အကြွင်း (၃) ရသော အသက်ပိုင်းများ ကံဇာတာ

ဘယ်နေ့သားသမီးမဆို ကိုယ့်အသက်ကို တည် (၇) နဲ့ စားပါ။ အကြွင်း (၃) ရလာမယ်ဆိုရင် အဲဒီအသက်ပိုင်းတွေမှာ

(၁) ဘာပဲလုပ်လုပ် ဖြည်းဖြည်းမှန်မှန် ဇွဲနဲ့ သည်းခံပြီး လုပ်ကိုင်ခြင်းအားဖြင့်သာ အောင်မြင်တတ်သော နှစ်မျိုး ဖြစ်လာပါပြီ။(၂) စိတ်မြန်ခြင်း ၊ လောကြီးခြင်း၊ သည်းမခံနိုင်ခြင်း၊ မော်ကြွားခြင်း၊ ကြွားဝါပလွှားလိုခြင်းများ ပြုမိတာနဲ့ ကံဆိုးခြင်းကပါ တစ်ပါတည်း တွဲပါလာမှာ မုချပါပဲ။

(၃) ဒီအသက်ပိုင်းမျိုးရောက်ချိန်တွေမှာ အမျိုးသမီးအကြီးအကဲတွေ ထိခိုက်ခြင်း ၊နစ်နာခြင်း၊ ကျန်းမာရေး အားနည်း စသည်ဖြင့် မကောင်းသော အချင်းအရာလေးတွေ ဖြစ်လာတတ်ပါတယ်။ (၄) ရှေးယခင်က လိပ်ခဲတည်းလည်း ..မပြတ်မသားဖြစ်နေရသည့် ကဏ္ဍမျိုးတွေ ရှိနေခဲ့ရင် ဒီအသက်ပိုင်းမျိုး ကြုံချိန်မှာ ဇာတ်သိမ်းခန်း ရောက်လာတတ်ပါတယ်။ တနည်းအားဖြင့် နိဂုံးချုပ်ဇာတ်သိမ်းခန်း ရောက်သွားတတ်တဲ့ အသက်ပိုင်းမျိုးလို့ ဆိုရပါမယ်။

(၅) ဒီအသက်ပိုင်းတွေ ရောက်ချိန်မှာ….ဆွေမျိုးသွေးသား ရေးရာကဏ္ဍတွေ ရှုပ်ထွေးတတ်ကြပါတယ်။ အနေမတတ်ရင် ကိုယ်ပါ ကြားညပ်လွယ်တဲ့ ကာလလည်း ဖြစ်ပါတယ်။ (၆) ဒီအသက်ပိုင်းမျိုးမှာ ငွေကြေးလည်ပတ်စီးဆင်းမှု အားနည်းသွားတတ်ပါတယ်။ အင်မတန်ချမ်းသာတဲ့ သူတောင် လုပ်ငန်းလည်ပတ် ငွေကြေးပိုင်းဆိုင်ရာ စီးဆင်းမှု နှေးကွေးသွားတာမျိုး ကြုံရတတ်ပါတယ်။

(၇) ဒီအသက်ပိုင်းမျိုး ရောက်ချိန်မှာ သူတစ်ပါး အကြံပေးတာကို အလွယ်တစ်ကူ လက်မခံသင့်တော့ပါ။ အဆင်မသင့်ရင် အကြီးအကျယ် မှားယွင်းသွားနိုင်တာ……၊ တနည်းအားဖြင့် ..အကြံလွဲကို ဉာဏ်နည်းစွာ လက်ခံလိုက်မိတတ်တာ …ဒီလိုအသက်ပိုင်းမျိုးမို့ ဖြစ်ပါတယ်။

ရေးသလောက်ကျယ်ပြန့်နိုင်သလို…အမည်တစ်ခုချင်းစီအလိုက်၊ မွေးနံတစ်ခုချင်းဆီအလိုက်လည်း ကွာဟမှုတွေ အများကြီးလည်း ရှိတာမို့ လောလောဆယ်တော့ ဒီမျှနဲ့ ကျေနပ်ကြပါခင်ဗျား။

ပြုအပ်သော သဘာဝယတြာများ – အထက်ပါအသက်ပိုင်းမျိုး ရောက်လာပြီဆိုရင်……ဘာပဲလုပ်လုပ် စိတ်ရှည်ပါ။ သည်းခံပါ။ လိုအပ်ရင် ခေါင်းငုံ့ချိုးနှိမ် နေတတ်အောင် ကြိုးစားပါ။ အရောင်နုနုတွေ၊ ကလက်တက်တက်တွေ မဝတ်စားမဆင်ရင်သင့်ပါ။ အရောင်ရင့်များက ကံကောင်းစေမှုကို ပိုမိုပေးတတ်သော အသက်ပိုင်းတွေ ဖြစ်ပါတယ်။ ပြီးတော့ သံမဏိစစ်စစ်ကို မိမိအသားနဲ့ နီးကပ်စွာ ဆင်ယင်ထားခြင်းအားဖြင့် ကံကောင်းမှု ရရှိစေတတ်သော အသက်ပိုင်းလို့လည်း ဆိုနိုင်ပါတယ်။

ဗုဒ္ဓဘာသာဝင်များအဖို့ကတော့ …ဒီအသက်ပိုင်းမျိုးမှာ….ဘာကုသိုလ်ပဲပြုပြု…ယနေ့ပြုရသော ကုသိုလ်အမှု အဖို့ဘာဂအ၀၀တို့အား စနေဂြိုဟ်ကို အစိုးရသော စနေဂြိုဟ်နတ်မင်းကြီးနှင့်တစ်ကွ ဝေနေယျအပေါင်းတို့ကို အမျှကုသိုလ် ပေးဝေပါ၏ ဆိုပြီး ကောင်းစွာအမျှပေးေ၀ သင့်သော အသက်ပိုင်းမျိုးတို့ ဖြစ်ပါကြောင်း…။ လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)