ရောဂါဝေဒနာနှင့် ဂဏန်းဗေဒင်

ခင်မင်ရတဲ့ မိတ်ဆွေ တစ်ဦးဟာ မကြာသေးခင်က ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။ သူက အင်္ဂလိပ်လို (၁၃) ရက်နေ့မှာ မွေးဖွားခဲ့သူပါ။ ဂဏန်းဗေဒင်အရဆို မွေးရက်ကို ဂဏန်းတစ်လုံးတည်း ရအောင် ပေါင်းရင် (၁+၃ = ၄) ရပါတယ်။ အဲဒီ (၄) ဂဏန်းသမားမိတ်ဆွေဟာ အစားမှားရာကတစ်ဆင့် ဆေးရုံတင်ခဲ့ရပြီး ညတွင်းချင်းမှာပဲ ကွယ်လွန်ခဲ့ရပါတယ်။ မွေးရက်ဂဏန်းအလိုက် ကိုယ့်မှာ ဘယ်လို အနာရောဂါတွေ ဖြစ်တတ်တယ် ဆိုတာကို ကြိုသိရင် ဆင်ခြင်၊ ပြင်ဆင်နိုင်မှာ ဖြစ်လို့ (၁) အစ (၉) အဆုံး ဂဏန်း အားလုံးအတွက် ဖြစ်တတ်တဲ့ ရောဂါနဲ့ ဝေဒနာတွေက ဘာတွေလဲဆိုတာ ဗေဒင်သုတအဖြစ် တင်ပြလိုက်ပါတယ်။

(၁) ဂဏန်းသမားတွေဟာ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာကို ခံစားရတတ်ပါတယ်။ မျက်စိအမြင်အာရုံ အားနည်းတတ်ပြီး သွေးတိုးရောဂါတွေကိုလည်း ခံစားရတတ်တာမို့ ကြိုတင် သတိထားသင့်ပါတယ်။ မောပန်းလွယ်တတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၂) ဂဏန်းသမားတွေက အစာအိမ်နဲ့ ပတ်သက်သမျှ ရောဂါဝေဒနာတွေ ဖြစ်လွယ်ပါတယ်။ ဆီးချိုရောဂါ၊ ဒူလာ နဲ့ လိပ်ခေါင်းရောဂါတွေကိုလည်း သတိပြုရပါမယ်။ အဖုအကျိတ်တွေ ထွက်လွယ်တတ်ပြီး စိတ်ဖိစီးမှုလည်း များတတ်ပါတယ်။

(၃) ဂဏန်းသမားတွေဟာ လူရောစိတ်ပါ ပင်ပန်းလွန်းလို့ ခြေကုန်လက်ပန်း ကျသွားတာ၊ စိတ်ပိုင်းဝေဒနာတွေ ခံစားရတာ ဖြစ်တတ်ပါတယ်။ သွေးပေါင် ကျလွယ်တတ်ပြီး ဆီးချိုလည်း ဂရုစိုက်ပါ။ အရေပြားဝေဒနာတွေလည်း ခံစားရတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၄) ဂဏန်းသမားတွေကတော့ ဆေးမှား၊ အစားမှားတာ ဖြစ်တတ်ပြီး အဖြေရှာမရတဲ့ အနာရောဂါမျိုးကိုလည်း ခံစားရတတ်ပါတယ်။ ပေတေလွန်းတဲ့ ဒဏ်တွေကို ခံရတတ်ပြီး မကြာခဏလည်း ဖျားနာလွယ်တတ်ပါတယ်။ အက်ဆီးဒင့် ဖြစ်တတ်ပါတယ်။

(၅) ဂဏန်းသမားတွေက အာရုံကြောဆိုင်ရာ ရောဂါဝေဒနာကို ခံစားရတတ်ပါတယ်။ ခေါင်းမူးခေါင်းကိုက်တာနဲ့ လေဖြတ်၊ လေဖြန်းတာ၊ အကြောဆွဲတာတွေနဲ့ ကျောက်ကပ်ပိုင်းကို ဂရုစိုက်ပါ။ ဆေးစွဲ၊ အရက်စွဲလွယ်လို့ သတိပြု သုံးဆောင်ပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၆) ဂဏန်းသမားတွေက ရင်ကျပ်ပန်းနာနဲ့ နှာစေးချောင်းဆိုးနာတွေ ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်တတ်သူ ဖြစ်ပြီး အဖုအကြိတ်လည်း ထွက်လွယ်ပါတယ်။ လည်ချောင်းနဲ့ ရင်ဘတ်ပိုင်းတွေကို ပို ဂရုစိုက်ရပါလိမ့်မယ်။ အသက်ကြီးလေ ပိုသတိထားရလေပါပဲ။

(၇) ဂဏန်းသမားတွေက စိတ်ကြောင့် ရုပ်မှာ လာထိခိုက်တတ်ပါတယ်။ စိတ်ဆိုးစိတ်ညစ်စရာတွေက ရုပ်ပေါ် လွှမ်းမိုးပြီး ဒဏ်သင့်တတ်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းပိုင်းဆိုင်ရာ ရောဂါဝေဒနာတွေ၊ သွေးလည်ပတ်မှု မမှန်တာတွေ သတိထားပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၈) ဂဏန်းသမားတွေကတော့ သွား၊ အရိုးနဲ့ အသည်း ဝေဒနာတွေ ခံစားရတတ်ပြီး အရိုးအဆစ်နဲ့ သွား မကောင်းတာတွေ ဖြစ်တတ်ပါတယ်။ ဝမ်းချုပ်လွယ်ပြီး ဆေးမှား၊ အစားမှားတဲ့ ဒဏ်ကို ခံရတတ်ပါတယ်။ မကြာခဏ ခေါင်းကိုက်တတ်ပါတယ်။

(၉) ဂဏန်းသမားတွေက ဓား၊ ဒုတ် စတဲ့ လက်နက်တွေနဲ့ ထိမိခိုက်မိ ဖြစ်လွယ်သလို မီး၊ လျှပ်စစ်တွေကြောင့်လည်း ဒဏ်ရာ ရရှိတတ်ပါတယ်။ မတော်တဆ ထိခိုက်ဒဏ်ရ ရလွယ်သူတွေမို့ ဂရုစိုက်ပါ။ အရက်စွဲ၊ ဆေးစွဲလွယ်ပါတယ်။

(၁) အစ (၉) အဆုံး ဂဏန်းသမားအားလုံး ရောဂါဘယ ကင်းဝေးချမ်းသာကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)