Online Shop များအတွက် အရောင်းသွက်ယတြာ

ယနေ့ခေတ်တွင် Online Shopping များ ခေတ်စားလာကြသည်။ နေအိမ်တွင်နေရင်း တစ်ပိုင်တစ်နိုင် လုပ်သူများလည်း ရှိသလို ကြီးမားသောအွန်လိုင်းဈေးဝယ်စနစ်ကို လုပ်ကိုင်နေကြသူများလည်း ရှိသည်။ ဤနေရာတွင် အွန်လိုင်းစနစ်အတွက် သင့်တော်သော မြန်မာ့ရိုးရာလက်ဆန်းအစီအရင် တစ်ခုကို ဖော်ပြပေးလိုက်ပါသည်။

မြန်မာ့လက်ဆန်းဗေဒင်ပညာအရ အွန်လိုင်းစနစ်ဈေးအရောင်းအဝယ်အတွက် အစီအရင်ကောင်း လုပ်ရန် အချိန်အခါကောင်းတစ်ခုမှာ ဓာတ်ကြီးလေးပါးအနက်မှ လေဓာတ်အခါ ဖြစ်ပါသည်။ မြန်မာ့လက်ဆန်း ဗေဒင်ပညာ လိုက်စားသူများ သိသော စရေဓာတ်အခါ ဖြစ်သည်။ အင်္ဂဝိဇ္ဇာပညာအရ သောကြာအခါ ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းအစီအရင်ကို လုပ်ဆောင်ရမည့်အချိန်များကို နေ့စဉ်အလိုက် ဖော်ပြလိုက်ပါသည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အထက်ပါအချိန်များအတွင်း နေ့စဉ်လုပ်ဆောင်သွားရမည်။

လုပ်ဆောင်ရန်မှာ နေ့စဉ်သတ်မှတ်ထားသောအချိန်တွင် လင်ပန်းတစ်ချပ်အတွင်း ဖယောင်းတိုင် (၃) တိုင်ကို တြိဂံပုံ ထွန်းပါ။ မထွန်းခင် ဖယောင်းတိုင်များတွင် အောက်ခြေမှ အထက်သို့ တက်နေသော မြားပုံစံကို ရေးထွင်းပါ။ ဖယောင်းတိုင်တစ်တိုင်စီ၏ ဘေးပတ်ပတ်လည်လည်တွင် လက်ဖက်သား တစ်ပုံစီ ပုံထားပါ။

ပြီးလျှင် စိန္တာမဏိဂါထာတော်ကြီးကို (၈) ခေါက် ရွတ်ဖတ်ပူဇော်ပါ။ ဗုဒ္ဓဘာသာ မဟုတ်သူများအနေဖြင့် အနောက်တိုင်းဂမ္ဘီရသံစဉ်ဖြစ်သော “အဗရာကာဒါဗရာ”  ကို ၃၇ ခေါက် ရွတ်ဖတ်ပူဇော်ရင်း ဆုတောင်းပါ။ စိန္တာမဏိဂါထာတော်ကြီးကို အောက်တွင် အနက်အဓိပ္ပါယ်နှင့်တကွ ဖော်ပြထားပါသည်။ (ဂါထာမူရင်းတင်ပြသူကို လေးစားစွာ ကျေးဇူးတင်ပါသည်)

နေ့စဉ် အချိန်မှန်မှန် စနစ်တကျကျ ယုံယုံကြည်ကြည် လုပ်ဆောင်သွားခြင်းဖြင့် Online Shopping အရောင်းအဝယ်အတွက် ကောင်းမွန်သော ရောင်းဝယ်ဖောက်ကားမှုများ ဖြစ်ထွန်းလာပါလိမ့်မည်။ အမဲသား ရှောင်ကြဉ်ခြင်း၊ ကျေးဇူး ရှိဖူးသူများကို ကျေးဇူးဆပ် သိတတ်ခြင်းဖြင့် မြဲမြံသော ကောင်းကျိုးတရားများကို မျက်မှောက်ဘဝတွင်ပင် ခံစားစံစားနိုင်ကြပါစေသော်…

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ…ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)