တွက်ရချက်ရ လွယ်ကူသလို အထိုက်အလျောက် မှန်ကန်မှုလည်း ရှိတဲ့ မြန်မာ့ဗေဒင်ကိန်းခန်းလေးတစ်ခုကို ဗေဒင် ဗဟုသုတအနေနဲ့ ဖော်ပြချင်ပါတယ်။
ဒီဗေဒင်တွက်နည်းလေးကို ရှေးပညာရှင်တွေက စုတ်လာဘ်တွက်နည်း (တနည်း) ရောက်ဆဲအသက်အလိုက် ဘာစုတ်ရသလဲ အဖြေရှာတဲ့နည်းအဖြစ် မှတ်တမ်းတင်ခဲ့ကြပါတယ်။
လက်တွေ့မှာလည်း တိုက်ဆိုင်မှန်ကန်တာတွေ ရှိနေလို့ ကိုယ်တိုင် တွက်ကြည့်ရအောင်ပါ။ တွက်နည်းလေးက လွယ်ပါတယ်။ ကိုယ့်ရဲ့ရောက်ဆဲအသက်ကို တည် ၊ (၉) နဲ့ စားပြီး ရလာတဲ့အကြွင်းအလိုက် ဟောကိန်းတွေကို ဖတ်ကြည့်ရုံပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ရောက်ဆဲအသက်ဆိုတာ ဥပမာ ကိုယ်က (၁၀.၈.၁၉၈၄) မှာ မွေးဖွားခဲ့တယ်ဆိုရင် အခု ၁၀.၈.၂၀၂၂ ကနေ နုတ်လိုက်ရင် ၃၈ နှစ် ပြည့်မှာပါ။ ၃၈ နှစ် ပြည့်လို့ တစ်ရက်ကျော်တာနဲ့ ၃၉ နှစ်ထဲကို ရောက်တော့မှာဖြစ်လို့ ရောက်ဆဲအသက်ဟာ ၃၉ နှစ် ဖြစ်ပါတယ်။ ဒီအချက်ကိုတော့ မမှားအောင် သတိပြုပေးပါ။
အကြွင်းအလိုက် တစ်နှစ်တာအဟောများ
(၁) ကြွင်း ရာဇစုတ် – အကြီးအကဲတွေက ကူညီမစမယ်။ အစိုးရပိုင်းတွေ၊ သြဇာအာဏာကြီးသူတွေဆီကလည်း ကူညီပံ့ပိုးမှုတွေ ရတတ်တယ်။ အစိုးရနဲ့ ဆက်စပ်တဲ့ လုပ်ငန်းဆောင်တာတွေ ဖြစ်ထွန်း အောင်မြင်တတ်တယ်။
(၂) ကြွင်း ဓနစုတ် – ငွေရေးကြေးရေးမှာ ကံကောင်းမယ်။ ပစ္စည်းဥစ္စာတွေ ဝင်လာတတ်တယ်။ ဓနစုတ် ရတဲ့နှစ် ဖြစ်လို့ စီးပွားရှာလို့ အဆင်ပြေမယ်။ ဘယ်လောက်ပဲ အခက်အခဲ ရှိပါစေ၊ ကိုယ့်အတွက် ထွက်ပေါက် ရှိနေမယ်။
(၃) ကြွင်း သီလစုတ် – နာမည်ဂုဏ်သတင်း ကျော်ကြားမယ်။ ဒီနေ့ခေတ်ကာလမှာ နာမည်ကျော်ကြားချင်မှုကိုမှ လိုချင်သူတွေ ဆန္ဒပြည့်ဝမယ်။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို လူတွေ အသိအမှတ်ပြုမယ်။ လူသိများလာမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
(၄) ကြွင်း ကမ္မစုတ် – လုပ်စရာကိုင်စရာတွေ၊ တာဝန်ဝတ္တရားတွေ များပြားလာမယ်။ အကြောင်းကိစ္စပေါင်းစုံနဲ့ အချိန်ကုန်လူပန်း ဖြစ်ရတတ်တယ်။ လုပ်စရာတွေက တစ်ခုပြီးတစ်ခု ပေါ်လာမယ်။ အမှုကိစ္စ များမြောင်မယ်။
(၅) ကြွင်း ဆတ္တစုတ် – ကျောထောက်နောက်ခံ အမှီကောင်းတွေ ရလာမယ်။ နောက်ကနေ ကူညီပံ့ပိုးသူတွေပါ ရရှိမယ်။ အိုးအိမ်မြေနေရာကိစ္စတွေ အောင်မြင်မယ်။ အိမ်၊ ခြံမြေ ဝင်တတ်တယ်။ အိမ်မြေ အဝင်ကောင်းမယ်။
(၆) ကြွင်း ယာယီစုတ် – အိမ်ရာ အတည်မကျ ဖြစ်တတ်တယ်။ ဟိုပြောင်းဒီရွှေ့ကိစ္စတွေ များလာတတ်တယ်။ တစ်နေရာတည်း အတည်မကျဘဲ ဖြစ်နေမယ်။ ခရီးတွေ များတတ်တယ်။ ကျန်းမာရေး အားနည်းချူချာမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
(၇) ကြွင်း မရဏစုတ် – သူတပါးပယောဂကြောင့် ဒုက္ခ ရောက်ရတတ်တယ်။ သေချင်စော်နံအောင် စိတ်ညစ်ရ ပူပန်ရတတ်တယ်။ သူများချောက်တွန်းလို့လည်း နစ်မွန်းရတတ်တယ်။ အစစအရာရာမှာ သတိထားသင့်တယ်။
(၈) ကြွင်း ဇေယျစုတ် – ကြံစည်အားထုတ်သမျှ အောင်မြင်ကိန်း ရှိတယ်။ ကိုယ့်ဘက်က အားစိုက်မှုလေးတွေ နည်းနည်း ထည့်ပေးရုံနဲ့ တော်ရုံတန်ရုံကိစ္စတွေ လွယ်ကူအောင်မြင်လိမ့်မယ်။ ကံတရားက ပံ့ပိုးကူညီလာမယ်။
(ဝ) ကြွင်း ဒုက္ခစုတ် – ဘေးအန္တရာယ် သင့်တတ်တယ်။ အခက်အခဲတွေ ဘက်ပေါင်းစုံက ပေါ်ပေါက်လာမယ်။ မကျန်းမမာ ဖြစ်တတ်တယ်။ ဒုက္ခပါပဲလို့ ခဏခဏ ညည်းယူရလိမ့်မယ်။ ဒါပေမယ့် ဖြတ်ကျော်သွားနိုင်ပါမယ်။
မှတ်ချက် – ဒီအဟောတွေဟာ ယေဘုယျဆန်ပြီး တစ်ဦးတစ်ယောက်ချင်းရဲ့မူလဇာတာတွေနဲ့ စစ်ဆေးတာမျိုး မဟုတ်တဲ့အတွက် ဖြစ်ကို ဖြစ်ရမယ်လို့ ယတိပြတ် မမှတ်ယူသင့်ဘဲ ကိုယ့်ရောက်ဆဲအသက်အလိုက် သတိပြု ဆင်ခြင်စရာတွေကို ကြိုသိထားနိုင်ဖို့သာ ရည်ရွယ်ပါတယ်။
ရောက်ဆဲအသက်တိုင်းမှာ ဘေးကင်းချမ်းသာကြပါစေ ဧက (ဗေဒင်သုတ)
Zawgyi Font
တြက္ရခ်က္ရ လြယ္ကူသလို အထိုက္အေလ်ာက္ မွန္ကန္မႈလည္း ရွိတဲ့ ျမန္မာ့ေဗဒင္ကိန္းခန္းေလးတစ္ခုကို ေဗဒင္ ဗဟုသုတအေနနဲ႔ ေဖာ္ျပခ်င္ပါတယ္။
ဒီေဗဒင္တြက္နည္းေလးကို ေရွးပညာရွင္ေတြက စုတ္လာဘ္တြက္နည္း (တနည္း) ေရာက္ဆဲအသက္အလိုက္ ဘာစုတ္ရသလဲ အေျဖရွာတဲ့နည္းအျဖစ္ မွတ္တမ္းတင္ခဲ့ၾကပါတယ္။
လက္ေတြ႕မွာလည္း တိုက္ဆိုင္မွန္ကန္တာေတြ ရွိေနလို႔ ကိုယ္တိုင္ တြက္ၾကည့္ရေအာင္ပါ။ တြက္နည္းေလးက လြယ္ပါတယ္။ ကိုယ့္ရဲ႕ေရာက္ဆဲအသက္ကို တည္ ၊ (၉) နဲ႔ စားၿပီး ရလာတဲ့အႂကြင္းအလိုက္ ေဟာကိန္းေတြကို ဖတ္ၾကည့္႐ုံပါပဲ။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကို ခြင့္မျပဳပါ)
ေရာက္ဆဲအသက္ဆိုတာ ဥပမာ ကိုယ္က (၁၀.၈.၁၉၈၄) မွာ ေမြးဖြားခဲ့တယ္ဆိုရင္ အခု ၁၀.၈.၂၀၂၂ ကေန ႏုတ္လိုက္ရင္ ၃၈ ႏွစ္ ျပည့္မွာပါ။ ၃၈ ႏွစ္ ျပည့္လို႔ တစ္ရက္ေက်ာ္တာနဲ႔ ၃၉ ႏွစ္ထဲကို ေရာက္ေတာ့မွာျဖစ္လို႔ ေရာက္ဆဲအသက္ဟာ ၃၉ ႏွစ္ ျဖစ္ပါတယ္။ ဒီအခ်က္ကိုေတာ့ မမွားေအာင္ သတိျပဳေပးပါ။
အႂကြင္းအလိုက္ တစ္ႏွစ္တာအေဟာမ်ား
(၁) ႂကြင္း ရာဇစုတ္ – အႀကီးအကဲေတြက ကူညီမစမယ္။ အစိုးရပိုင္းေတြ၊ ၾသဇာအာဏာႀကီးသူေတြဆီကလည္း ကူညီပံ့ပိုးမႈေတြ ရတတ္တယ္။ အစိုးရနဲ႔ ဆက္စပ္တဲ့ လုပ္ငန္းေဆာင္တာေတြ ျဖစ္ထြန္း ေအာင္ျမင္တတ္တယ္။
(၂) ႂကြင္း ဓနစုတ္ – ေငြေရးေၾကးေရးမွာ ကံေကာင္းမယ္။ ပစၥည္းဥစၥာေတြ ဝင္လာတတ္တယ္။ ဓနစုတ္ ရတဲ့ႏွစ္ ျဖစ္လို႔ စီးပြားရွာလို႔ အဆင္ေျပမယ္။ ဘယ္ေလာက္ပဲ အခက္အခဲ ရွိပါေစ၊ ကိုယ့္အတြက္ ထြက္ေပါက္ ရွိေနမယ္။
(၃) ႂကြင္း သီလစုတ္ – နာမည္ဂုဏ္သတင္း ေက်ာ္ၾကားမယ္။ ဒီေန႔ေခတ္ကာလမွာ နာမည္ေက်ာ္ၾကားခ်င္မႈကိုမွ လိုခ်င္သူေတြ ဆႏၵျပည့္ဝမယ္။ ကိုယ့္ရဲ႕ႀကိဳးစားအားထုတ္မႈကို လူေတြ အသိအမွတ္ျပဳမယ္။ လူသိမ်ားလာမယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကို ခြင့္မျပဳပါ)
(၄) ႂကြင္း ကမၼစုတ္ – လုပ္စရာကိုင္စရာေတြ၊ တာဝန္ဝတၱရားေတြ မ်ားျပားလာမယ္။ အေၾကာင္းကိစၥေပါင္းစုံနဲ႔ အခ်ိန္ကုန္လူပန္း ျဖစ္ရတတ္တယ္။ လုပ္စရာေတြက တစ္ခုၿပီးတစ္ခု ေပၚလာမယ္။ အမႈကိစၥ မ်ားေျမာင္မယ္။
(၅) ႂကြင္း ဆတၱစုတ္ – ေက်ာေထာက္ေနာက္ခံ အမွီေကာင္းေတြ ရလာမယ္။ ေနာက္ကေန ကူညီပံ့ပိုးသူေတြပါ ရရွိမယ္။ အိုးအိမ္ေျမေနရာကိစၥေတြ ေအာင္ျမင္မယ္။ အိမ္၊ ၿခံေျမ ဝင္တတ္တယ္။ အိမ္ေျမ အဝင္ေကာင္းမယ္။
(၆) ႂကြင္း ယာယီစုတ္ – အိမ္ရာ အတည္မက် ျဖစ္တတ္တယ္။ ဟိုေျပာင္းဒီေ႐ႊ႕ကိစၥေတြ မ်ားလာတတ္တယ္။ တစ္ေနရာတည္း အတည္မက်ဘဲ ျဖစ္ေနမယ္။ ခရီးေတြ မ်ားတတ္တယ္။ က်န္းမာေရး အားနည္းခ်ဴခ်ာမယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကို ခြင့္မျပဳပါ)
(၇) ႂကြင္း မရဏစုတ္ – သူတပါးပေယာဂေၾကာင့္ ဒုကၡ ေရာက္ရတတ္တယ္။ ေသခ်င္ေစာ္နံေအာင္ စိတ္ညစ္ရ ပူပန္ရတတ္တယ္။ သူမ်ားေခ်ာက္တြန္းလို႔လည္း နစ္မြန္းရတတ္တယ္။ အစစအရာရာမွာ သတိထားသင့္တယ္။
(၈) ႂကြင္း ေဇယ်စုတ္ – ႀကံစည္အားထုတ္သမွ် ေအာင္ျမင္ကိန္း ရွိတယ္။ ကိုယ့္ဘက္က အားစိုက္မႈေလးေတြ နည္းနည္း ထည့္ေပး႐ုံနဲ႔ ေတာ္႐ုံတန္႐ုံကိစၥေတြ လြယ္ကူေအာင္ျမင္လိမ့္မယ္။ ကံတရားက ပံ့ပိုးကူညီလာမယ္။
(ဝ) ႂကြင္း ဒုကၡစုတ္ – ေဘးအႏၲရာယ္ သင့္တတ္တယ္။ အခက္အခဲေတြ ဘက္ေပါင္းစုံက ေပၚေပါက္လာမယ္။ မက်န္းမမာ ျဖစ္တတ္တယ္။ ဒုကၡပါပဲလို႔ ခဏခဏ ညည္းယူရလိမ့္မယ္။ ဒါေပမယ့္ ျဖတ္ေက်ာ္သြားႏိုင္ပါမယ္။
မွတ္ခ်က္ – ဒီအေဟာေတြဟာ ေယဘုယ်ဆန္ၿပီး တစ္ဦးတစ္ေယာက္ခ်င္းရဲ႕မူလဇာတာေတြနဲ႔ စစ္ေဆးတာမ်ိဳး မဟုတ္တဲ့အတြက္ ျဖစ္ကို ျဖစ္ရမယ္လို႔ ယတိျပတ္ မမွတ္ယူသင့္ဘဲ ကိုယ့္ေရာက္ဆဲအသက္အလိုက္ သတိျပဳ ဆင္ျခင္စရာေတြကို ႀကိဳသိထားႏိုင္ဖို႔သာ ရည္႐ြယ္ပါတယ္။
ေရာက္ဆဲအသက္တိုင္းမွာ ေဘးကင္းခ်မ္းသာၾကပါေစ ဧက (ေဗဒင္သုတ)
(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)