(၃) ကြွင်းဖွားတွေရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးအကြောင်း

ကိုယ့်ရဲ့ ဒါမှမဟုတ် ချစ်ရသူ/အိမ်ထောင်ဖက်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့စားလု့ (၃) ကြွင်းရင် ဒီအဟောတွေကို ဖတ်ကြည့်ပါ။ ဒီအကြွင်းဖွားတွေဟာ ချစ်မှုရေးရာ နယ်ပယ်မှာ  အထင်ကြီးလေးစားစိတ်ကို အခြေခံတတ်ကြပါတယ်။ ကိုယ်မြတ်နိုးတဲ့သူရဲ့ အထင်ကြီး လေးစားစရာ အချက်တစ်ချက်ချက်ကို မူတည်ပြီး တစ်စိမ့်စိမ့် မြတ်နိုး တွယ်တာတတ်သူတွေလည်း ဖြစ်ပါတယ်။

အမှန်ပြောရရင်တော့ သူတို့ရဲ့ မေတ္တာရေး / ချစ်မှုရေးရာတွေနဲ့ အိမ်ထောင်ရေးကဏ္ဍတွေကို အဓိက ထောက်တည် ထားတဲ့ ဒေါက်တိုင်တွေကလည်း ယုံကြည်မှုနဲ့ လေးစားမြတ်နိုး စိတ်များပဲ ဖြစ်ပါလိမ့်မယ်။ အဆိုပါ ဒေါက်တိုင်များ ယိုင်နဲ့သွားပြီဆိုတာနဲ့ သူတို့ရဲ့ ချစ်မှုရေးရာ အိမ်ထောင်ရေးရာကဏ္ဍတွေဟာလည်း ယိုင်နဲ့ အက်ကြောင်း ထလာတော့တာပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒီအကြွင်းဖွားတွေဟာ မေတ္တာရေး ၊ အိမ်ထောင်ရေး စတာတွေမှာလည်း ပထမ ဖြစ်ရတာကို မြတ်နိုး တန်ဖိုး ထားတတ်ကြသူတွေ ဖြစ်ပါတယ်။ အချစ်ဦး ဖြစ်ခွင့်ရတာ ၊ အဦးဆုံး နမ်းရှိုက်ခွင့်ရတာ စသည်ဖြင့် တန်ဖိုး အလွန် ထားတတ်ကြသူများပဲ ဖြစ်ပါတယ်။ တွယ်တာစရာ တစ်ခုခုကိုတွေ့ပြီ ဆိုတာနဲ့ အခွင့်သာသမျှ ကိုယ့်ရဲ့ မူပိုင်လို သတ်မှတ်ပြီး တန်ဖိုး ထားတတ်ကြသူများလည်း ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၃ ကြွင်း အမျိုးသမီးများအဖို့ ထက်မြက်သော ခင်ပွန်းမျိုး ၊ အောင်မြင်သော အိမ်ထောင်ဖက်မျိုး နဲ့ ဆုံဆည်းကံ ပါလာတယ်လို့ ယေဘုယျအဆင့် ဟောဆိုနိုင်ပါတယ်။ အထူးသဖြင့် ထိုကံတရားဟာ ၃ ကြွင်းဖွားတွေထဲက အင်္ဂါ ၊ ဗုဒ္ဓဟူး နေ့ဖွား အမျိုးသမီး ဇာတာရှင်များအတွက် ပိုမိုသေချာ ခိုင်မာစွာ ရရှိနိုင်ပါလိမ့်မယ်။ အမည်မှည့်ခေါ်ပုံ မှန်ကန်ညီညွတ်မှု ရှိသော ၃ ကြွင်း မိန်းကလေး ဇာတာရှင်များကို မင်းကတော် စိုးကတော် ဖြစ်ထိုက်သော ကံရှိသူများ လို့ ဆိုနိုင်ပါတယ်။

တစ်ကယ်လို့ သင်ကိုယ်တိုင်က ၃ ကြွင်းဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင် ဇွဲသတ္တိ နဲ့ စိတ်ရှည်သည်းခံနိုင်ခြင်းကို အစဉ်ထာဝရ ဆောင်ထားပါ။ အရေးကြီးသော ဆုံးဖြတ်ချက်တိုင်းကို နံနက် နေထွက်ချိန်များမှာ ဆုံးဖြတ်ပါ။ သင့်ချစ်သူက  ၃ ကြွင်းဖွား ဖြစ်ခဲ့မယ် ဆိုရင် ကိုယ့်ကို အထင်မသေးမိအောင် ဂရုစိုက်ပါ။ သူ့ဆီက ကိုယ့်အပေါ် ယုံကြည်မှုကို တိုးသည်ထက် တိုးလာအောင်သာ ကြိုးစားပါ။ အစစ အဆင်ပြေပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သင့် အိမ်ထောင်ဖက် က သုံးခုကြွင်းဖွား  ဖြစ်ခဲ့မယ်ဆိုရင် ……အမျိုးသား အတွက် ၃ ကြွင်းဖွား ဇနီးမယား  ရရှိခဲ့မယ်ဆိုရင် အငယ်အနှောင်း Small ထားဖို့ စိတ်မကူးပါနဲ့။  ကိုယ့်ဇနီးရဲ့ ကောင်းကွက်ကလေးတွေကို ထုတ်ဖော် ပြောဆိုပေးပါ။ သူစကား ပြောလာရင်လည်း ကိုယ်က စိတ်မ၀င်စားတောင် အသိမှတ်လေးတော့ ပြုပေးပါ။ ဖုတ်လေသည့် ငါးပိ ရှိတယ်လို့ မထင်တာမျိုး များများ လုပ်မိရင် အခြေအနေ ဆိုးသွားနိုင်ပါတယ်။ ဘာမှ မဟုတ်တာလေးတွေကို တွက်ကပ် ၊ စိစစ်၊ ပေသီးရိုက်နေတာကြောင့်လည်း စိတ်မပျက်လိုက်ပါနဲ့။ ကိုယ်က ၃ ကြွင်းဖွား ဇနီးမယားလေး ယူထားမိတယ်လေလို့သာ တွေးလိုက်ပါ။

အမျိုးသမီး အတွက်  ၃ ကြွင်းဖွား ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် Small ဘယ်လောက် ထားတဲ့ ယောကျာ်းမျိုး ဖြစ်ပါစေ မိမိကိုတော့ ဘယ်သောအခါမှ မပစ်ပယ်နိုင်ဘူး ဆိုတာ သိထားရပါမယ်။ အမျိုးသားက  ဘာဆိုဘာပဲ ၊ ဒါဆိုဒါပဲသမားမျိုး ဖြစ်တာကြောင့် သူ့အယူအဆတွေကို ကိုယ်က ပြောင်းပေးနိုင်စွမ်း ရှိမှာ မဟုတ်ပါ။ ဒီအချက်ကို ကြိုတင် သဘောပိုက်ထားသင့်ပါတယ်။

ဗေဒင်မေး၊ အမည်ပေးလိုသူများအတွက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789333791

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)