိုကျန်မယ်။ မေတ္တာရေးမှာ အတက်အကျတွေ ရှိမယ်။ ခံစားမှုကို ရှေ့တန်းတင်မိမယ်။ ကျန်းမာရေးပိုင်း ကောင်းမွန်ပါမယ်။

သုံးဂဏန်းသမား (၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက်မှာ မွေးဖွားသူများ)

အတတ်ပညာ၊ အရည်အချင်းကို အသုံးချရမယ့်နှစ် ဖြစ်တယ်။ လုပ်ငန်းကို မွမ်းမံတာ၊ ပြင်ဆင်ပြောင်းလဲတာမျိုး လုပ်ရင် ပိုကောင်းမယ်။ အကျိုးတူကိစ္စတွေ ပေါ်ရင် လက်တွဲပါ။ အောင်မြင်မယ်။ ရာထူးတိုးတာ၊ နေရာကောင်း ရတာမျိုး ဖြစ်မယ်။ အပြောင်းအလဲကောင်းတွေ ပေါ်မယ်။ ငွေကြေး ကံကောင်းပေမယ့် အသုံးအစွဲ ထိန်းရမယ်။ မေတ္တာရေးမှာ အကောင်းဘက် ဦးတည်မယ်။ ပျိုရွယ်သူတွေ စွံမယ်။ ကျန်းမာရေးတော့ သတိထားရလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

လေးဂဏန်းသမား (၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက်မှာ မွေးဖွားသူများ)

စိတ်ရှုပ်စရာတွေ၊ အာရုံနောက်စရာတွေ များလာမယ့်နှစ် ဖြစ်တယ်။ အလုပ်ကံဇာတာ မညံ့ပေမယ့် လူလိမ်တွေ နဲ့ ဆုံတတ်လို့ လူယုံမလွယ်ဖို့ သတိပြုပါ။ လုပ်ငန်းသစ်နယ်ပယ်သစ်တွေတော့ ပေါ်လာဖို့ ရှိတယ်။ သတိထားပြီး ကြိုဆိုရမယ်။ ငွေကြေးပိုင်း အရှုပ်အရှင်းတွေ ဖြစ်တတ်ပေမယ့် ထီကံတော့ ရှိနေတယ်။ ပုံမှန် ကံစမ်းပေးရမယ်။ မေတ္တာရေးကံ အားနည်းလို့ နားလည်မှုတွေ ပိုလိုအပ်မယ်။ ကျန်းမာရေးကလည်း အတက်အကျ များလိမ့်မယ်။

ငါးဂဏန်းသမား (၅ ၊ ၁၄ ၊ ၂၃ ရက်မှာ မွေးဖွားသူများ)

ကံတရားက ပံ့ပိုးထားလို့ ဒီနှစ်မှာ လုပ်ငန်းစီးပွား တိုးတက်ကိန်း ရှိတယ်။ ကြိုးစားမှုတွေ အရာထင်လာလိမ့်မယ်။ အလုပ်သစ် စတင်ရင် အောင်မြင်မယ်။ ပြည်ပနဲ့ဆက်သွယ်လုပ်ကိုင်တာတွေ ထူးခြားမယ်။ ငွေရေးကြေးရေးကံ ပွင့်လန်းမယ်။ လိုချင်တာတွေ ဖြည့်ဆည်းနိုင်မယ်။ မထင်မှတ်တဲ့ အဆက်အသွယ်ကောင်းတွေ ရလာနိုင်တယ်။ မေတ္တာရေးမှာလည်း အချိုပေါ် သကာလောင်းသလို ဖြစ်မယ်။ ကျန်းမာရေးလည်း ခါတိုင်းထက် ပိုကောင်းမယ်။

ခြောက်ဂဏန်းသမား (၆ ၊ ၁၅ ၊ ၂၄ ရက်မှာ မွေးဖွားသူများ)

အတွေ့အကြုံသစ်၊ အခွင့်အရေးသစ်တွေ စတင် ဖြစ်တည်လာမယ့်နှစ်ပါ။ မျှော်လင့်မထားတဲ့ကံကောင်းခြင်းတွေ ရရှိတတ်တယ်။ ရာထူးတိုး၊ လစာတိုးတွေ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် အလုပ်သစ် ပြောင်းရွှေ့တာ၊ လုပ်ငန်းကို ပြောင်းပစ်တာမျိုးတော့ ရှောင်ရမယ်။ ငွေကြေး ရလမ်းတွေ တိုးလာမယ်။ အပေးအယူ၊ အချေးအငှားတွေတော့ သတိပြုပါ။ မေတ္တာရေးမှာ လိုအင်ဆန္ဒ မပြည့်ဘဲ ဖြစ်မယ်။ ခံစားမှု ပြင်းထန်မယ်။ ကျန်းမာရေး ပုံမှန်ပဲ ဖြစ်မယ်။

ခုနှစ်ဂဏန်းသမား ( ၇ ၊ ၁၆ ၊ ၂၅ ရက်မှာ မွေးဖွားသူများ)

စိတ်ကူးအိပ်မက်တွေ ၊ မျှော်လင့်သမျှ အကောင်အထည် ပေါ်လာမယ့်နှစ် ဖြစ်တယ်။ လုပ်ငန်းစီးပွားကံဇာတာ တိုးတက်အောင်မြင်ဖို့ ရှိသလို နာမည်ရမယ့်၊ လူသိများမယ့်ကိစ္စတွေမှာလည်း ထင်ရှားကျော်ကြားတတ်တယ်။ နိုင်ငံရပ်ခြားကိစ္စတွေ အောင်မြင်မယ်။ ငွေကြေးအရလည်း အဆင်ပြေမယ်။ အိမ်ခြံမြေ (သို့) ရင်းနှီးမြှုပ်နှံမှုတွေ အကျိုးပေးမယ်။ မေတ္တာရေးမှာလည်း ကံတွေ ကောင်းလာမယ်။ ကျန်းမာရေးကတော့ ပုံမှန်ထက် ညံ့နိုင်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ရှစ်ဂဏန်းသမား (၈ ၊ ၁၇ ၊ ၂၆ ရက်မှာ မွေးဖွားသူများ)

ကြိုးစားရုန်းကန်မှုတွေနဲ့ အတွေ့အကြုံသစ်တွေကို ဆောင်ယူလာမယ့်နှစ် ဖြစ်တယ်။ ဘယ်အရာမှ မလွယ်ပေမဲ့ လုပ်သလောက်တော့ ခံစားခွင့် ရမယ်။ အဆက်အသွယ်ကောင်းတွေနဲ့ ချိတ်မိလာမယ်။ ကြိုးစားမှုနဲ့အတူ ခံစား ရယူခွင့်တွေလည်း တိုးလာမယ်။ ဒါပေမယ့် အသုံးကြမ်းတာကိုတော့ သတိပြုရမယ်။ ငွေအလွှဲအပြောင်းတွေမှာ ဂရုပြုရမယ်။ မေတ္တာရေးကံ အားနည်းမယ်။ မိသားစုကို အချိန်ပေးရမယ်။ စိတ်ဖိစီးမှုတွေ များမယ့်နှစ် ဖြစ်တယ်။

ကိုးဂဏန်းသမား (၉ ၊ ၁၈ ၊ ၂၇ ရက်မှာ မွေးဖွားသူများ)

အခက်အခဲနဲ့အတူ အောင်မြင်မှုပါ ယှဉ်တွဲလာမယ့်နှစ် ဖြစ်တယ်။ ဘာမှ မချောင်မရတတ်လို့ ကိုယ်တိုင် ကြုးစား ရယူရမယ်။ အလုပ်မှာ ရုန်းကန်ရမယ်။ လုပ်ငန်း ရှင်သန်နိုင်အောင် မနည်းလုပ်ရလိမ့်မယ်။ ဒါပေမယ့် တဖက်မှာ အခွင့်အရေးတွေလည်း ရှိနေမယ်။ မျက်ခြေမပြတ် စောင့်ကြည့်ရမယ်။ ငွေကြေးနဲ့ ပတ်သက်လို့ အယုံမလွယ်ဖို့ သတိပြုပါ။ မေတ္တာရေးမှာ အခြေအနေကောင်းတွေ ဖြစ်ပေါ်လာမယ်။ ကျန်းမာရေးကတော့ အားနည်းနိုင်တယ်။

၂၀၂၃ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ – ဧက (ဗေဒင်သုတ)

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)