(၅) ကြွင်းဖွားတွေရဲ့အချစ်ရေး၊ အိမ်ထောင်ရေးအကြောင်း

မြန်မာမွေးခုနှစ်ကို (၇) နဲ့ စားလို့ (၅) ကြွင်းရင် ဒီအဟောတွေကို ဖတ်ပါ။ (၅) ကြွင်းဖွားတွေရဲ့ အချစ်ရေးကဏ္ဍမှာတော့ သူတို့တွေဟာ အတည်မဟုတ်သေးဘဲ  အကဲစမ်းပြီး တွဲကြည့်လိုတဲ့ စိတ်သဘာဝမျိုး ရှိကြတယ်လို့ ဆိုနိုင်ပါတယ်။ တနည်းအားဖြင့် အစမ်းခန့် အချစ်နဲ့ ပထမဆုံး စ ပါတယ်။

နောက်တစ်ချက်ကတော့ သူတို့ချစ်တဲ့သူကို သူတို့ သတ်မှတ်ထားတဲ့ စံပေတံနဲ့ တိုင်းထွာ တွက်ချက်ပြီး စကေးကိုက် မကိုက် ညှိကြည့်တတ်ကြပါတယ်။ ပြီးရင် နှစ်ဦးသား ညှိနှိုင်းဆွေးနွေးကြည့်ခြင်း ၊ စိတ်တူကိုယ်တူ ဖြစ်မဖြစ် ချင့်ချိန်ခြင်းတွေ ထပ်ပြီး ပေါင်းထည့်ပါတယ်။ ပြောရရင်တော့ ဂဏန်းပေါင်းစက်ပေါ်က အချစ်မျိုးလို့တောင် ဆိုရမှာပါ။ အချစ်ရေးမှာလည်း အတွက်အချက်တွေနဲ့ တိုးတက်ရေးတွေ ရောထွေးနေတတ်ကြသူတွေပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သူတို့တွေဟာ ခေတ်မီပြီး ရဲတင်းဖျတ်လတ်တာကိုလည်း သဘောခွေ့တတ်ကြပါတယ်။ သူတို့ချစ်တဲ့သူတွေ ကိုလည်း သူတို့က တစ်ခုမဟုတ်တစ်ခု နှိုးဆော်တိုက်တွန်းပေးရတာမျိုးကို သဘောကျတတ်ကြပါတယ်။ အိမ်ထောင်ရေး ကဏ္ဍမှာတော့ ၅ ကြွင်းဖွားတွေဟာ သူတို့ရဲ့ အိမ်ထောင်ဖက်ကို သူတို့နဲ့ စိတ်တူ သဘောတူ ဖြစ်ဖို့ ၊ သူတို့ ဆွဲခေါ်ရာကို အတူတကွ လိုက်ပါလာပြီး တက်တက်ကြွကြွ  လုပ်ဆောင်ဖို့ လိုလားတတ်ကြသူတွေပါ။ သူတို့နဲ့ တစ်သဘောတည်း မဖြစ်ဘဲ အတူတစ်ကွ ဆောင်ရွက်လိုမှု မရှိဘူး ဆိုရင် စိတ်ပျက်လက်ပျက် ဖြစ်တတ်ကြသူတွေပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၅ ကြွင်းဖွား အမျိုးသားအများစုဟာ အတည်မဟုတ်သည့်တိုင်အောင် လက်တည့်စမ်းလိုတဲ့ သဘာဝ များတာကြောင့် အိမ်ထောင် ရှိပါလျက်နဲ့ အီစီကလီလေးတွေ၊ အကဲစမ်း အချစ်သစ်လေးတွေ ကြုံတွေ့ကြရတတ်ပါတယ်။ အမျိုးသမီးများမှာတော့ အနည်းစုမှာ အဆိုပါအခြေအနေမျိုး ရှိတာကို တွေ့ရပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သင်ကိုယ်တိုင် ၅ ကြွင်းဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင် ကြည်လင်သော စိတ်နဲ့ သန့်ရှင်းသော ကိုယ်  ဖြစ်ဖို့ ကြိုးစားပါ။ ဒါဆိုရင် သင့်မှာ စွမ်းအားအပြည့် ရှိနေပါပြီ။ စွမ်းအင်ပြည့်ဝနေသူ သွားသမျှ နေရာတိုင်းဟာ လမ်း ဖြစ်စေပါတယ်။

သင့်ချစ်သူက  ငါးခုကြွင်းဖွား   ဖြစ်ခဲ့မယ်ဆိုရင် အကဲစမ်းတာတွေ၊ စူးစမ်းတာတွေ ခံနိုင်ဖို့ ပြင်ထားပါ။ ဖြစ်နိုင်သမျှ  သဘူတောပါတယ် လို့ ပြန်ဖြေတာ အကောင်းဆုံးပါပဲ။ လိုအပ်ရင် ညှိနှိုင်းတာတွေ ဆွေးနွေးတာတွေ လုပ်မယ့် ချစ်သူမျိုးမို့ ကိုယ့်ဘက်ကလည်း သူဘာပဲ ဆွေးနွေးညှိနှိုင်းလာလာ အဆင်ပြေချောမွေ့အောင် တင်ကြို ပြင်ဆင်ထားသင့်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သင့် အိမ်ထောင်ဖက်က ၅ ကြွင်းဖွား  ဖြစ်ခဲ့မယ်ဆိုရင်  အမျိုးသား အတွက်  ၅ ကြွင်းဖွား ဇနီးမယား  ရရှိခဲ့မယ်ဆိုရင် အပြိုင်အဆိုင်စိတ် ရှိတဲ့ ဇနီးသည်ကို သူများနည်းတူ တန်းတူ ထားနိုင်အောင် ကြိုးစားပါ။ ကိုယ်က အခွင့်အရေး တစ်ခု ယူရင် သူ့ကိုလည်း အခွင့်အရေး တစ်ခု ပေးဖို့ မမေ့ပါနဲ့။ ကြေးညှိရန်ကောလို့လည်း အပြစ်မမြင်လိုက်ပါနဲ့ ၊ ၅ ကြွင်းဖွား ဇနီးမယားဆိုတာ တစ်ခြားမိန်းကလေးတွေထက် အညီအမျှ ဖြစ်မှ ပိုကြိုက်တတ်တာကြောင့်ပါ။ ကိုယ့်ဆရာတို့ရေ မဟုတ်တာ တစ်ခုခုများ လုပ်ထားမိရင်တော့ သေချာပိပိရိရိ ဖုံးဗျားးးးး ။  အစုံအစမ်း အမေးအမြန်း တော်တဲ့ ဇနီးမျိုး ယူထားမိတယ် ဆိုတာကို သတိရပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အမျိုးသမီးအတွက်  ၅ ကြွင်းဖွား ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် တစ်ခါတစ်လေ အတ္တကြီးပြီး ထင်ရာလုပ်တတ်တဲ့ လင်ယောကျာ်းကို စိတ်မကုန်လိုက်ပါနဲ့။ ဟိုဆွ သည်ဆွ သူဆွသမျှကိုလည်း သည်းခံနိုင်အောင် ကြိုးစားပါ။  ကိုယ့်စိတ်ကို မကြာခဏ အကဲစမ်းမှာ ကိုလည်း သဘောပေါက်ထားသင့်ပါတယ်။ သိပ်ပြီး ရိုးရိုးတုံးတုံး မနေပါနဲ့။ ခေတ်နဲ့အညီ ဝတ်စားဆင်ယင်ပြီး လင်တော်မောင်ကို အငြီးပြေအောင် ထားတတ်ပါမှ ဗျာတို့။

တစ်ခါလာလည်း ဒါ…တစ်ခါလာလည်း ဒါ….ဆိုတာမျိုးတွေကို စိတ်ကုန်တတ်တဲ့ လင်ယောကျာ်းကို ယူထားမိပြီမို့ တစ်ခါလာလည်း ..ဒါ မဖြစ်ရအောင် တစ်ခါတစ်လေ ဆန်းဆန်းလေးတွေ ဖန်တီးပေးပါ။ ဥပမာ ..ခေါင်းအုံးစွပ်က အစပေါ့ …တစ်ပတ်တစ်ခါ အရောင်ပြောင်း ပေးတာတို့ ၊ ခန်းဆီးလိုက်ကာ ပြောင်းပေးတာတို့ လုပ်ပေးသင့်ပါတယ်။

ဗေဒင်မေး၊ အမည်ပေးလိုသူများအတွက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789333791

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)