ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား – လုပ်ငန်းစီးပွားကံဇာတာ အကောင်းဘက်တွင် ရှိနေသော်လည်း ကိစ္စတိုင်းကို အလျင်စလိုနှင့် ရေးကြီးသုတ်ပျာ မလုပ်ဘဲ ဖြည်းဖြည်းမှန်မှန် လုပ်သွားနိုင်မှ အဆင်ပြေလိမ့်မည်။ အလောတကြီး လုပ်မိပါက အမှားအယွင်း ဖြစ်လွယ်ပြီး အငြင်းပွား၊ စကားများရတတ်သည်။

လလယ်ပိုင်းတွင် လုပ်ငန်းများ ရုတ်တရက် အရှိန်သတ်ပြီး ရပ်တန့်သလို ဖြစ်တတ်သည်။ ဝန်ထမ်းများအဖို့ အခက်အခဲကြီးများနှင့် ရင်ဆိုင်ရတတ်သည်။ တစ်လလုံးတွင် ငွေရေးကြေးရေးအတွက် ပူစရာသိပ်မလိုဘဲ သက်တောင့်သက်သာနှင့် ဖြတ်သန်းရလိမ့်မည်။

မေတ္တာရေးရာ – တစ်လလုံး ပြဿနာ မရှိဘဲ ဖြစ်နေပြီးမှ ၂၀ ရက်နောက်ပိုင်းတွင် နှလုံးသားရေးရာ ပြဿနာ ဖြစ်လာနိုင်သည်။ ချစ်သူစုံတွဲကိစ္စတွင်သာမက မိသားစုဘဝတွင်လည်း ဒေါသထွက်ချင်စရာများ ဖြစ်လာမည်။ လူပျိုလူလွတ်များအဖို့ ယခုလတွင် လက်တွဲဖော် ရှာရန် အကောင်းဆုံး ဖြစ်မည်။ ကြိုးစားမှုတို့ အောင်မြင်မည်။

အခြားကဏ္ဍများ – ယခင်လများက ခံစားနေရသည့် ရောဂါဝေဒနာများ ရှိပါက ယခုလတွင် ပြန်လည်သက်သာ ကောင်းမွန်လိမ့်မည်။ ကျန်းမာရေးရာ ပူစရာ မလိုဘဲ တစ်လလုံး ပုံမှန် ဖြစ်နေမည်။ ယခုလဆန်းပိုင်းမှ လလယ် ရက်များအထိ ကိုယ့်ကိုကိုယ် အားမလိုအားမရ ဖြစ်တတ်ပြီး ခေါင်းရှုပ်စရာများရှိလာနိုင်၍ သတိထားသင့်သည်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)