၂၀၂၃ ခုနှစ်အတွက် ရာသီခွင်အလိုက် လုပ်ငန်းစီးပွားကံဇာတာ
Unicode Font
၂၀၂၃ နှစ်သစ်မှာ ကိုယ်မွေးဖွားတဲ့ ရာသီခွင်အလိုက် အသက်မွေးဝမ်းကျောင်းမှုကံဇာတာ၊ လုပ်ငန်းစီးပွားကံ အခြေအနေ ဘယ်လိုတွေ ဖြစ်လာနိုင်သလဲ၊ ကောင်းမလား၊ ညံ့မလား၊ ဘာတွေ ဘယ်လို ဖြစ်ပျက်လာနိုင်လဲ ဆိုတဲ့ တစ်နှစ်စာ ကံကြမ္မာကို ဖော်ပြပေးလိုက်ပါတယ်။
မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉)
နှစ်အတော်ကြာ အနည်ထိုင် တည်ငြိမ်နေခဲ့တဲ့ လုပ်ငန်းစီးပွားအခြေအနေက ၂၀၂၃ မှာ လှုပ်ခတ်မှု ရှိလာမယ်။ အလုပ် အပြောင်းအလဲ ဖြစ်လာတတ်တယ်။ အလုပ်ကံဇာတာကလည်း အကောင်းအဆိုးရောထွေးမှု ရှိနေမယ်။
ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)
၂၀၂၃ မှာ အလုပ်တစ်ခုကနေ နောက်တစ်ခုကို အကူးအပြောင်း ဖြစ်လာတတ်တယ်။ မလုပ်ဖူးတဲ့ အလုပ်တွေနဲ့ မယူဖူးတဲ့တာဝန်တွေ ယူရတတ်တယ်။ လုပ်ငန်းစီးပွားကံဇာတာက နှစ်လယ်နောက်ပိုင်းမှာ ပိုကောင်းလာမယ်။
မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀)
အရင်နှစ်တွေထက် အလုပ်တွေ ပိုများလာပြီး တာဝန်ကြီးတွေပါ ပုခုံးပေါ် ကျလာမယ်။ အခက်အခဲတွေနဲ့အတူ အခွင့်အလမ်းတွေလည်း တွဲပေါ်လာမယ်။ ရေရှည်လုပ်ငန်းတွေ အကျိုးပေးမယ်။ သည်းခံ စိတ်ရှည်ပေးရမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂)
၂၀၂၃ မှာ အလုပ်စီးပွားကံဇာတာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာနိုင်တယ်။ နှစ်ဆန်းပိုင်းကိုကျော်တာနဲ့ အခွင့်ကောင်းတွေ စပေါ်လာတတ်တယ်။ ဒီနှစ်မှာ အလုပ်ကနေ အကျိုးအမြတ်ခံစားခွင့်တွေလည်း ပိုရနိုင်တယ်။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂)
ဒီနှစ်မှာ အရင်နဲ့မတူတဲ့ စွန့်စားမှုအသစ်တွေ လုပ်ရတတ်တယ်။ လုပ်ငန်းစီးပွားကံဇာတာက ၅ လပိုင်းကျော်မှပဲ ထူးခြားကောင်းမွန်နိုင်တယ်။ နှစ်လယ်နောက်ပိုင်းမှာတော့ အလုပ်အကိုင်၊ ဘဝအခြေအနေ ပိုကောင်းလာမယ်။
ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂)
၂၀၂၃ ထဲမှာ လုပ်ငန်းစီးပွားကံ ထူးခြားပြောင်းလဲမှု မရှိတတ်ပေမယ့် ဇန်နဝါရီ၊ မေ၊ ဇွန်၊ သြဂုတ်၊ စက်တင်ဘာ လတွေမှာ အဆင်မပြေမှုလေးတွေ ဖြစ်တတ်တယ်။ ဒီနှစ်မှာ စပ်တူရှယ်ယာအလုပ်တွေ အခက်အခဲ ရှိနိုင်တယ်။
တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂)
အရင်နှစ်တွေထက် ကြိုးစားရုန်းကန်မှုတွေ ပိုများလာမယ့်နှစ် ဖြစ်တယ်။ လုပ်စရာတွေလည်း အရမ်း များလာပြီး အပြိုင်အဆိုင်တွေကြားက ဖောက်ထွက်ရလိမ့်မယ်။ အရေးပါတဲ့ လုပ်ငန်းဖက်ပါတနာတွေနဲ့ လက်တွဲခွင့် ရမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)
ဒီနှစ် ၂၀၂၃ မှာ အခွင့်အလမ်းရော စိန်ခေါ်မှုပါ ဒွန်တွဲလာလိမ့်မယ်။ လုပ်ငန်းစီးပွားကိစ္စ ရုန်းကန်ပြိုင်ဆိုင်မှုတွေ အားကောင်းလာနိုင်တယ်။ နှစ်လယ်ပိုင်းမှာ လုပ်ငန်းအခြေအနေ ကမောက်ကမ ဖြစ်တတ်တယ်။ ဂရုစိုက်ရမယ်။
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁)
နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ခါတိုင်းထက် အဆင်ပြေချောမွေ့နိုင်ပေမယ့် ၇ လပိုင်းနဲ့ ၁၀ လပိုင်းကြားမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတတ်တယ်။ လုပ်ငန်းနဲ့ပတ်သက်လို့ အကြိမ်ကြိမ် ပြန်သုံးသပ်ပြင်ဆင်ရတတ်တယ်။
မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉)
ဒီနှစ်မှာ လုပ်ငန်းနေရာ (သို့) ရာထူးတာဝန် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်။ နှစ်လယ်ပိုင်းမှာ အလုပ်ကံ အတက်အကျ ဖြစ်တတ်ပြီး သတိထား လုပ်ကိုင်ရလိမ့်မယ်။ မရိုးမသားကိစ္စတွေ၊ လှည့်စားမှုတွေ ရှိတတ်တယ်။
ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈)
အရင်နှစ်တွေက ကြိုးစားခဲ့တာတွေက ဒီနှစ်မှာ အကျိုးရလဒ် ပေါ်လာမယ်။ အိုးအိမ်ခြံမြေနဲ့ ယာဉ်ကားကိစ္စတွေ ကံကောင်းတတ်တယ်။ တစ်နှစ်တာ လုပ်ငန်းစီးပွားကံက နှစ်ကုန်ပိုင်းမှာ ပိုပြီးတော့ ထူးခြားကောင်းမွန်လိမ့်မယ်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)
၂၀၂၃ မှာ လုပ်ငန်းစီးပွားကံ သိပ်အပြောင်းအလဲကြီး မရှိနိုင်ပေမယ့် ဘာပဲလုပ်လုပ် နှောင့်နှေးကြန့်ကြာမှုတွေ ပို များမယ်။ တာဝန်တွေ ပိုထမ်းရတတ်တယ်။ ဇူလိုင်-စက်တင်ဘာထဲမှာ အလုပ်တွေ ရှုပ်ထွေးခက်ခဲတတ်တယ်။
နှစ်သစ်မှာ အလုပ်အကိုင်တွေ အဆင်ပြေအောင်မြင်ကြပါစေ – ဧက (ဗေဒင်သုတ)