စိတ်နေစိတ်ထားချင်း လုံး၀ ဆန့်ကျင်နေတဲ့ ရာသီခွင်စုံတွဲများ
မြန်မာ့ရိုးရာဗေဒင်မှာ နေ့နံ မကိုက်တာ၊ ဇာတာချင်း မတိုက်ဆိုင်တာတွေကြောင့် အဆင်မပြေ လမ်းခွဲလွယ်တဲ့ အဖြစ်အပျက်တွေ ရှိသနေလိုပဲ ရာသီခွင်ဗေဒင်မှာလည်း မူလစိတ်နေသဘာဝချင်း လုံး၀ ဆန့်ကျင်နေလို့ ဘယ်လိုမှ လိုက်ဖက် မညီဘဲ ကွဲကွာလွယ်တဲ့ စုံတွဲမျိုးတွေ ရှိနေပါတယ်။
တကယ်လို့ မိမိရာသီခွင်နဲ့ လက်တွဲဖော်ရဲ့ ရာသီခွင်တွေက အောက်ပါအတိုင်း ဖြစ်နေတယ်ဆိုရင် အချင်းချင်းကြား နားလည်မှုတွေ အပြန်အလှန် ပိုပေးနိုင်ဖို့ နဲ့ သည်းခံ စိတ်ရှည်ပေးနိုင်ဖို့ လိုမယ်လို့ အကြံပြုလိုက်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
မိဿရာသီဖွား + မကာရရာသီဖွား
စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး အရာရာကို ပေါ့ပေါ့ပါးပါး တွေးတတ်တဲ့ မိဿနဲ့ အလေးအနက် တာဝန်ယူချင်တဲ့ ၊ ခပ်အေးအေး နေချင်တဲ့ မကာရတွေက စိတ်သဘောထားချင်း လားလားမှ မတူဘဲ ဆန့်ကျင်နေတတ်ပါတယ်။
ပြိဿရာသီမှား + ကုမ်ရာသီဖွား
ခေါင်းမာတယူသန်ပြီး လေးကန်တတ်တဲ့ ပြိဿတွေနဲ့ တက်ကြွ ဖြတ်လတ်ပြီး လွတ်လပ်နေချင်တဲ့ ကုမ်တွေက အချင်းချင်း မနည်း ညှိနှိုင်းယူရတတ်ပါတယ်။ ပြိဿက လက်တွေ့ကျသလောက် ကုမ်က စိတ်ကူးယဉ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
မေထုန်ရာသီဖွား + မိန်ရာသီဖွား
ပျော်ပျော်နေ သေခဲတဲ့ မေထုန်တွေက ခံစားချက်ကို ဦးစားပေးတဲ့မိန်တွေနဲ့ စိတ်ချင်း နီးစပ်ဖို့ ခက်ခဲနိုင်ပါတယ်။ မိန်တွေက သနားကြင်နာပြီး ကရုဏာ ထားတတ်သလောက် မေထုန်က ဒါကို အလေးအနက်မထားကြပါဘူး။
ကရကဋ်ရာသီဖွား + မိဿရာသီဖွား
အေးဆေးလေးနဲ့ နားအေးပါးအေး နေချင်တဲ့ကရကဋ်တွေဟာ စိတ်နောက်ကိုယ်ပါ စိတ်မြန်ကိုယ်မြန်သမားတွေ ဖြစ်တဲ့ မိဿတွေနဲ့ အဆင်မပြေတာ အမှန်ပါပဲ။ ဝုန်းဒိုင်းကြဲချင်တဲ့မိဿနဲ့ ရေခဲတုံး ကရကဋ်နဲ့ ကီးမကိုက်နိုင်ပါ။
မိန်ရာသီဖွား + ဓနုရာသီဖွား
ကိုယ်ပိုင်စိတ်ကူးကမ္ဘာလေးထဲ ပျော်မွေ့နေချင်တဲ့ မိန်တွေနဲ့ စွန့်စားစူးစမ်းချင်တဲ့ လက်တွေ့သမား ဓနုတွေနဲ့ သိပ် အဆင်မပြေတတ်ပါဘူး။ ခပ်အေးအေးနဲ့ငြိမ်ငြိမ်လေး သွားချင်တဲ့ မိန်ဟာ တက်ကြွသူ ဓနုနဲ့ တခြားစီပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
သိဟ်ရာသီဖွား + ပြိဿရာသီဖွား
နေရာတကာ ဆရာလုပ်ချင်၊ လွှမ်းမိုးချင်တဲ့ သိဟ်တွေနဲ့ စာအုပ်ကြီးသမား တယူသန် ပြိဿတွေက တွေ့တာနဲ့ တန်းပြီး အဆင်မပြေ ဖြစ်လွယ်တတ်ပါတယ်။ ကြာကြာပေါင်းမိလေ ပြဿနာများလေ ဖြစ်တတ်တဲ့စုံတွဲမျိုးပါပဲ။
တူရာသီဖွား + ကရကဋ်ရာသီဖွား
နေရာတကာ မျှမျှတတ လိုက်တွေးတတ်တဲ့ တူတွေနဲ့ ခံစားချက်ကို အလိုလိုက်ပြီး တအုံတနွေးနွေး ဖြစ်တတ်သူ ကရကဋ်တွေက သဟဇာတ မဖြစ်လှပါဘူး။ တွေဝေမပြတ်သားတတ်သူနဲ့ ခံစားလွန်းသူက ညှိရခက်ခဲပါတယ်။
သိဟ်ရာသီဖွား + ဗြိစ္ဆာရာသီဖွား
ဘယ်နေရာရောက်ရောက် စင်ပေါ်တက် ထင်ပေါ်ချင်သူ သိဟ်နဲ့ လျှို့ဝှက်တိတ်ဆိတ်စွာ နေချင်တဲ့ ဗြိစ္ဆာတွေက ဘယ်လိုမှ အစပ်အဟပ် မတည့်နိုင်ပါဘူး။ ငါသာအမှန်ဆိုတဲ့သိဟ်နဲ့အလျှော့မပေးတတ်တဲ့ဗြိစ္ဆာ ကွဲလွဲနေမှာပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ကန်ရာသီဖွား + ဓနုရာသီဖွား
အရာရာတိုင်းကို စေ့စပ်သေချာလွန်းချင်တဲ့ ကန်တွေနဲ့ ဘဝကို ပေါ့ပါးလွတ်လပ်စွာ ဖြတ်သန်းချင်တဲ့ ဓနုတွေက အဆင်ပြေဖို့ ခက်ပါတယ်။ သူတပါးဆို အပြစ်ရှာဝေဖန်ချင်တဲ့ကန်နဲ့ စွန့်စားချင်သူ ဓနုက ဘယ်လိုမှ ညှိမရနိုင်ပါ။
တူရာသီဖွား + မကာရရာသီဖွား
အရာရာကို အံဝင်ဂွင်ကျ လိုက်လျောညီထွေ နေထိုင်တတ်တဲ့တူတွေဟာ ခေါက်ရိုးကျိုးတယူသန် မကာရတွေရဲ့ ပုံစံခွက်ထဲမှာ့ မနေနိုင်ကြပါဘူး။ ဒါကြောင့်လည်း စိတ်သဘာဝချင်း မကိုက်ညီတော့ ပြဿနာ ဖြစ်တာပါပဲ။
ဆန့်ကျင်ကွဲပြားတဲ့ ရာသီဖွားတွေကြား နားလည်မှုတွေနဲ့ ညှိယူနိုင်ကြပါစေ- ဧက (ဗေဒင်သုတ)