အင်္ဂလိပ်ဘာသာစကားမှာ A, E, I, O, U ဆိုတဲ့ သရ ၅ လုံး ရှိပါတယ်။ ဂဏန်းဗေဒင်မှာတော့ Y တစ်လုံးကို ထပ်တိုးပြီး သရ ၆ လုံးအဖြစ် ယူဆ တွက်ချက်ပါတယ်။
ဥပမာ ကိုယ့် နာမည်က Soe Win Myint ဆိုပါစို့။ အင်္ဂလိပ်သရထဲက E တစ်လုံး၊ O တစ်လုံး၊ I နှစ်လုံးနဲ့ Y တစ်လုံး ပါဝင်နေတာ တွေ့ရမှာပါ။ အဲလို ပါနေရင် ဘာဖြစ်မလဲ၊ အဲဒီ အင်္ဂလိပ်သရတွေမှာ ဘယ်လို ဂုဏ်သတ္တိတွေ ပါဝင် တည်ရှိနေသလဲ ဆိုတာ ဖတ်ကြည့်ပါဦး။
A – နာမည်မှာ A စာလုံးတွေ များများ ပါလာရင် တီထွင်တတ်မယ်။ ပင်ကိုယ်ဉာဏ် ကောင်းပြီး ကြိုးစားတဲ့ သဘောတွေ ရှိနေပါတယ်။ ရောဂါအားဖြင့် အဆုတ်မှာ ထိခိုက်နိုင်ပါတယ်။
E – နာမည်မှာ E စာလုံးတွေ များများ ပါဝင်နေရင် စိတ် မခိုင်တတ်ပါဘူး။ အပြောင်းအလဲ မြန်ဆန်တတ်ပါတယ်။ ပညာတွေကို တတ်လွယ်သင်လွယ်ပါမယ်။ ငွေကြေးလာဘ်ရွှင်လေ့ ရှိပါတယ်။ ဆီးရောဂါ ဖြစ်တတ်ပါတယ်။
I – နာမည်မှာ I စာလုံးတွေ များများ ပါရင် တစ်ယောက်တည်း နေရတာ ကြိုက်မယ်။ စိတ်လွတ်ကိုယ်လွတ် နေချင်မယ်။ နှလုံးသားခံစားမှုကို ဦးစားပေးတတ်ပါတယ်။ ဝမ်းဗိုက် ရင်ဘတ်တွေမှာ ဥပါဒ် ဖြစ်နိုင်ပါတယ်။
O – နာမည်မှာ O စာလုံးတွေ များများ ပါနေရင် စကား ပြောကောင်းပြီး စေ့စပ်သေချာမှု ရှိပါမယ်။ ဝေ့လည် ကြောင်ပတ်တွေလည်း လုပ်တတ်ပါမယ်။ အိမ်ထောင်ရေး စိတ်ညစ်စရာ ကြုံတတ်ပါတယ်။ နှလုံးနဲ့ ပတ်သက်တဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။
U – နာမည်မှာ U စာလုံးတွေ များနေရင် စိတ်က အမြဲ ဒွိဟ ဖြစ်တတ်ပါတယ်။ အတွေ့အကြုံတွေ များပြီး မတော်တဆ ထိခိုက်မှုလည်း ဖြစ်တတ်ပါတယ်။ လည်ချောင်းမှာ ရောဂါ ရတတ်ပါတယ်။
Y – နာမည်မှာ Y စာလုံးတွေ များများ ပါဝင်နေရင် ထူးထူးဆန်းဆန်းဆို စိတ်ဝင်စားမယ်။ အစဉ်သဖြင့် လုပ်ငန်း ၂ မျိုး၊ ဝင်ငွေကလည်း ၂ မျိုး ဖြစ်နေတတ်ပါတယ်။ စိတ်ဝေဒနာပိုင်း ခံစားရတတ်ပါတယ်။ ကိုးကား (ဆရာကြီးမင်းသိင်္ခ၏ မနောမယ မြသက်လယ် ဝထ္ထု)
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)