အသက်အရွယ်မရွေး လူတိုင်းလိုလို စိတ်ဓာတ်ကျစရာတွေ မကြာခဏ ကြုံရတတ်ပေမဲ့ ဒီရာသီခွင်တွေကတော့ ထစ်ခနဲရှိ အရမ်းတွေ ခံစား၊ အရမ်းတွေ စိတ်ဓာတ် ထိုးကျပြီး Depression ခဏခဏကို ဝင်တတ်တဲ့သူတွေပဲ ဖြစ်ပါတယ်။
ကရကဋ် (ဇွန် ၂၁ – ဇူလိုင် ၂၂) – ခံစားချက်ကိုမှ ရှေ့တန်းရောတင်၊ ဦးထိပ်လည်း ပန်ဆင်တတ်ကြသူတွေမို့လို့ ထစ်ခဲနဲဆို စိတ်ဓာတ်တွေ အောက်စိုက် ကျဆင်းသွားတတ်ပါတယ်။ ကရကဋ်တွေဟာ ထိခိုက်ခံစားလွယ်ကြတဲ့ စန်းစန်းတင့် (Sensitive) တွေဖြစ်ပြီး သူတပါးဆီက ဂရုတစိုက်အလေးထားမှုတွေလည်း လိုအပ်ကြပါတယ်။
မိန် (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – တဖက်သားဘက်ကို အမြဲကြည့်ပေးတတ်ပြီး အနစ်နာခံပေးဆပ်တတ်သူမျိုး ဖြစ်လို့ ကိုယ့်ဘဝနဲ့ကိုယ် မနေနိုင်ဘဲ သူများမျက်နှာအမြဲကြည့် နေကြသူတွေ ဖြစ်ပါတယ်။ ကိုယ့်လုပ်ရပ်တွေ၊ အပြုအမူတွေကြောင့် သူတပါးစိတ်ဆင်းရဲခံစားသွားမှာကို ပူပန်ပြီး အမြဲစိတ်တွေ ဖိစီးလေးလံနေတတ်ပါတယ်။
ဗြိစ္ဆာ (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – အမှတ်သည်းခြေကြီးပြီး နင့်နေအောင် ခံစားတတ်သူတွေ ဖြစ်လို့ တစ်ခုခုဆို မေ့မရအောင် စွဲကျန်ပြီး စိတ်ဖိစီး စိတ်ဓာတ်ကျလွယ်သူတွေ ဖြစ်ပါတယ်။ ဘာမဆို ခံစားချက်နဲ့သာ ဆုံးဖြတ်ကြလို့ ကိုယ့်စိတ်နဲ့အဆင်မပြေတဲ့အခါ စိတ်ဓာတ်တွေ ကျဆင်းပြီး လမ်းပျောက်သွားတတ်ကြပါတယ်။
မကာရ (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – မကာရတွေဟာ အေးစက်တည်ငြိမ်သူတွေ ဖြစ်ပေမဲ့ စိတ်ထဲမှာတော့ အဆင်မပြေမှုတွေ ကြုံလာတာနဲ့ စိတ်ဓာတ်ကျသွားတတ်သူတွေ ဖြစ်ပါတယ်။ ဘယ်အရာမဆို တာဝန်ယူတတ် ကူညီတတ်သူတွေ ဖြစ်လို့ ကိုယ့်ကြောင့် သူများတွေပါ စိတ်ညစ်မှာ စိုးပြီး တိတ်တိတ်လေး စိတ်ဖိစီးကြပါတယ်။
မေထုန် (မေ ၂၁ – ဇွန် ၂၀) – နှစ်မျိုးနှစ်ခွဆန်တဲ့ ရာသီခွင် ဖြစ်လို့ တစ်ဖက်မှာ ထက်မြက် သွက်လက်သူတွေ ဖြစ်နေသလို တစ်ဖက်မှာလည်း ခံစားချက်တွေ တနင့်တပိုးနဲ့ ထိခိုက်နာကျင်တတ်သူတွေ ဖြစ်ပါတယ်။ ကိုယ့်ကို နေရာမပေးတာ၊ အဖတ်မလုပ်တာတွေ ကြုံရရင် စိတ်ဓာတ်တွေ ထိုးကျပြီး နင့်နေအောင် ခံစားရတတ်ပါတယ်။
ရာသီခွင် ၁၂ မျိုး ရှိတဲ့ထဲမှာ တခြားရာသီဖွားတွေလည်း စိတ်ဓာတ်ကျဆင်းတတ်ပေမယ့် ဖော်ပြပါ ရာသီဖွား ၅ ခုကတော့ သူများတကာထက် ပို ခံစား၊ ပိုနာကျင်တတ်သူတွေ ဖြစ်နေတယ်ဆိုတာ ဗေဒင်ပညာရှုထောင့်ကနေ ဖော်ပြလိုက်ရပါတယ်။ ဧက (ဗေဒင်သုတ)
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)