မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် (၁၇.၄.၂၀၂၄ မှ ၁၆.၄.၂၀၂၅ အတွင်း) တနင်္ဂနွေအစ စနေအဆုံး ၇ နေ့ဖွားများ အတွက် အချစ်ရေး မေတ္တာရေးကံ အနေအထားကိုဖော်ပြပေးပါမည်။
မြန်မာ့မဟာဘုတ်ဗေဒင်ပညာရပ်ကြီးအရ လာမည့် ၁၃၈၆ ခုနှစ်သည် ဝ-ကြွင်းသောနှစ် ဖြစ်သည်။ ကောဇာသက္ကရာဇ်အရ မေတ္တာရေး နှလုံးသားရေးရာကိစ္စများ ထူးခြားသော အပြောင်းအလဲများဖြစ်ပေါ်မှုများရှိလာတတ်မည်။
ထူးခြားသော စိတ်ကူးယဉ်ဆန်ဆန် ချစ်ဇာတ်လမ်းများ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းထက် သာလွန်သော မေတ္တာရေးရာခံစားမှုများ လူသားအများစုတွင် ပေါ်ပေါက်လာတတ်သော နှစ်မျိုးဖြစ်သည်။
အတတ်ပညာရှင် လူသိထင်ရှားသော ပညာရှင်ပုဂ္ဂိုဟ်များအတွက်လည်း ချစ်မှုရေးရာ မေတ္တာရေးရာကိစ္စများ စိန်ခေါ်မှုများရှိလာတတ်သောနှစ်မျိုးဖြစ်ပါသည်။
နေ့ဖွားအလိုက် မေတ္တာရေးကံကိုဖော်ပြရသော်…
တနင်္ဂနွေနေ့ဖွားများ
စန်းပွင့်လန်းမှုများတတ်သောနှစ်မျိုးဖြစ်သည်။ တစ်ကိုယ်တည်းသမားများအဖို့ ချစ်သူသစ်ရခြင်း၊ ချစ်သူရှိပြီးသူများ ချစ်သူသစ်ပေါ်ပေါက်တတ်ခြင်းမျိုးထိ ဖြစ်ပေါ်တတ်သည်။ သို့သော် မေတ္တာရေးပိုင်းတွင် မိမိစိတ်ကို မိမိနားမလည်တတ်ခြင်း နှင့် ခဏတာပျော်ရွှင်မှုကို တစ်ဘဝစာအဖြစ်မှတ်ယူမိခြင်းမျိုးဖြစ်တတ်သည်။ ၎င်းစိတ်ပိုင်းဆိုင်ရာပြဿနာကို ဖြေရှင်းနိုင်ပါမူ တစ်နှစ်တာအတွက် ပျော်ရွှင်မှုကို ခံစားရမည့်နှစ်မျိုးဖြစ်သည်။
တနင်္လာနေ့ဖွားများ
မထင်မှတ်ထားသော အပြောင်းအလဲများကြုံရတတ်သည့်နှစ်မျိုးဖြစ်သည်။ တစ်ကိုယ်တည်းသမားများအဖို့ မိမိနှစ်သက်သည်က တစ်ယောက် မိမိကို နှစ်သက်သည်က တစ်ယောက် လွဲချော်တတ်သည်။ ချစ်သူစုံတွဲများအဖို့ အဆင်ပြေလိုက် ရန်ပြဿနာဖြစ်လိုက်နှင့် ထိန်းညှိရန်ခက်ခဲသောနှစ်မျိုးဖြစ်သည်။
အင်္ဂါနေ့ဖွားများ
အနီးနားမှသူများနှင့် စိတ်ယိမ်းယိုင်လွယ်တတ်သောနှစ်မျိုးဖြစ်သည်။ စိတ်ဆုံးဖြတ် မပြတ်သားခြင်း ၊ ဖွင့်ဟဝန်ခံရန် အခြေအနေမပေးတတ်ခြင်းများကြုံရတတ်သည်။ ကာလအတန်ကြာ လက်တွဲခဲ့သူများအဖို့ ပျော်ရွှင်ဖွယ်ကိစ္စများကြုံရမည်။
ဗုဒ္ဓဟူးနေ့ဖွားများ
မေတ္တာရေးကံပွင့်လန်းသောနှစ်မျိုးဖြစ်သည်။ ပြီးခဲ့သောနှစ်က လွဲချော်ခဲ့သော နှလုံးသားရေးရာကိစ္စများ ယခုနှစ်တွင် ကောင်းမွန်သောကံတရားကို ခံစားရမည်။ တန်ဖိုးထားသောသူမျိုးနှင့်ဆုံစည်းရတတ်မည်။ ချစ်သူစုံတွဲများအတွက် တူနှစ်ကိုယ် ရည်ရွယ်ရာပန်းတိုင်သို့ရောက်တတ်မည်။
ကြာသပတေးနေ့ဖွားများ
မေတ္တာရေးတွင် ကံအားနည်းတတ်သောနှစ်မျိုးဖြစ်သည်။ မျှော်လင့်ထားသည်နှင့် လက်တွေ့ဖြစ်ရပ်များတွင် ကွာခြားချက်များနေတတ်မည်။ ကာလအတန်ကြာ လက်တွဲခဲ့သူများအဖို့ အလုပ်သဘာဝကြောင့်ဖြစ်စေ ဘဝကံအကြောင်းတစ်ခုကြောင့် ဖြစ်စေ အနေဝေးနေတတ်သည်။
သောကြာနေ့ဖွားများ
မိမိထက် ကြီးကဲသူများနှင့် မေတ္တာရေးကိစ္စပေါ်တတ်သည်။ ပျိုရွယ်သူများအဖို့ အပြိုင်အဆိုင် များတတ်သော မေတ္တာရေးကံမျိုးဖြစ်တတ်သည်။ တိုက်ယူမှရတတ်သော ကံမျိုးဖြစ်တတ်သည်။ ချစ်သူစုံတွဲများအဖို့ မကြာခဏ ကတောက်ကဆ ဖြစ်တတ်သောနှစ်ဖြစ်သည်။
စနေနေ့ဖွားများ
ခိုင်မာသော မေတ္တာရေးမျိုးပေါ်ပေါက်တတ်သည်။ တစ်ကိုယ်တည်းသမားများအဖို့ မိမိထက် အဆင့်တန်းမြင့်သူမျိုးနှင့် ဆုံစည်းခွင့်ရတတ်သည်။ စန်းကောင်းခြင်း လူချစ်လူခင်များခြင်းများ ဖြစ်ပေါ်လာမည်။ ချစ်သူရည်းစားများအဖို့ ပျော်ရွှင်ကြည်နူးဖွယ် အခိုက်အတန့်များဖြတ်သန်းရမည့်နှစ်ဖြစ်သည်။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)