နှလုံးသားရေးရာ ကံကောင်းမည့် လက္ခဏာ

ချစ်ခြင်းမေတ္တာနှင့်ပက်သတ်ပြီး လူတစ်ဦးတစ်ယောက်ရဲ့ နှလုံးလမ်းကြောင်း အနေအထားကို ယေဘုယျအနေဖြင့် သုံးသပ်ဟောဆိုရပါတယ်။

မိမိရဲ့လက်ဝါးပြင်မှာ နှလုံးလမ်းကြောင်းဟာ ကြာသပတေးဂြိုလ်ခုံအထိ သွားထားပြီး ပုံမှာပြထားတဲ့အတိုင်း ခက်ရင်းခွပုံသဏ္ဍာန်အဖြစ် တည်ရှိနေခဲ့မယ်ဆိုရင် အဆိုပါလက္ခဏာရှင်ဟာ…

၁။ အချစ်ရေး မေတ္တာရေးနဲ့ပက်သက်ပြီး ထူးထူးခြားခြားကံကောင်းခြင်းရှိမယ်…
၂။ အိမ်ထောင်ရေးရာမှာလည်း ပျော်ရွှင်ချမ်းမြေ့မှုတွေနဲ့ပြည့်စုံမယ်…
၃။ ချစ်မှုရေးရာ အိမ်ထောင်ရေးရာတွေမှာ အခက်အခဲ ဘယ်လိုကြုံနေပါစေ စိတ်ပျော်ရွှင်ချမ်းမြေ့အောင် နေထိုင်တတ်သူအဖြစ်…လက္ခဏာပညာအရ ရည်ညွန်းပါတယ်…..

သာယာချမ်းမြေ့မှုအပေါင်းမှုအပေါင်းနှင့်ပြည့်စုံပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)