နေ့နံအလိုက် နေရာထိုင်ခင်း ပြောင်းလဲတတ်သော နှစ်ကာလများ
ဘဝမှာ ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ အိုးအိမ်နေရာထိုင်ခင်း ဒါမှမဟုတ် အလုပ်အကိုင် နေရာဌာနတွေ ပြောင်းလဲသွားတတ်တဲ့ နှစ်ကာလတွေ ရှိပါတယ်။
ဗေဒင်ပညာအရ ဒီလိုအပြောင်းအလဲတွေကို မူလဇာတာ၊ ကောဇာအစီးအနင်း၊ ဒသာ အပိုင်းအခြား စတဲ့ နည်းတွေနဲ့ တွက်ချက်ကြတာ ဆိုပေမယ့် ဒီနေရာမှာတော့ လူတိုင်း ကိုယ့်နေရာထိုင်ခင်း အပြောင်းအလဲကံကို အလွယ်တကူ တွက်ချက်သိရှိနိုင်မယ့် မြန်မာ့သေသဝိဇ္ဇာဗေဒင်ပညာကိန်းခန်းတစ်ခုကို ပြောပြပါမယ်။
ဒီကိန်းခန်းအရ အသက်ကို ယူတဲ့အခါ Living Age ကို ယူရပါမယ်။ ဥပမာ အသက် ၂၈ နှစ် ပြည့်ပြီးသူကို အသက် ၂၉နှစ်အဖြစ် ယူရပါမယ်။ ၃၄နှစ် ပြည့်ပြီးသူကိုလည်း ၃၅ နှစ်အဖြစ် ယူရမှာဖြစ်ပါတယ်။ ဒီလောက်ဆို အသက်မှန်ကို ဘယ်လို တွက်ယူရမယ် ဆိုတာ သိလောက်ပြီလို့ ယူဆပါတယ်။ တွက်ကိန်းဘက်ကို ဆက်ကြည့်ရအောင်ပါ။
တနင်္ဂနွေနေ့ဖွားများဟာ မိမိရဲ့ ရောက်ဆဲအသက်ကို (၇) နဲ့ စားလို့ ၅-ကြွင်းတဲ့ ၁၉နှစ်၊ ၂၆ နှစ်၊ ၃၃ နှစ်၊ ၄၀ နှစ် စတဲ့ အသက်ပိုင်းတွေမှာ အိုးအိမ်နေရာထိုင်ခင်း ၊ ဌာနအပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
တနင်္လာနေ့ဖွားများကတော့ မိမိရဲ့ ရောက်ဆဲအသက်ကို (၇) နဲ့ စားတဲ့အခါ ဝ-ကြွင်းတဲ့ ၂၁နှစ်၊ ၂၈နှစ်၊ ၃၅နှစ်၊ ၄၂နှစ် စတဲ့ အသက်ပိုင်းတွေမှာ အိုးအိမ်နေရာထိုင်ခင်း ၊ ဌာနအပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။
အင်္ဂါနေ့ဖွားများအနေနဲ့ကတော့ မိမိရဲ့ရောက်ဆဲအသက်ကို (၇)နဲ့ စားလို့ ၂-ကြွင်းတဲ့ ၂၃နှစ်၊ ၃၀နှစ်၊ ၃၇နှစ်၊ ၄၄နှစ် စတဲ့ အသက်ပိုင်းတွေမှာ အိုးအိမ်နေရာထိုင်ခင်း ၊ ဌာန အပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။
ဗုဒ္ဓဟူးနေ့ဖွားများအနေနဲ့ကတော့ မိမိရဲ့လက်ရှိရောက်ဆဲအသက်ကို (၇)နဲ့ စားလို့ ၃-ကြွင်းတဲ့ ၂၄နှစ်၊ ၃၁နှစ်၊ ၃၈နှစ်၊ ၄၅နှစ် စတဲ့အသက်ပိုင်းတွေမှာ အိုးအိမ် နေရာထိုင်ခင်း ၊ ဌာနအပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။
ရာဟုနေ့(ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမွေးဖွားသူ) တွေက မိမိရဲ့လက်ရှိရောက်ဆဲ အသက်ကို (၇)နဲ့ စားလို့ ၁ကြွင်းတဲ့ ၂၂နှစ်၊ ၂၉နှစ်၊ ၃၆နှစ်၊ ၄၃နှစ် စတဲ့ အသက်ပိုင်းတွေမှာ အိုးအိမ် နေရာထိုင်ခင်း ၊ ဌာန အပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ကြာသပတေးနေ့ဖွားအနေနဲ့ကတော့ မိမိရဲ့အသက်ကို (၇) နဲ့ စားလို့ ၅-ကြွင်းတဲ့ ၁၉နှစ်၊ ၂၆နှစ်၊ ၃၃နှစ်၊ ၄၀နှစ် စတဲ့ အသက်ပိုင်းတွေမှာ အိုးအိမ်နေရာထိုင်ခင်း ၊ ဌာန အပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။
သောကြာနေ့ဖွားများအနေနဲ့ မိမိတို့ရဲ့ အသက်ကို (၇)နဲ့ စားလို့ ၆-ကြွင်းတဲ့ ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ် စတဲ့ အသက်ပိုင်းတွေမှာ အိုးအိမ်နေရာထိုင်ခင်း ၊ ဌာန အပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။
စနေနေ့ဖွားများအတွက်ကတော့ မိမိတို့ရဲ့ အသက်ကို (၇)နဲ့စားလို့ ၄ကြွင်းတဲ့ ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉နှစ် စတဲ့အသက်ပိုင်းတွေမှာ အိုးအိမ်နေရာထိုင်ခင်း ၊ ဌာန အပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။
ဒါကတော့ မြန်မာ့လက်ဆန်းဗေဒင်ပညာရပ်ဖြစ်တဲ့ သေသဝိဇ္ဇာဗေဒင်ပညာအရ နေ့နံအလိုက် နေရာထိုင်ခင်း ပြောင်းလဲတတ်တဲ့ အသက်ပိုင်းများဖြစ်ပါတယ်။  တကယ်လို့ ကိုယ်ကိုတိုင်က အခုလို အပြောင်းအလဲတွေ လုပ်ချင်တယ် ဆိုရင်တော့ ဒီအသက်ပိုင်းတွေ ဝင်လာချိန်မှာ ကြံစည်အားထုတ်ရင် အောင်မြင်လွယ်တယ်ဆိုတဲ့ အကြောင်း အသိပေးလိုက်ရပါတယ်။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)