၂၀၂၄ ခုနှစ်အတွင်း ရာသီခွင် ၁၂ ပါးရဲ့ အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းကံဇာတာ အကောင်းအဆိုး အခြေအနေတွေကို ဟောကိန်းထုတ် ဖော်ပြလိုက်ပါတယ်။
မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉)
ဒီနှစ်မှာ လုပ်ငန်းစီးပွားအခြေအနေက ကောင်းလိုက်၊ ညံ့လိုက်နဲ့ ဖြစ်နေတတ်ပေမယ့် ကိုယ်ကြိုးစားသမျှတွေကို ကိုယ်တိုင် ပြန်ခံစားခွင့် ရမှာပါ။ ဘယ်လို အနှောင့်အယှက်တွေ ရှိပါစေ၊ ကိုယ်လုပ်စရာရှိတာကို အာရုံစူးစိုက်ပြီး လုပ်ကိုင်ရင် အောင်မြင်ပါလိမ့်မယ်။ ၈ လပိုင်းမှာ ကံခေတတ်ပြီး ၉ လပိုင်း၊ ၁၀ လပိုင်းမှာ ကံကောင်းပါမယ်။
ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)
အခက်အခဲနဲ့ အောင်မြင်မှုက ယှဉ်တွဲနေမယ့်နှစ် ဖြစ်ပြီး ဘယ်အရာမှ အချောင်မရဘဲ အသေအလဲ ကြိုးစားရဖို့ ဖြစ်လာပါလိမ့်မယ်။ မမျှော်လင့်တဲ့ အချိုးအကွေ့တွေနဲ့ ကြုံရတတ်ပေမယ့် ကိုယ့်ရည်မှန်းချက်ကို မပျောက်ဘဲ ဇွဲနဘဲနဲ့ ကြိုးစားသင့်ပါတယ်။ ၃ လပိုင်း၊ ၄ လပိုင်းနဲ့ ၁၂ လပိုင်းတွေမှာ လုပ်ငန်းအခွင့်အလမ်း ပေါ်နိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀)
ဒီနှစ်မှာ အလုပ်နဲ့မဆိုင်တာကို ဘေးဖယ်ထားပြီး ကိုယ့်တာဝန်ကို အကောင်းဆုံး လုပ်သွားရင် ဖြည်းဖြည်းမှန်မှန် တိုးတက်မှုကို မြင်ရပါလိမ့်မယ်။ ရာထူးတိုးတာ၊ ချီးမြှင့်မြှောက်စားခံရတာတွေ ကြုံရတတ်ပေမယ့် လုပ်ငန်းခွင်မှာ ပဋိပက္ခလေးတွေတော့ ဖြစ်တတ်ပါတယ်။ ၃ လပိုင်းကနေ ၅ လပိုင်းအထိ အဆင်ပြေကံကောင်းတတ်ပါတယ်။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂)
အလုပ်အကိုင်၊ အသက်မွေးမှုအခြေအနေ တိုးတက်ကောင်းမွန်မယ့်နှစ် ဖြစ်ပြီး အရင်က ကြိုးစားခဲ့သမျှတွေကို ခုချိန်မှာ အကျိုးခံစားရပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်ရင် စိတ်ထဲ ခံစားမနေဘဲ လုပ်စရာရှိတာကိုသာ လုပ်ပါ။ သူ့အလိုလို အဆင်ပြေသွားပါမယ်။ နှစ်လယ်ပိုင်းတွေမှာ ညံ့ပေမယ့် နှစ်ကုန်ပိုင်းမှာတော့ ကံကောင်းနိုင်ပါတယ်။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂)
ကိုယ်မျှော်လင့်သလောက် မဟုတ်ပေမယ့် လုပ်သလောက်တော့ အောင်မြင်မယ့်နှစ် ဖြစ်ပါတယ်။ အလုပ်ကိစ္စနဲ့ မဆိုင်တဲ့ သူများပြဿနာ၊ အရှုပ်ထုပ်တွေထဲ ဝင်မပါအောင် သတိပြုပါ။ ပါဝင် ပတ်သက်မိရင် အလုပ်အပေါ်မှာ ထိခိုက်တတ်တယ်။ ၇ လပိုင်းမှာသာ အလုပ်ကံ ညံ့တတ်ပြီး ကျန်တဲ့လတွေမှာတော့ အဆင်ပြေတာ များမယ်။
ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂)
ဒီနှစ်မှာ အလုပ်ကိစ္စ အဆင်မပြေမှုတွေ မကြာခဏ ဖြစ်ပေါ်လာနိုင်ပြီး လုပ်ငန်းစီးပွားအခြေအနေ မတည်မငြိမ် ဖြစ်လွယ်တတ်ပါတယ်။ ဒါပေမယ့် အဆက်အသွယ်၊ အသိုင်းအဝိုင်းတွေကြောင့် အလုပ်မှာ အကူအညီကောင်း အထောက်အပံ့ကောင်း ရရှိတတ်ပါတယ်။ တစ်နှစ်တာလုံးမှာ အလုပ်၊ နေရာ အပြောင်းအလဲ ဖြစ်တတ်ပါတယ်။
တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂)
ဘယ်အလုပ်မျိုးမဆို ဒီနှစ်မှာ ကံအခွင့်အလမ်းတွေ အားသာလာပြီး လုပ်ကိုင်ကြံစည်သမျှ အောင်မြင်ကြီးပွားဖို့ လမ်းကြောင်းတွေ ပေါ်လာပါလိမ့်မယ်။ အကြံကောင်းတွေ ရလာနိုင်ပြီး ပတ်သက်ရာပတ်သက်ကြောင်းတွေက ကူညီမစလာတတ်ပါတယ်။ ၃ လပိုင်း၊ ၄ လပိုင်းမှာ ညံ့နိုင်ပြီး ၈ လပိုင်းကျော်ရင်တော့ ကံကောင်းတတ်ပါတယ်။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)
ဒီနှစ်မှာ အလုပ်အကိုင်၊ အသက်မွေးမှု အပြောင်းအလဲတွေ ဖြစ်တတ်ပေမယ့် ဖြစ်နိုင်ရင် မပြောင်းဘဲ နေတာက ပိုကောင်းနိုင်ပါတယ်။ အလုပ်မှာ အစွမ်းအစတွေ ပြနိုင်ပြီး ဘေးက မနာလိုသူတွေပါ ပေါများလာတတ်ပါတယ်။ အငြင်းပွားစရာတွေနဲ့ ဝေးဝေးနေတာသာ ကောင်းပါလိမ့်မယ်။ ၈ လပိုင်းနောက်မှာ ကံပိုကောင်းတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁)
အလုပ်အကိုင်ကံဇာတာ မတည်ငြိမ်ဘဲ အတက်အကျ၊ အနိမ့်အမြင့်တွေ မကြာခဏ ဖြစ်ပွားမယ့်နှစ် ဖြစ်ပါတယ်။ စိတ်ပျက်စရာတွေ၊ စိတ်ဖိစီးမှုတွေ များတတ်ပေမယ့် ဇွဲရှိရှိနဲ့ ကျော်ဖြတ်သင့်ပြီး အခက်အခဲနဲ့ အခွင့်အရေးတွေ တပြိုင်တည်း ပေါ်လာတတ်ပါတယ်။ ၄ လပိုင်း၊ ၈ လပိုင်းကြား ညံ့တတ်ပေမဲ့ နှစ်ကုန်ပိုင်းမှာ ကံကောင်းပါမယ်။
မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉)
ဒီနှစ်အတွင်း အလုပ်အကိုင်ကံဇာတာနဲ့ ပတ်သက်ရင် အာမခံချက်တွေ ရလာပြီး သေချာပေါက် အောင်မြင်မှုကို ရယူနိုင်ပါလိမ့်မယ်။ အပြောင်းအရွှေ့တွေ ဖြစ်လာရင်လည်း ကိုယ်သဘောကျတဲ့နေရာကိုမှ ရရှိတတ်ပါတယ်။ စပ်တူရှယ်ယာမျိုးတော့ ရှောင်ရပါမယ်။ အများအားဖြင့် တစ်နှစ်ပတ်လုံး အစစအရာရာ အဆင်ပြေနိုင်ပါတယ်။
ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈)
ဒီနှစ်မှာ အလုပ်တွေက ပုံမှန်ထက် ကောင်းလာနိုင်ပေမယ့် ငွေရေးကြေးရေးမှာတော့ ရလိုက်ကုန်လိုက် ဖြစ်ပြီး အဖတ်တင်တာ နည်းပါလိမ့်မယ်။ နိုင်ငံရပ်ခြားက လုပ်ငန်းအခွင့်အလမ်းတွေတော့ ပေါ်ပေါက်လာတတ်ပါတယ်။ နှစ်ဆန်းပိုင်းမှာ အလုပ်တွေ အရမ်း များနေတတ်ပြီး ၈ လပိုင်းနဲ့ ၉လပိုင်းတွေမှာ ကံဇာတာ တက်နေပါလိမ့်မယ်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)
လုပ်ငန်းစီးပွားကိစ္စတွေမှာ စိတ်ရှည်သည်းခံနိုင်ခြင်းက သော့ချက် ဖြစ်လာပြီး တဖြည်းဖြည်း တိုးတက်မှုကိုသာ မြင်တွေ့ရနိုင်ပါတယ်။ ဘယ်အရာမှ အလွယ်နဲ့ မရတတ်လို့ ကြိုးစားအားထုတ်နိုင်မှသာ အဆင်ပြေပါလိမ့်မယ်။ အလုပ်တွေ အတော်အသင့် ကောင်းမွန်ပေမယ့် ငွေဝင်သလောက် ကုန်ပေါက်တွေ ပြန်များမယ့်နှစ် ဖြစ်ပါတယ်။
လုပ်ငန်းစီးပွား ကံကောင်းကြပါစေ
ဧက (ဗေဒင်သုတ)