ဗြိစ္ဆာရာသီကာလမှာ ကံအကောင်းဆုံး ဖြစ်လာမယ့် ရာသီဖွား (၃) ခု

အနောက်တိုင်းနက္ခတ်စနစ်အရ အောက်တိုဘာ ၂၆ ကနေ နိုဝင်ဘာ ၂၁ အထိကို ဗြိစ္ဆာရာသီခွင်က လွှမ်းမိုးထားပါတယ်။ ဒီကာလမှာ ရပ်တည်တဲ့ ကောဇာဂြိုဟ် အနေအထားတွေအရ ရာသီခွင်ဖွား အားလုံးဟာ ကံကောင်း၊ ကံဆိုးတွေကို အမျိုးမျိုး ကြုံရတတ်ပါတယ်။ ၁၂ ရာသီခွင် ရှိတဲ့အထဲမှာ အောက်ပါ ရာသီဖွား (၃) မျိုးကတော့ (အောက်တိုဘာ ၂၆ – နိုဝင်ဘာ ၂၁) အထိ အကျူံးဝင်တဲ့ ဗြိစ္ဆာရာသီခွင်ကာလကို အကောင်းဆုံး ဖြတ်သန်းနိုင်မှာပါ။

၁။ ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ)

ဒီကာလမှာ ကရကဋ်ရာသီဖွားတွေဟာ ကြုံနေသမျှ အကျပ်အတည်းတွေကနေ ဖောက်ထွက်ပြီးတော့ ပျော်ရွှင်ကြည်နူးစရာတွေကို ကြုံရတော့မှာပါ။ ကိုယ့်ကိုကိုယ် ပြန်ရှာတွေ့သလို ဖြစ်နေသမျှ ပြဿနာနဲ့ အခက်အခဲတွေကနေ လွန်မြောက်ပြီး စိတ်သစ်လူသစ်နဲ့ ပြန်စနိုင်ပါလိမ့်မယ်။ ဘဝ ရည်မှန်းချက်တွေနဲ့ ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာတွေကို ရဲရဲဝံ့ဝံ့ ကြိုးစား လုပ်ကိုင်ကြည့်ပါ။ အောင်မြင်ဖို့ ရှိနေပါတယ်။ အချစ်ရေး နှလုံးသားရေးမှာ သာယာချမ်းမြေ့ပြီး ပျော်ပွဲရွှင်ပွဲတွေလည်း ပါဝင်ဆင်နွှဲနိုင်ပါတော့မယ်။

၂။ ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)

ကိုယ့်ရာသီခွင် တနည်းအားဖြင့် ကိုယ့်မွေးလ၊ မွေးနေ့ကို ဖြတ်သန်းရမယ့် ကင်းမြီးကောက်ရာသီဖွားမို့ ကံကောင်းသူစာရင်းထဲ ပါဝင်နေပါတယ်။ ကိုယ့်အရည်အချင်း၊ ကိုယ့်စွမ်းအားတွေကို ထုတ်ဖော်သုံးစွဲ ပြသနိုင်မယ့် ကာလ ဖြစ်လို့ အကောင်းဆုံး ကြိုးစားစေချင်ပါတယ်။ ကိုယ့်လုပ်ရပ် အပြုအမူတိုင်းက ကိုယ်တင်မကဘဲ သူများတွေကိုပါ ရိုက်ခတ်မှာမို့ ဘာလုပ်လုပ် သတိနဲ့ ကြိုတင် ချင့်ချိန်သင့်ပါတယ်။

၃။ မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ)

ကံကောင်းမှုတွေ ပြည့်နှက်နေမယ့် ကာလ ဖြစ်လို့ ကိုယ်လုပ်သမျှတွေလည်း အရာထင် အောင်မြင်ဖို့ ရှိနေပါတယ်။ အထူးသဖြင့် အဆင့်မြင့် ပညာရေးဘက် လိုက်နေသူတွေ၊ ခရီးဝေးသွားဖို့ စီစဉ်သူတွေ၊ ဆရာသမားကောင်း ရှာနေသူတွေ လိုရာဆန္ဒ ပြည့်ဝပါလိမ့်မယ်။ ဘဝ ရည်မှန်းချက်အတွက်လည်း သေချာ အထိုင်ချ စဉ်းစား စီစဉ် ရေးဆွဲဖို့ အချိန်အခါကောင်းကို ရောက်နေတယ်လို့ ဆိုရပါမယ်။

အောက်တိုဘာ ၂၃ ကနေ နိုဝင်ဘာ ၂၁ အထိ ဖြတ်သန်းမယ့် ဗြိစ္ဆာရာသီခွင်ကာလမှာ အထက်ပါ ရာသီဖွား (၃) မျိုးက အကောင်းဆုံး အခြေအနေ ဖြစ်နေပြီး ပြိဿ၊ သိဟ်၊ ကုမ် ရာသီဖွားတွေကတော့ ကံဇာတာ အနိမ့်ပိုင်းကို ရောက်လာမယ်လို့ တွက်ချက် တွေ့ရှိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဖြတ်သန်းသမျှ ကာလတိုင်းမှာ အကောင်းဆုံး ကြိုးစားအားထုတ် အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။

ဧက – ဗေဒင် သုတ

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)