၂၀၂၃ ခုနှစ်အတွက် ရာသီခွင်အလိုက် အချစ်ရေး၊ အိမ်ထောင်ရေး ကံဇာတာ

၂၀၂၃ ခုနှစ်အတွင်း ရာသီခွင်အလိုက် အချစ်ရေး၊ အိမ်ထောင်ရေး ကံဇာတာ ကောင်းမလား၊ ညံ့မလား ဆိုတာ အောက်ပါအတိုင်း ဟောစာတမ်းနဲ့တကွ  တင်ပြလိုက်ရပါတယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉)

နှစ်အစကနေ နှစ်လယ်လောက်အထိ မေတ္တာရေးကံ ကောင်းမွန်နိုင်တယ်။ ဒါပေမဲ့ ဇူလိုင်နဲ့ စက်တင်ဘာအကြား လူပျိုလူလွတ်ဖြစ်စေ၊ စုံတွဲတွေ၊ အိမ်ထောင်ရှင်တွေ ဖြစ်စေ ပျော်စရာရော စိတ်ရှုပ်စရာတွေပါ ကြုံရတတ်တယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)

နှစ်လယ်လောက်က စပြီး အချစ်ရေး၊ အိမ်ထောင်ရေးမှာ ထူးခြားကောင်းမွန်တာတွေ ဖြစ်လာမယ်။ ပျိုရွယ်သူဆို အိမ်ထောင်ကျကိန်း ပေါ်လာနိုင်တယ်။ ၈ လပိုင်းနဲ့ ၉ လပိုင်းတွေမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ ရှိလာမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀)

နှစ်စကနေ နှစ်လယ်လောက်အထိ အဆက်အသွယ်အသိုင်းအဝန်းတွေကြောင့် မေတ္တာရေးမှာ ကံပေါ်လိမ့်မယ်။ စုံတွဲတွေ၊ အိမ်ထောင်ရှင်တွေကတော့ သီးခြား ဖြစ်နေရင်တောင် အချင်းချင်း အပြန်အလှန် ဖေးမကူညီနိုင်မယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂)

၃ လပိုင်းအကျော်မှာ မေတ္တာရေးနဲ့ ပတ်သက်လို့ အေးချမ်းတည်ငြိမ်မှုတွေကို ဖန်တီးနိုင်မယ်။ အချင်းချင်းကြား နားလည်ဖေးမ စာနာမှုတွေ ရလာမယ်။ ပျိုရွယ်သူတွေအနေနဲ့ နှစ်လယ်နောက်ပိုင်းမှာ ဖူးစာဖက် ပေါ်လိမ့်မယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂)

အရင်နှစ်တွေက မကျေလည်ခဲ့တဲ့ ချစ်မှုရေးရာပြဿနာတွေကို ဒီနှစ်မှာ ကျေကျေနပ်နပ် ဖြေရှင်းနိုင်လာမယ်။ ၂ လပိုင်းနဲ့ ၃ လပိုင်းကြား မေတ္တာရေးကိစ္စတွေ ထူးခြားထင်ရှားတတ်တယ်။ ခံစားချက်တွေ ရှင်သန်နိုးကြားမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂)

အချစ်ရေး၊ အိမ်ထောင်ရေးမှာ တာဝန်ယူမှုတွေ၊ စိတ်ရောလူပါ ခံစားရတာတွေ ပိုများလာနိုင်တယ်။ ချစ်သူ (သို့) အိမ်ထောင်ဖက် ကျန်းမာရေး ညံ့တတ်တယ်။ ကိုယ့်လက်တွဲဖော်အတွက် စိတ်ခံစားချက်တွေ ပြင်းထန်လာမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂)

မေတ္တာရေးနဲ့ ပတ်သက်လို့ အပြောင်းအလဲတွေ၊ လျှို့ဝှက်ရှုပ်ထွေးမှုတွေ များလာနိုင်တယ်။ ပျိုရွယ်သူတွေ ဒီနှစ် စန်းပွင့်တတ်တယ်။ ဒါပေမယ့် နှစ်လယ်နောက်ပိုင်းမှာ နှလုံးသားရေးရာပြဿနာတွေလည်း ပိုများလာနိုင်တယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)

အရင်နှစ်တွေက ခံစားခဲ့ရသမျှ ဒဏ်ရာတွေကို ကုစားနိုင်မယ့်နှစ် ဖြစ်တယ်။ ခဏတာ အပျော်အပါးတွေနောက် လိုက်ပါမိရင် စိတ်ညစ်စရာနဲ့ တိုးမိလိမ့်မယ်။ နှစ်လယ်နောက်ပိုင်းမှာ မေတ္တာရေးကံ တည်ငြိမ်အေးချမ်းမှု ရမယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁)

ဒီနှစ်လယ်လောက်အထိ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပျော်ရွှင်ချမ်းမြေ့စရာတွေ များမယ်။ အဲဒီနောက်ပိုင်းမှာ စိတ်ရောကိုယ်ပါ မတည်ငြိမ်မှု၊ ကြိတ်မှိတ်ခံစားမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ အချစ်နဲ့ ဝေးချင်သလို ခံစားမိမယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉)

မတ်လနောက်ပိုင်းမှာ အထီးကျန်တဲ့ ခံစားမှုတွေ ပျောက်ပြီး လူမှုအသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံမှု များမယ်။ အဆက်အသွယ်ကနေ ရင်ခုန်ဖက်ကို ရှာမိလာနိုင်တယ်။ နှစ်လယ်နောက်ပိုင်းမှာ မေတ္တာရေး ကံကောင်းမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈)

အချစ်ရေးမှာ နောက်တစ်ဆင့် တက်လှမ်းရမယ့်ကံဇာတာ ဖြစ်လာနိုင်တယ်။ မင်္ဂလာ၊ လက်ထပ်ပွဲတွေအထိကို တက်လှမ်းရတတ်တယ်။ ဇူလိုင်-စက်တင်ဘာကာလတွေမှာ မေတ္တာရေးရာ အပြောင်းအလဲတွေ ရှိလာနိုင်တယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)

ဒီနှစ်မှာ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ခံစားချက်တွေ ထူးကဲပြင်းထန်လာနိုင်တယ်။ ကိုယ့်ခံစားမှုနဲ့ မကိုက်ညီရင် သည်းညည်းခံနိုင်မှု နည်းသွားတတ်တယ်။ ပျိုရွယ်သူတွေ နှလုံးသားရေးမှာ ရှုပ်ထွေးလာနိုင်တယ်။

မေတ္တာရေးရာ ကံကောင်းမှုတွေ ရရှိနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)