(၇) ရက်သားသမီးများအတွက် မြန်မာနှစ် ၁၃၈၆ ခုနှစ် ကံဇာတာ

မြန်မာနှစ် ၁၃၈၆ ခုနှစ် (17.4.2024 မှ 16.4.2025 အတွင်း) ၇ နေ့ဖွားများအတွက် ကံဇာတာအသီးသီးကို ဖော်ပြပေးပါမည်။ ၁၃၈၆ ခုနှစ်အတွင်း ကံဇာတာအင်အား အမြင့်မားဆုံးသည် ကြာသပတေးနေ့ဖွားများဖြစ်သည်။ မိတ်ဆွေကောင်း အကူအညီရခြင်း၊ လုပ်ပိုင်ခွင့် ဩဇာအာဏာတိုးတက်ခြင်း ရှိလာမည်။

ဒုတိယအနေဖြင့် သောကြာနေ့ဖွားများအတွက် ကံအားကောင်းမည့်နှစ်မျိုးဖြစ်သည်။ နေ့ဖွားအသီးသီးအတွက် ကံဇာတာမှာ အောက်ပါအတိုင်း ဖြစ်သည်။

*တနင်္ဂနွေနေ့ဖွားများ
မိတ်ဆွေကောင်းများထံမှ အကူအညီကောင်းများ ရရှိမည်။ ကိုယ်စွမ်းကိုယ်စ ရှိသလောက် မပြသနိုင်သော အနေအထားမျိုး ကြုံရတတ်မည်။ အိမ်ထောင်ရေး၊ မေတ္တာရေးကိစ္စများတွင် ပဋိပက္ခအချို့ ကြုံရတတ်မည်။ ငွေကြေးစီးပွားကံ မြင့်မားနေမည်။

*တနင်္လာနေ့ဖွားများ
ဆရာသမားအကြီးအကဲများနှင့် အလှမ်းဝေးသွားတတ်သည်။ လူချစ်လူခင်များခြင်း စန်းပွင့်ခြင်းကြုံမည်။ အိမ်တွင်းရေး စိတ်တိုင်းမကျစရာ များနေတတ်မည်။ ရပ်ဝေး နိုင်ငံခြားနှင့် ပက်သက်သော အကျိုးစီးပွားများ ဖြစ်ထွန်းမည်။ အိုးသစ်အိမ်သစ်ဝင်ခြင်း အိမ်ပြင်ဆောက်ရခြင်းများ ကြုံမည်။

*အင်္ဂါနေ့ဖွားများ
လုပ်ငန်းကိစ္စအကြံအစည်များ နှောင့်နှေးကြန့်ကြာတတ်ခြင်း နှင့် တစ်ပိုင်းတစ်စဖြစ်တတ်ခြင်းများ ကြုံရမည်။ မိမိရှာဖွေထားသောအကျိုးစီးပွား တပါးသူအတွက် ဖြစ်သွားတတ်သည်။ လာဘ်ဉီးလာဘ်ဖျားမှ အလှူဒါနပြုခြင်းကို အကျင့်တစ်ခု ပြုလုပ်ပါ။ အမွေကိစ္စများ အကျိုးခံစားရမည်။

*ဗုဒ္ဓဟူးနေ့ဖွားများ
ကိုယ်ပိုင်အစွမ်းအစအချို့ ပြန်လည်ပြသခွင့်ကြုံမည်။ တစ်စုံတစ်ခုအပေါ် သေချာပေါက်တွက်ဆထားခြင်းမျိုး မရှိသင့်။ လွဲချော်မှုအချို့ကြုံရတတ်သည်။ မေတ္တာရေး စန်းပွင့်ခြင်း ကောင်းသောအပြောင်းလဲကြုံခြင်းများ ရှိမည်။ အိမ်ထောင်ရေး အကောင်းအဆိုးရောထွေးနေတတ်မည်။ ငွေကြေး အစုလိုက်ပြုံလိုက် ဝင်တတ်မည်။

*ကြာသပတေးနေ့ဖွားများ
ကိုယ်ပိုင်အတတ်ပညာ ကိုယ်ပိုင်အတွေးအခေါ်ကို အသုံးချပြီး ဘဝတိုးတက်မှုရရှိမည်။ မိသားစု မိတ်ဆွေ အသင်းအဖွဲ့များနှင့် ပက်သက်လုပ်ဆောင်ရခြင်းများတွင် စိတ်ချမ်းမြေ့ရမည်။ ငွေကြေးကံကောင်းမှုကြုံရမည်။ အခြေခိုင်သော စီးပွားလုပ်ငန်းမျိုး လုပ်ဆောင်ရတတ်မည်။

*သောကြာနေ့ဖွားများ
စနစ်တကျစီမံခန့်ခွဲလုပ်ဆောင်ခြင်းများမှ အကျိုးမြတ်ကောင်း ရရှိခံစားရမည်။ ဘဏ်နှင့်ဆိုင်သောကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ အိုးအိမ်နေရာထိုင်ခင်း အသစ်ဝင်ခြင်း ကြုံရတတ်မည်။ ကျောထောက်နောက်ခံကောင်း ရရှိတတ်သောနှစ် ဖြစ်သည်။

*စနေနေ့ဖွားများ
ကံဇာတာ အနိမ့်အမြင့် အတက်အကျ များနေတတ်မည်။ မကြာခဏ ခရီးတိုလေးများသွားရတတ်သည်။ အိမ် ခြံ မြေကိစ္စများ အကျိုးမပေးသောကာလဖြစ်သည်။ မေတ္တာရေး အိမ်ထောင်ရေးတွင်လက်တွဲဖော်၏ အောင်မြင်မှု အဆင်ပြေမှုများကြုံရတတ်မည်။ ဝန်ထမ်းလုပ်ငန်းလုပ်သူများ ထွက်လိုစိတ်ပေါ်တတ်သည်။ ဝင်ငွေထွက်ငွေ မမျှတမှုမျိုးကြုံတတ်မည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)