မွေးရက်ဂဏန်းအလိုက် ကိုယ့်မှာ ဘယ်လို အနာရောဂါတွေ ဖြစ်တတ်တယ် ဆိုတာကို ကြိုသိရင် ဆင်ခြင်၊ ပြင်ဆင်နိုင်မှာ ဖြစ်လို့ (၁) အစ (၉) အဆုံး ဂဏန်း အားလုံးအတွက် ဖြစ်တတ်တဲ့ ရောဂါနဲ့ ဝေဒနာတွေက ဘာတွေလဲဆိုတာ ဗေဒင်သုတအဖြစ် တင်ပြလိုက်ပါတယ်။
ဂဏန်းဗေဒင်
၂၀၂၄ ခုနှစ်အတွက် ဂဏန်းဗေဒင် သုံးသပ်ချက်
၂၀၂၄ ခုနှစ်ကို တစ်ခုချင်း ပေါင်းကြည့်ရင် (၂+ဝ+၂+၄ = ၈) ဂဏန်း ရပါတယ်။ ဂဏန်းဗေဒင်အရ (၈) ဂဏန်းကို စနေဂြိုဟ် စိုးမိုးပါတယ်။ စနေ ဆိုတာနဲ့ တန်းကြောက်ပါနဲ့၊ ဆက်ဖတ်ကြည့်ပါ။
၂၀၂၄ ခုနှစ် သင်္ချာဗေဒဟောကိန်း
၂၀၂၄ ခုနှစ်မှာ သင်္ချာဗေဒ(ခေါ်)ဂဏန်းဗေဒင်ပညာအရ မိမိမွေးရက်အလိုက် ကံဇာတာအကောင်းအဆိုးကိုသိစေဖို့ ဖော်ပြပေးပါမည်။ ၂၀၂၄ နှစ်ခုနှစ်သည် ဂဏန်းဗေဒင်ပညာအရ ပေါင်းခြင်း ၈-ရသောနှစ်ဖြစ်သည်။ ၈ ဂဏန်းသည် ဂဏန်းဗေဒင်ပညာအရ စနေဂြိုဟ်လွှမ်းမိုးသောနှစ်ဖြစ်သည်။ မွေးရက်ဂဏန်းအရ နှစ်သစ်ကံဇာတာမှာ –
ငွေဝင်ကာလတွက်ချက်နည်း
တစ်နှစ်တာအတွင်း ဘယ်ကာလမှာ လုပ်ငန်းငွေကြေး ကံကောင်းမလဲ၊ ဘယ်ကာလမှာ ငွေဝင် ကောင်းမလဲ၊ စသည့်ဖြင့် ငွေဝင်ကာလကို ကိုယ်တိုင်တွက်စစ်နိုင်မည့် အနောက်တိုင်းသင်္ချာဗေဒ နည်းတစ်ခုကို ဖော်ပြပေးပါမည်။
၂၀၂၃ ခုနှစ် မွေးရက်အလိုက် နှလုံးသားရေးရာ သင်္ချာဗေဒဟောကိန်း
ယခုနှစ်အတွင်း အချစ်ရေး ကံကောင်းမှာလား၊ မေတ္တာရေးကံ အခြေအနေ ဘယ်လိုရှိမလဲ စသည်ဖြင့် သိချင်သူများအတွက် သင်္ချာဗေဒ (ဝါ) ဂဏန်းဗေဒင်ပညာရပ်ဖြင့် တွက်ချက်ဖော်ပြပေးလိုက်ပါသည်။ (၁) ဂဏန်းသမားများ( ၁၊ ၁၀၊ ၁၉၊ ၂၈) ရက် မွေးသူများ ယခုနှစ်ဟာ သက်ဆိုင်သူနှင့် ပက်သက်၍ အချိန်ပေးဖို့ လိုအပ်သောနှစ် ဖြစ်သည်။ အလုပ်နှင့် အချစ်ရေးကြားတွင် ဟန်ချက်ညီအောင် မထိန်းညှိနိုင်မှုကြောင့် မလိုလားအပ်သော စိတ်အနှောင့်အယှက်များ ဖြစ်ပေါ်ရတတ်သည်။ နားလည်မှုလွဲမှားခြင်းကြောင့် ရုတ်တရက် ဆုံးဖြတ်ချက်ချ မှားတတ်ခြင်းကို သတိပြုပါ။ အိမ်ထောင်ပြုလိုသူများ အခက်အခဲအချို့ ရင်ဆိုင်ရတတ်သော်လည်း နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် အဆင်ပြေသွားမည်။ မိဘအသိုင်းအဝိုင်း၏ ကူညီမှုရမည်။ (၂) ဂဏန်းသမားများ ( ၂၊ ၁၁၊ ၂၀၊ ၂၉) ရက် မွေးသူများ […]
ချစ်သူတိုင်းအတွက် ဂဏန်းဗေဒင်
မွေးရက်အလိုက် သူ့ရဲ့ စရိုက်သဘာဝလေးတွေနဲ့ သူ ကြိုက်တတ်တဲ့ လက်ဆောင်တွေက ဘယ်လိုဘယ်အရာ ဘာအမျိုးအစားတွေ ဖြစ်မလဲဆိုတာ ဂဏန်းဗေဒင်နဲ့ အဖြေရှာကြည့်ရအောင်…
ကံစမ်းဉာဏ်စမ်း ဂဏန်းဗေဒင်
အရင်ဆုံးမှာချင်တာက အခုဖော်ပြမယ့်ဂဏန်းဗေဒင်ဟာ တရားမဝင်လောင်းကစားတွေကို အားပေးအားမြှောက် လုပ်တာမျိုး မဟုတ်ဘဲ တရားဝင်ထီထိုးရာမှာ ဖြစ်စေ၊ ကံစမ်းဉာဏ်စမ်းလေးတွေ လုပ်ရာမှာ ဖြစ်စေ လက်တွေ့ ပေါင်းစပ်ပြီး အသုံးပြုနိုင်အောင် လမ်းညွှန်ပေးခြင်းသာ ဖြစ်ကြောင်း ပြောလိုပါတယ်။ ဂဏန်းဗေဒင်ပညာအရ မိမိ မွေးဖွားတဲ့ရက်ဟာ စိတ်နေစိတ်ထား၊ စရိုက်သဘာဝကိုသာမက ကံစမ်းရာမှာလည်း သက်ရောက်မှု ရှိနေတာ ဖြစ်လို့ ဂဏန်းဗေဒင်ကို အသုံးပြုပြီး ဘယ်လို ကံစမ်းကြည့်နိုင်မလဲဆိုတာ ဗေဒင်သုတ အဖြစ် ဖော်ပြလိုက်ရပါတယ်။ ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက်မှာ မွေးဖွားသူများ မွေးရာပါစိတ်စွမ်းအားတွေ ပါလာကြပြီး စီးပွားရေးဆန်ဆန်လည်း တွက်တတ်လို့ ကံစမ်းတာတွေမှာ ပွပေါက်တိုး ကံကောင်းတတ်ပါတယ်။ ဒါပေမယ့် အရှုံးကို လက်သင့်မခံဘဲ ရှုံးမဲမဲတတ်တာကိုတော့ သတိထားသင့်ပါတယ်။ (ဗေဒင်သုတ၏ […]
၂၀၂၃ ခုနှစ်အတွက် မွေးရက်အလိုက် ဂဏန်းဗေဒင်
၂၀၂၃ ခုနှစ်ဟာ ဂဏန်းဗေဒင်အရ ကိတ်ဂြိုဟ် (တနည်းအားဖြင့်) နက်ပကျွန်းဂြိုဟ် လွှမ်းမိုးတဲ့နှစ် ဖြစ်ပါတယ်။ နှစ်သစ် ၂၀၂၃ ခုနှစ်မှာ မိမိရဲ့ အင်္ဂလိပ်လို မွေးရက်ဂဏန်းအလိုက် ဘာတွေ ဘယ်လို ဖြစ်ပျက်လာနိုင်သလဲ ဆိုတဲ့ တစ်နှစ်စာ ကံကြမ္မာဟောကိန်းကို တင်ပြလိုက်ပါတယ်။
၂၀၂၄ ခုနှစ်အတွက် ဂဏန်းဗေဒင် လမ်းညွှန်ချက်
ဂဏန်းဗေဒင်အရ ၂၀၂၄ ခုနှစ်ဟာ (ပေါင်းခြင်း ၈ ဂဏန်း) စိုးမိုးတဲ့နှစ် ဖြစ်ပါတယ်။ တစ်ဦးချင်းကံဇာတာအရ ဆိုရင် မိမိရဲ့ မွေးရက်၊ မွေးလနဲ့ ဒီနှစ်ရဲ့ပေါင်းခြင်းဂဏန်း (၈) နဲ့ တစ်လုံးတည်းရအောင် ပေါင်းပြီး ရလာတဲ့ ဂဏန်းကို ဟောကိန်း ထုတ်ယူပါတယ်။
၂၀၂၄ ခုနှစ်အတွက် သင်္ချာဗေဒ တစ်နှစ်စာ ဟောစာတမ်း
၂၀၂၄ ခုနှစ်အတွက် ကိုယ့်ဇာတာဘယ်လိုအနေထားရှိမလဲ နှစ်သစ်မှာ ဘယ်လိုဖြတ်သန်းရမလဲ စသဖြင့် သိရှိလိုသူများအတွက် ကိုယ်တိုင် တွက်ချက်ဟောပြောနိုင်သော အနောက်တိုင်း သင်္ချာဗေဒ (ဝါ) ဂဏန်းဗေဒင်ဟောကိန်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းစနစ်မှာတော့ မိမိရဲ့ မွေးရက်၊ မွေးလကို သိရှိဖို့လိုပါတယ်။ မိမိရဲ့မွေးလ၊ မွေးရက်ကို နှစ်သစ် ၂၀၂၄ ခုနှစ်နဲ့ ပေါင်းရပါမယ်။ ပေါင်းလို့ရတဲ့ ဂဏန်းကို နောက်ဆုံး ဂဏန်းတစ်လုံးတည်း ရသည်အထိ ဆက်ပေါင်းပြီး ကိုယ့်ရဲ့နှစ်သစ် ကံဇာတာဟောကိန်းကို ဖတ်ရှုနိုင်ပါတယ်။ ဥပမာ… ကိုယ့်မွေးသက္ကရာဇ်ဟာ ၄.၅.၁၉၈၈ ဖြစ်တယ်ဆိုပါစို့။ ၁၉၈၈ ကို ဖယ်ပြီး ကိုယ့်မွေးရက် မွေးလ ဖြစ်တဲ့ ၄+၅ ကို ပေါင်းလိုက်ရင် ၉ ရပါတယ်။ အဲဒီ ၉ ဂဏန်းကို ၂၀၂၄ နဲ့ ဆက် […]