ကိုးစနေမှာ ကုသိုလ်ပြုပါ

မြန်မာ့ရှေးဟောင်းလောကီပညာအရ  မြန်မာလဆန်း/လဆုတ် ၉ ရက်နေ့ဟာ စနေနေ့နဲ့ တိုက်ဆိုင်ရင် ကိုးစနေလို့ သတ်မှတ် ယူဆကြတယ်။ ကိုးစနေဟာ တစ်နှစ်မှာ ၃ရက် ၄ရက်လောက်သာ ထူးထူးခြားခြား တိုက်ဆိုင်တဲ့ ရက်မျိုး ဖြစ်ပါတယ်။

အဲ့တော့..ကိုးစနေမှာ ဘာဖြစ်တတ်သလဲလို့ မေးရင် ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် လောကီအဓိဌာန်တွေ ဆောင်ရွက်တာတွေ၊ ဘာသာရေးနဲ့ဆိုင်တဲ့ ရွတ်ဖတ်ပူဇော်မှုတွေ အတွက် ဒီရက်ဟာ ထူးထူးခြားခြား အကျိုးပေးတယ်ဆိုတဲ့ အယူအဆရှိပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မနက်ဖြန် စနေနေ့ (၉ ၊ စက်တင်ဘာ ၊ ၂၀၂၂) ရက်ဟာ ဝါခေါင်လပြည့်ကျော် ၉ ရက် – ကိုးစနေရက် တစ်ရက် ဖြစ်ပါတယ်။ ကိုးစနေရက်မှာ မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားအလိုက် ၀တ်ပြုဆုတောင်းခြင်း ၊ အဓိဌာန်ဝင်ခြင်း၊ ကောင်းမှုဒါနပြုခြင်းဖြင့် လျှင်မြန်သော အကျိုးထူးများ ရရှိနိုင်ကြဖို့ တိုက်တွန်း နှိုးဆော် အသိပေးလိုက်ရပါတယ်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ.- ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)