(၂) ကြွင်းဖွားတွေရဲ့ သဘာဝနဲ့ အားသာချက်၊ အားနည်းချက်များ

မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့ စားလို့ (၂) ကြွင်းရင် ဒီယေဘုယျအဟောတွေကို ဖတ်ရှုနိုင်ပါတယ်။ မဟာဘုတ် (၂) ကြွင်း ဖွားတွေဟာ ဘယ်လောက်ပဲ မြင့်မားတဲ့ ဘဝအခြေအနေမှာ ပေါက်ဖွားခဲ့ရသည် ဖြစ်စေ၊ ဘယ်လောက် မြင့်မားတဲ့ ဘဝကို ရောက်ရှိနေပြီ ဖြစ်ပါစေ အခြေခံလူတန်းစားတွေနဲ့ ပတ်သက် ဆက်နွယ် နေထိုင်လိုတတ်ကြသူတွေလို့ ဆိုနိုင်ပါတယ်။

အများစုဟာ အတိတ်ကံရဲ့အကျိုးပေးကို ယုံကြည်သက်ဝင်တတ်ကြသူတွေဖြစ်ပြီး သဘာဝ မဟုတ်သော နည်းလမ်းများနဲ့ ဘဝကို ဖြတ်သန်းတတ်ကြသူများလည်း ဖြစ်ပါတယ်။ သဘာဝ မဟုတ်သော၊ အစဉ်အလာအတိုင်း မဟုတ်သော နည်းလမ်းများ ဆိုတာကြောင့် စာဖတ်သူများ နားရှုပ်ထွေးကောင်း ရှုပ်ထွေးသွားနိုင်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

ဆိုလိုတာကတော့ ဒီနေရာမှာ ဒီလိုလုပ်ရမယ် ဆိုတဲ့ အစဉ်အလာသဘောတွေကို လွန်ဆန်လိုပြီး ချိုးဖောက် လုပ်ကိုင်ကြည့်လိုစိတ် ရှိတတ်ကြခြင်းကို ဆိုလိုပါတယ်။ မသွားရဘူးဟေ့လို့ တားထားရင် သွားကြည့်ချင်တယ်၊ မလုပ်ရဘူးဟေ့ ဆိုပြီး အမိန့်ပေးထားရင် မသိအောင်ဖြစ်စေ လုပ်ကြည့်ဖို့ စိတ်အားထက်သန်တတ်ကြသူတွေဟာ (၂) ကြွင်းဖွားတွေပါပဲ။

(၂) ကြွင်းဖွားတွေဟာ မသိအောင် လျှို့ဝှက်ပြီး လုပ်ဆောင်တဲ့နေရာမှာတော့ အင်မတန်မှ ထူးချွန် ပြောင်မြောက်ကြသူတွေ ဖြစ်ပါတယ်။ မြောက်များစွာသော သူလျှို ၊ စပိုင် အလုပ်မျိုးဖြင့် အသက်မွေးသူတွေ၊ ရန်သူ့ခံတပ်တွင်းကို ကျုးကျော်ပြီး လျှပ်တစ်ပျက် စီးနင်းတိုက်ခိုက်နိုင်သူတွေ၊ ပြောက်ကျားစစ်သည်တော်တွေ ၊ လုံခြုံရေး စည်းအထပ်ထပ်ကို ဖြတ်ကျော် ထွင်းဖောက် ဝင်ရောက်နိုင်သူတွေ၊ နာမည်ကျော် စောရတွေ၊ သော့ဝိဇ္ဇာတွေ၊ ကမ္ဘာပေါ်မှာ လက်ရှိ ခေတ်စားနေတဲ့ ကျွမ်းကျင် ဟက်ကာတွေ အများစုဟာ (၂) ကြွင်းဖွားတွေပါပဲ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

ဝှက်ထားရင် ပိုတွေ့တတ်တဲ့ ကံနဲ့ ယှဉ်တွဲမွေးဖွားလာသူများမို့ သူတို့ မမြင်အောင် မတွေ့အောင် တစ်ခုခုကို ဝှက်ဖို့ ထိမ်ချန်ဖို့က အင်မတန် မလွယ်ကူတဲ့ ကိစ္စပါပဲ။ အဲဒီ့လိုပါပဲ အတွင်းစည်းထဲကို ချိုးဖောက် ဝင်နိုင်တဲ့ သူတို့ရဲ့ ပင်ကိုယ်သဘာဝကြောင့် ဒီသဘာဝကို အသုံးမပြုတတ်ခဲ့ရင်၊ အကျိုးမဲ့တဲ့ နေရာမျိုးမှာ သုံးခဲ့မိမယ်ဆိုရင် သူတို့ဟာ အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲအောင် ပြုလုပ်တတ်သူတွေ ဖြစ်လာပါတယ်။

ငယ်ရွယ်စဉ် ကလေးဘဝတွေမှာတောင် အချင်းချင်းကြားမှာ ခလောက် ဝင်ဆန်နိုင်သော စွမ်းရည်မျိုး ပိုင်ဆိုင်လာကြပြီး သူတစ်ပါး မသိစေချင်တာတွေကို ရှာရှာဖွေဖွေ သိမြင်နိုင်စွမ်းလည်း ရှိတာကြောင့် သူတစ်ပါးတို့ရဲ့ အတွင်းရေးတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ဖောက်သည်ချ ပေးနိုင်သူတွေဟာ (၂) ကြွင်းဖွားတွေပဲ ဖြစ်လာကြပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

(၂) ကြွင်းဖွားတွေဟာ ဆရာကောင်း သမားကောင်းနဲ့ ဆုံနိုင်ဖို့လည်း ခက်ခဲတတ်ကြပါတယ်။ ဆရာကောင်းနဲ့ ကြုံသည့် တိုင်အောင် ရေရှည်နီးစပ်စွာ မနေနိုင်ကြရတတ်ပါ။ ဒါပေမယ့် အတုအယောင် ဆရာသမားမျိုးတွေနဲ့တော့ အလွယ်တကူ နီးစပ်လွယ်တဲ့ကံ ရှိတတ်ကြပါတယ်။ ဒါကြောင့်လည်း ဘိုးတော်တုတွေ နတ်ကတော်တွေ .. စတဲ့ မအပ်စပ်ရာသော ပုဂ္ဂိုလ်တွေနဲ့လုံးထွေး ပတ်သက်နေတတ်ကြသူတွေ အများစုဟာ (၂) ကြွင်းဖွားတွေပဲ ဖြစ်လာကြပါတယ်။

အခြားသူများကို သိမ်းသွင်းဆွဲဆောင်မှု ပြုတဲ့နေရာမှာ အင်မတန် အစွမ်းထက်မြက်ကြသူများဟာလည်း (၂) ကြွင်းဖွားများပဲ ဖြစ်ပါတယ်။

သံလိုက်မှုန်တွေ ကပ်နေတဲ့ သူတို့ရဲ့ ဆွဲဆောင်မှုနဲ့ ညှို့အားဒဏ်ကို တော်ရုံတန်ရုံလူတွေအဖို့ တောင့်ခံနိုင်စွမ်း မရှိကြပါဘူး။ (၂) ကြွင်းဖွားတွေမှာ မွေးရာပါ မူလစွမ်းရည်တစ်မျိုး ရှိပါတယ်။ အလွန် အင်မတန် ဟန်ဆောင် ကောင်းတတ်ခြင်းနဲ့ မျက်နှာအမူအယာ အပြောင်းအလဲ ကျွမ်းကျင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီမွေးရာပါ စွမ်းရည်ကြောင့်ပဲ အချို့သော (၂) ကြွင်းဖွားတွေဟာ အနုပညာနယ်ပယ်နဲ့ ရုပ်ရှင်ဖလင်လောကမှာ အောင်မြင်မှုတွေ ရရှိလာကြပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

(၂) ကြွင်းဖွား အားလုံးကို သတိပေးလိုတာကတော့ ယာဉ်၊ ရထားများ စီးနင်းခြင်း၊ ရေတွင် ဆော့ကစား ပျော်ပါးခြင်း ပြုရာမှာ သတိထားအပ်ကြောင်းပါပဲ။ မြောက်များစွာသော လမ်းကူး ၊ ရေကစား ၊ အမြင့်တက်ရာမှ အန္တရယ်ဖြစ်ရသူတွေ ဟာ (၂) ကြွင်းဖွား ဇာတာရှင်များပဲ ဖြစ်နေတတ်ကြတာကို ဇာတာပေါင်းများစွာမှာ တွေ့ရှိခဲ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် (၂) ကြွင်းဖွားတွေဟာ အခြေခံမှစပြီး တစ်ဆင့်ခြင်း ဖြည်းဖြည်းမှန်မှန် အောင်မြင်ကံကောင်းခြင်း ရရှိတတ်သော ကံဇာတာပိုင်ရှင်များ ဖြစ်ပါတယ်။ လူမျိုးကွဲများ ၊ဘာသာကွဲများ နဲ့ ဆိုင်သော အကျိုး စီးပွားမျိုး ဖြစ်ထွန်းလွယ်ကူပြီး  နိုင်ငံရပ်ခြား တိုင်းပြည်များနဲ့လည်း ကံအကျိုးပေးမှု ရှိသောသူများလို့ ယေဘုယျအားဖြင့် ဆိုနိုင်ကြသူတွေပဲ ဖြစ်ပါတယ်။

အားလုံးပဲ ချမ်းမြေ့ပျော်ရွှင်ကြပါစေ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09789333791

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)