နတ်ပကျွန်းဂြိုဟ်နဲ့ ၁၂ ရာသီခွင်ဗေဒင်ဟောကိန်း

အရှေ့တိုင်းနက္ခတ်ဗေဒင်မှာ သုံးလေ့မရှိပေမယ့် အနောက်တိုင်းနက္ခတ်ဗေဒင်မှာတော့ အရေးပါအရာရောက်တဲ့ စိတ်ကူးအိပ်မက်ဂြိုဟ် (တနည်းအားဖြင့်) ဂရိဒဏ္ဍာရီထဲက ပင်လယ်ဘုရင် နတ်ပကျွန်းဂြိုဟ်ဟာ ဇွန် ၂၅ ကနေ စပြီး ဒီဇင်ဘာ ၁ ရက်နေ့အထိ မိန်ရာသီခွင်ထဲမှာ အသွားမမှန်ဘဲ နောက်ပြန်လှည့်နေပါတယ်။

နတ်ပကျွန်းဂြိုဟ် အသွားမမှန်ချိန်မှာ ၁၂ ရာသီဖွားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအလှည့်အပြောင်းတွေလည်း အနည်း နဲ့အများ ဖြစ်ပေါ်လာလေ့ရှိပါတယ်။ ဒီနှစ် ဇွန် ၂၅ နဲ့ ဒီဇင်ဘာ ၁ ရက်ကြားမှာ ၁၂ ရာသီဖွားတွေ ဘယ်လိုတွေ ဖြစ်ပျက်ခံစားရမလဲ ဆိုတာ ကြည့်ရအောင်ဗျာ…  ။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – ကာလရှည်ကြာ အမှန်တရားလို့ ကိုယ် ထင်ခဲ့တာတွေက တလွဲတချော်ပဲ ဖြစ်နေတယ်ဆိုတာ မျက်ဝါးထင်ထင်သိမြင်လာမယ့်ကာလ ဖြစ်တယ်။ အိပ်မက်ဆန်းတွေ ခဏခဏ မက်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – မိတ်ဆွေစစ်မိတ်ဆွေမှန်က ဘယ်သူဘယ်ဝါ ၊ ဘယ်လိုလူစားလဲ ဆိုတာ သိမြင်လာမယ့်အချိန် ဖြစ်တယ်။ ကိုယ့်အပေါ် တကယ်တန်ဖိုးထားသူတွေနဲ့သာ ဆက်ပြီး လက်တွဲဖြစ်လိမ့်မယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – ကိုယ့်အလုပ်နဲ့ပတ်သက်လို့ စိတ်ကူးယဉ် မျှော်လင့်ထားတွေအားလုံးဟာ အလကားပဲ ဆိုတာ သိလာလိမ့်မယ်။ စိတ်ကူးတွေ ယဉ်မနေဘဲ လက်တွေ့ကျကျ လုပ်ဖို့ လိုအပ်လာတော့မယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – မှားယွင်းနေတဲ့ ဘာသာရေးအယူအဆတွေ၊ အတွေးအခေါ်ပိုင်းတွေ လမ်းကြောင်းမှန် ပြန်တည့်လာမယ်။ အရင်က တော်တော်နဲ့မလုပ်ဖြစ်တဲ့ ဘာသာရေးကိစ္စတွေ ပြန်လုပ်ဖြစ်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – ငွေအချေးအငှားနဲ့ပတ်သက်လို့ အရင်က ယုံကြည်ရသူတွေက ပြန် ဒုက္ခပေးတာ ခံရတတ်တယ်။ ငွေကြေးယုံကြည်မှုကို အလွဲသုံးစား အလုပ်ခံရတတ်လို့ သတိထားဖို့ လိုလိမ့်မယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – ချစ်သူ၊ ရည်းစား၊ အိမ်ထောင်ဖက် စတဲ့ လက်တွဲဖော်ကိစ္စမှာ အဆိုးမြင်စရာလေးတွေ ပေါ်လာတတ်တယ်။ အချင်းချင်း ရေရှည်တည်မြဲဖို့ နားလည်စာနာမှုတွေ လိုအပ်မယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – အလုပ်တွေကို တောင်ရွှေ့မြောက်ရွှေ့ လုပ်မိလာသလို အလုပ်ကို အာရုံစိုက်မရတာလည်း ဖြစ်လာနိုင်တယ်။ ကျန်းမာရေးမှာလည်း ပေါ့တီးပေါ့ဆ ဖြစ်လာတတ်တယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – အပျော်အပါးကိစ္စတွေနဲ့ အချိန်ကုန်အကျိုးမဲ့ အလဟဿ ဖြစ်ရတတ်တယ်။ ကိုယ့်ရဲ့တီထွင်ကြံဆနိုင်စွမ်းတွေ လျော့လာလို့ တခြားနည်းလမ်းတွေနဲ့ ကြံဆလုပ်သင့်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – မိသားစုအရေး၊ အိမ်တွင်းရေးတွေမှာ ခံစားချက်တွေ ရှေ့တန်းကို မတင်ဖို့ ထိန်းချုပ်ရလိမ့်မယ်။ ဒီကာလမှာ ဘယ်သူတွေကဘယ်လို စိတ်ဓာတ်လဲဆိုတာ ပေါ်လွင်လာလိမ့်မယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – အနားပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံ ၊ ဆက်သွယ်ရာမှာ နားလည်မှု လွဲတာတွေ ဖြစ်တတ်တယ်။ ကိုယ့်ကို အထင်လွဲတာဖြစ်တတ်သလို ကိုယ်ကလည်း မှားတတ်တယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – ငွေအသုံးအစွဲတွေ၊ ဝင်ငွေစီးဆင်းမှုတွေနဲ့ ပတ်သက်လို့ ကိုယ့် အတွေးအမြင်တွေ ပြောင်းလဲရလိမ့်မယ်။ မရသေးတာတွေ မျှော်တွေး ကြိုသုံးတာမျိုးကို လုံးဝ ရှောင်ရလိမ့်မယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – ကိုယ့်ရဲ့ တစ်ကိုယ်ရေ အတွေးအမြင်တွေ၊ ဘဝ နေနည်းထိုင်နည်း အတွေးအခေါ်တွေမှာ လက်တွေ့ကျတာကိုပဲ လက်ခံကျင့်သုံးလာမယ်။ အတွေးသစ်အမြင်သစ်တွေ ရလာမယ်။

အထက်မှာ ဆိုခဲ့တဲ့အတိုင်း ဇွန် ၂၅ နဲ့ ဒီဇင်ဘာ ၁ ကြားမှာ ၁၂ ရာသီဖွားတွေရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ၊ ဘာသာရေး၊ အတွေးအခေါ်နဲ့ အမူအကျင့်တွေ ပြောင်းလဲ ဖြစ်တည်လာမှာမို့လို့ ကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။

ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)