၂၀၁၈ အနှစ်ချုပ် ဗေဒင်

၂၀၁၈ အနှစ်ချုပ် ဗေဒင်

၂၀၁၈ ကို ရောက်ဖို့ တစ်လကျော်ပဲ လိုတော့တဲ့ အချိန်မှာ နှစ်သစ်အကူးမှာ ကံဇာတာတွေ ထူးလာမလား၊ ဒီထက် အခြေအနေ ဆိုးမလား၊ ဘာတွေ ကြုံရမလဲ ဆိုတာ သိချင်တဲ့ ဗေဒင်ဝါသနာရှင် ပရိတ်သတ်တွေ အတော်များများ ရှိနေမှာပါ။ ၂၀၁၈ နဲ့ ပတ်သက်တဲ့ ဟောကိန်းမျိုးစုံ စာအုပ်တွေကလည်း ဟိုးအရင်လတွေတည်းက ကြိုတင် ထုတ်နှင့်ပြီး ဈေးကွက်ထဲမှာလည်း အသီးသီး ရောင်းချနေပါပြီ။ ဒါပေမယ့် စီးပွားရေး၊ ငွေကြေး၊ အချစ်ရေး တစ်ခုချင်းစီ အသေးစိတ်ကို မသိချင်ဘဲ အကြမ်းဖျဉ်းအနေနဲ့ နှစ်သစ်မှာ ကံကောင်းမလား၊ မကောင်းဘူး ဆိုတာကိုပဲ သိချင်သူများအတွက် ၂၀၁၈ အနှစ်ချုပ်ဗေဒင် ဟောကိန်းလေးကို တင်ပြချင်ပါတယ်။ ဒီဟောကိန်းကတော့ ရှင်းပါတယ်။ ၂၀၁၈ မှာ ဘယ်ရာသီဖွားတွေက ကံအကောင်းဆုံး ဖြစ်လာပြီး… Read More »

အယူတော်မင်္ဂလာ ပြန်လာပြီ

အယူတော်မင်္ဂလာ ပြန်လာပြီ

ဆရာမင်းသိင်္ခ မကွယ်လွန်ခင် ၂၀၀၈ မတိုင်မီက လူပေါင်းရာနဲ့ချီ ကြိတ်ကြိတ်တိုး စည်ကားခဲ့တဲ့ မှော်ဘီက အယူတော်မင်္ဂလာခြံကြီးဟာ ကွယ်လွန်ပြီး ၂၀၀၉ နောက်ပိုင်းက စလို့ လူသူ အရောက်အပေါက် နည်းပါးပြီး ခြုံနွယ်ပိတ်ပေါင်းတွေချည်း ဖြစ်လာလို့ တံခါးတောင် ပိတ်ထားခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဘရဲ့ အမျိုးသမီး ဖြစ်ခဲ့သူ ဒေါ်ကျင်ဖုံက ဒီခြံကြီးကို ပြန်လည် ပြုပြင်မွမ်းမံဖို့အတွက် တပည့် တစ်ဦး ဖြစ်တဲ့ ဆရာအုန်းချစ်မြိုင်ကို ၂၀၁၅ မှာ အာဏာကုန် လွှဲအပ်ပြီး လုပ်ကိုင်စေခဲ့ပါတယ်။ ဒေါ်ကျင်ဖုံအနေနဲ့ ဒီခြံကို အရင်အတိုင်း ပြန်လည်ပတ်စေချင်ပြီး မင်းသိင်္ခ မတော့ရှိလို့ မရမ်းတလင်းခြံ နာမည်ကျသွားတာမျိုးကို မလိုလားတဲ့အတွက် သူ့ကို ခေါင်းခံ လုပ်ကိုင်စေခဲ့တယ်လို့ ဆရာအုန်းချစ်မြိုင်က ပြောပါတယ်။ သူမတိုင်ခင်က ဆရာမင်းသိင်္ခရဲ့ စီနီယာတပည့်တွေက… Read More »

ရွေးကောက်ပွဲအလွန် မြန်မာ့အနာဂတ်နှင့် မြန်မာဗေဒင်ပညာရှင်များ အမြင်

ရွေးကောက်ပွဲအလွန် မြန်မာ့အနာဂတ်နှင့် မြန်မာဗေဒင်ပညာရှင်များ အမြင်

စုစည်း ရရှိသမျှ မြန်မာ့အနာဂတ် ဟောကိန်းတိုင်းတွေက အားတက်စရာလည်း ရှိသလို ၊ စိတ်ပျက်စရာတွေလည်း မနည်းဘဲ သတိထားရမှာတွေလည်း ရှိနေပါတယ်။ ဦးနေဝင်းနဲ့ ဦးသန်းရွှေတို့ ခေတ်အလွန် မြန်မာ့နိုင်ငံရေးသမိုင်းမှာ အလွတ်လပ်ဆုံးနဲ့ တရားအမျှတဆုံး လို့ အားလုံးက မျှော်လင့်တွက်ဆထားတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေလည်း ကျင်းပဖို့ အချိန် နီးကပ်လာပါပြီ။ သတင်းမီဒီယာတွေကို ကြည့်လိုက်တာနဲ့ NLD ခွပ်ဒေါင်းအလံတွေ ပြည်လုံးအနှံ့ ရဲရဲတောက်လို့၊ မေမေနိုင်မှ ဖြစ်မယ် သီချင်းက လွှင့်ပျံလို့။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတစ်လွှား မိုင်ထောင်ချီ မဲဆွယ်ခရီးစဉ်တိုင်းကလည်း NLD ပါတီအတွက် ရွေးကောက်ပွဲ ရလဒ်အကြို အောင်ပွဲ ခံနေသလား ထင်ရလောက်အောင် မြေကြီးလက်ခတ်မလွဲ အဖြေတစ်ခုကို ထုတ်ပြနေသလိုပါ။ဒါပေမယ့်ပေါ့။ တစ်ခုခုဆို ကောင်းတာ ဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် စွတ်ရွတ်… Read More »

စနေ လကြတ် သွေးရောင်ထွက်

စနေ လကြတ် သွေးရောင်ထွက်

ကျွန်တော့်အနေနဲ့ကတော့ လကြတ်တာကို မျက်မြင်ဒိဌ မြင်တွေ့ရတဲ့ နိုင်ငံတွေမှာ အနည်းနဲ့အများ အကျိုးသက်ရောက်မှု ရှိမယ် ဆိုတဲ့ ရှေဟောင်းနက္ခတ်ဗေဒင် ယူဆချက်ကိုပဲ ပြန်တွေးမိပါတယ်။ စနေ၊ လကြတ်၊ သွေးရောင်ထွက်လို့ လိုတိုရှင်း ခေါင်းစဉ် ပေးလိုက်ရတာက ဒီနေ့ စနေနေ့ ညနေမှာ မြင်တွေ့ရမယ့် အနီရောင်လွှမ်းတဲ့ လကြတ်မှုဖြစ်စဉ်ကို အကျဉ်းချုပ် တပ်လိုက်တာပါ။ မကြာသေးခင်က နေကြတ်အပြီး တစ်လအတွင်းမှာ လကြတ်တာက နက္ခတ္တဗေဒအရ မထူးဆန်းပေမယ့် ဒီနေ့ည လကြတ်မှုဖြစ်စဉ်ကတော့ နည်းနည်း ဆန်းတယ်လို့ ပြောရမှာပါ။ ဘာ့ကြောင့် ထူးခြားသလဲ ဆိုတဲ့ အဓိက အကြောင်းသုံးရပ် ရှိပါတယ်။နံပါတ်တစ် ထူးခြားချက်ကို နှစ်ပေါင်းနှစ်ထောင်ကျော်အတွင်း လကို အနီရောင် ဆန်ဆန် မြင်တွေ့ရမှာ ဖြစ်တယ်။ နံပါတ်နှစ်က လအပြည့်အဝ ကြတ်ချိန် (အမှောင်ဖုံးသွားချိန်) ဟာ… Read More »

ဘီလျံနာ၊ မီလျံနာတွေရဲ့ ဇာတာ

ဘီလျံနာ၊ မီလျံနာတွေရဲ့ ဇာတာ

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး သူဌေးကြီးတွေဟာ ဘယ်လိုဇာတာရှင်တွေလဲ။ သူတို့ ဇာတာမှာ ဘယ်ဂြိုဟ်၊ နက္ခတ်တွေက ဘယ်လို ရပ်တည်နေသလဲ။ သူတို့ ဇာတာလို အနေအထားတွေက ခင်ဗျားတို့ ကျွန်တော်တို့ဆီမှာရော ပါနေမလား။ သိပ်ရှည်ရှည်ဝေးဝေး မစဉ်းစားပါနဲ့။ ခက်ခက်ခဲဲခဲ မတွေးလိုက်ပါနဲ့။ ခင်ဗျားဟာ သြဂုတ်လ ၂၃ ရက်ကနေ စက်တင်ဘာ ၂၂ ကြားမှာ မွေးတဲ့ ကန်ရာသီဖွားသာ ဖြစ်မယ် ဆိုရင် ခင်ဗျားမှာ ဘီလျံနာ သူဌေးကြီး ဖြစ်ဖို့ Chance ပိုများပြီလို့ ယုံကြည်လိုက်ပါ။ ဟုတ်ပါ့မလားလို့ သံသယ မဖြစ်ပါနဲ့။ ကမ္ဘာကျော် ဘီလျံနာကြီးတွေ အကြောင်း၊ သူတို့ ဘယ်ရွေ့ဘယ်မျှ ချမ်းသာကြောင်း အမြဲ သုတေသန လုပ်နေတဲ့ Forbes မဂ္ဂဇင်းရဲ့ စစ်တမ်းလေ့လာချက်တစ်ခုမှာ အတိအကျ ဖော်ပြထားတာ… Read More »

ရင်ခုန် လှုပ်ရှား ၂ဝ၁၅

ရင်ခုန် လှုပ်ရှား ၂ဝ၁၅

ဆရာစံဇာဏီဘိုက မြန်မာနိုင်ငံအတွက် ၂ဝ၁၅ ခုနှစ်မှာ ကံအဆိုးအညံ့ ကြုံနိုင်တဲ့ ကာလသုံးခုရှိပြီး ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၁၉ ရက်အတွင်း၊ ဧပြီ ၂၁ ရက်မှ မေ ၂ဝ ရက်အတွင်း၊ အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၂ဝ ရက် အတွင်း ဖြစ်တယ်လို့ ဟောကိန်းထုတ်ပါတယ်။ ဘူဒိုဇာမင်းတြားကြီး၊ မိဘပြည်သူများ “ခံ” ဗျာ ..၊ တရုတ်ကြောက် အောင်မင်း၊ ပါးရိုက်အုန်းမြင့်၊ တနပ်စားမြင့်လှိုင် အစရှိတဲ့ ဝေဖန်သရော်သံတွေ ဝေစီခဲ့တဲ့ ဦးသိန်းစိန် အရပ်သားအစိုးရရဲ့ ငါးနှစ်သက်တမ်း ကတော့ ပြီးဆုံးခါနီးပါပြီ။ မကြာခင် ဖြတ်သန်းရတော့မယ့် ၂ဝ၁၅ မှာ လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ ဆယ့်နှစ်ပွင့်ဆိုင် .. စတဲ့ အပွင့်… Read More »

၂ဝ၁၃ လည်ပြန်၊ ၂ဝ၁၄ ဟောကိန်း

၂ဝ၁၃ လည်ပြန်၊ ၂ဝ၁၄ ဟောကိန်း

ဒီနှစ် ၂ဝ၁၄ မှာ ဆရာ့ဆရာတွေရဲ့ ဟောကိန်းတွေကို လေ့လာကြည့်တော့ နှစ်လယ်ပိုင်း ဇွန်၊ ဇူလိုင်လတွေအထိကြားမှာ မကောင်းသေးဘဲ အခက်အခဲ အမျိုးမျိုး ရှိနေဦးမယ့် သဘောကို တွေ့ရပါတယ်။ ဖေဖော်ဝါရီမှာ အကျပ်အတည်းတစ်ခု ဖြစ်ပွားမယ်လို့လည်း မှတ်ချက် ပေးထားပါတယ်။ သုံးနှစ်မြောက်အဖြစ် တင်ဆက်သွားမယ့် ၂ဝ၁၄ ဟောကိန်းမှာ ခုတလော ရေပန်းစားနေတဲ့ ခြေဥ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ပြင်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးနဲ့ ၂ဝ၁၄ မြန်မာ့အခြေအနေ ဟောကိန်း တွေကို အလေးထား ဖော်ပြမှာ ဖြစ်ပါတယ်။ ဒီနေ့ခေတ် မြန်မာ့အရေး ကမ္ဘာ့အရေးတွေကို ဗေဒင်ပညာ ရှုထောင့်ကနေ အားပါးတရ ဟောပြောနေကြတဲ့ မီဒီယာသမားတို့ရဲ့ အချစ်တော် မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့က ဦးဇေယျာကိုနဲ့ ဆရာ စံဇာဏီဘို တို့ရဲ့ ဟောကိန်းတွေအပြင်… Read More »

ရာစုနှစ်ရဲ့ ကြယ်တံခွန် (အိုင်ဆွန်)

ရာစုနှစ်ရဲ့ ကြယ်တံခွန် (အိုင်ဆွန်)

နိုင်ငံတကာမှာ အခုတလော တဖြည်းဖြည်း လူသိများ လူတွင်ကျယ် ဖြစ်လာတဲ့ အိုင်ဆွန်ကြယ်တံခွန် အကြောင်း သိသမျှ စုံစမ်းမိသမျှ ဖတ်မိသမျှ ပြန်လည် မျှဝေပါရစေ။ အချိန် အခက်အခဲကြောင့် ရှည်ရှည်ဝေးဝေး ရေးဖွဲ့မနေဘဲ လိုတိုရှင်း ပြောပါမယ်။ အိုင်ဆွန်ကြယ်တံခွန်ကို ၂ဝ၁၂၊ စက်တင်ဘာ ၂၁ ရက်နေ့မှာ ရုရှားနိုင်ငံက နက္ခတ္တပညာရှင် နှစ်ဦးက စတင် တွေ့ရှိခဲ့ပါတယ်။ သူတို့ ပါဝင်တဲ့ International Scientific Optical Network အဖွဲ့အစည်း နာမည် အစ စာလုံးတွေကို ယူပြီး ISON ရယ်လို့ ဖြစ်လာပါတယ်။ ဒီကြယ်တံခွန်ကို ရာစုနှစ်ရဲ့ အတောက်ပဆုံး အခမ်းနားဆုံး ကြယ်တံခွန်အဖြစ်လည်း ပညာရှင်တွေက သတ်မှတ်ကြပြီး ဒီခေတ်လူသားတွေအဖို့ ကြုံတောင့်ကြံုခဲ အာကာသအဖြစ်အပျက် တစ်ခုလို့ ရေးသားဖော်ပြ… Read More »

လက္ခဏာ ပြောင်းလို့ ကံကောင်းစေမလား

လက္ခဏာ ပြောင်းလို့ ကံကောင်းစေမလား

ကိုယ့်လက်ဝါးပြင်ပေါ်က လက္ခဏာလမ်းကြောင်းတွေကို လိုသလို ခွဲစိတ်ပြုပြင်ပြီးတော့ ကံကောင်းအောင် လုပ်ယူတယ် ဆိုတာ နည်းနည်း ကြောင်စီစီနိုင်တဲ့ လုပ်ရပ်လို့ ဆိုရမလားပဲ။ ဒါပေမယ့် ဂျပန်နဲ့ ကိုရီးယား မှာတော့ ဘဝမှာ ပိုပြီး အောင်မြင်ကျော်ကြားဖို့ ချမ်းသာကြွယ်ဝဖို့ အသက်ရှည်ကျန်းမာဖို့ လက္ခဏာ လမ်းကြောင်းတွေ ပြုပြင်ယူလိုက်ရင် ရတယ်ဆိုတဲ့ အယူအဆဟာ ခေတ်စားနေပါပြီ။ ရှေးပဝေသဏီတည်းက တည်ရှိခဲ့ပြီး ကိုင်ရိုတို့လို ကမ္ဘာကျော်ပညာရှင်တွေကြောင့် တခမ်းတနား ထွန်းလင်းတောက်ပလာခဲ့တဲ့ လက္ခဏာပညာရပ်ဟာ လက်ဝါးပြင်ပေါ်က လမ်းကြောင်းတွေ၊ လက်ချောင်း အနေအထား၊ ပုံသဏ္ဍာန်တွေ၊ အစိတ်အကျဲတွေ၊ လက်ရေစာတွေ အစရှိတဲ့ အသွင်အပြင်တွေကို တိုင်းထွာ လေ့လာပြီး ဟောကိန်းထုတ်တဲ့ ရှေ့ဖြစ်ဟောပညာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း လက္ခဏာနဲ့ ပတ်သက်ရင် ဆရာစန္ဒြ၊ ဆရာဦးစံတင်အောင် (ရွှေဘို) အပါအဝင် ဆရာအတော်များများပဲ… Read More »

ဒေါ်စုကို ကိုးကွယ်သူတစ်ယောက်ပါ

ဒေါ်စုကို ကိုးကွယ်သူတစ်ယောက်ပါ

အခုဖြစ်ပျက်နေတဲ့ မြန်မာပြည်တွင်းနဲ့ မလေးရှားနိုင်ငံတွင်းက ပြဿနာတွေဟာ အဓိကအားဖြင့် လူထုခေါင်းဆောင်ကို ခွချက် ချက်ထားတာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒေါ်စုအနေနဲ့ လူ့အခွင့်အရေး ဘက်က ပြောရင် ပြည်တွင်းထောက်ခံမှု ကျဆင်းမယ်။ အမျိုးဘာသာဘက်က ပြောရင် နိုင်ငံတကာမှာ သိက္ခာကျမယ်။ ဒီလို ခွချက် ချက်ထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးကိုသာ ထောက်ပြပြီး ထွက်လမ်း ရှာနိုင်ခဲ့ တာကို တွေ့ရပါတယ်။ နှစ်ပေါင်းငါးဆယ်လုံး တိုင်းပြည်ကို ရောင်းစားပေါင်စားလို့ အားမရသေးတဲ့ စစ်အရေခွံချွတ် အုပ်စုဟာ ခုထိလည်း နောင်တကောင်းကောင်း မရသေးဘူးဆိုတာကို တွေ့ရပါတယ်။ တကယ်လို့ ဒေါ်အောင်းဆန်းစုကြည် နိုင်ငံတကာမှာ သိက္ခာကျခဲ့ရင် တစ်နိုင်ငံလုံး သိက္ခာ ကျမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံလို့ လာကြမယ့် ရင်းနှီးမြှုပ်နှံသူတွေကို လက်တွန့်စေမယ်။ တိုင်းပြည် နာမယ်… Read More »