နှစ်သစ်အကြို ဟောကိန်းအကျဉ်း

မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်ကို များမကြာမီ ပြောင်းလဲ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဆိုတော့ကနဦး အစပျိုး ပါတော့မယ်။ မြန်မာနှစ်သစ် ၁၃၈၁ ခုနှစ်ထဲမှာ အခြေခံအဆင့်အားဖြင့် အောက်ပါနေ့သားသမီးတွေ ကံအားသာချိန်လို့ ဆိုနိုင်ပါတယ်။

ကံအားသာချိန်လို့ ဆိုနိုင်ပါတယ်။

အောက်ပါနေ့နံသားသမီးတွေကတော့ ကံအားနည်းချိန်လို့ အကြမ်းဖျဉ်း ဆိုရပါလိမ့်မယ်။

တစ်ခုသိထားဖို့က ဒီအဆင့်သည် လုံးဝ အကြမ်းထည်အဆင့်သာ ဖြစ်သလို သတိမမူဘဲ ပစ်ထားလို့လည်း မဖြစ်သည့် အဆင့်ဖြစ်ပါတယ်။

လာမယ့် အသေးစိတ်ဟောကိန်းတွေမှာတော့ ရောက်ဆဲအသက်ပိုင်းတွေ ၊ ဂြိုဟ်အိပ်တွေ ၊ မူလဇာတာနဲ့ မှည့်ခေါ်ထားသော အမည်တွေအရ ကံဇာတာတွေသည် တစ်ဦးနှင့် တစ်ဦး မတူညီဘဲ ကွဲပြားကြမှာဖြစ်ပြီး…..

အများစုကံကောင်းနိုင်သည့် နှစ်မျိုး ဖြစ်နေစေဦး…ကံဆိုးနေတတ်သလို အများစု ကံဆိုးနိုင်သည့် နှစ်မျိုး ဖြစ်နေစေကာမူ…မိမိက ကံကောင်းချင်လည်း ကွဲပြားစွာ ကံကောင်းနိုင်သေးကြေင်း သိရှိထားကြစေလိုပါတယ်။

အတာသင်္ကြန်ပွဲတော် ကျင်းပပြီး နောက်ရက်တွေမှာတော့ မနှစ်ကအစဉ်အလာအတိုင်း နေ့နံတစ်ခုချင်းအလိုက် ဟောကိန်းတွေနဲ့ ရင်သွေးငယ်တွေ အတွက် ဗေဒင်စာစုတွေကို ဆက်လက် တင်ပြပေးသွားပါမယ်။

လေးစားစွာဖြင့်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)