ကလေးသူငယ်နှင့် ရတနာ

ကလေးတွေကို ခမဲပေးတာတွေ ၊ ဘာတွေနဲ့ ပတ်သက်ပြီး ကျွန်တော် မပြောလိုပါ။ လိုအပ်ရင် လိုအပ်သလို လုပ်ကြပါ။ ရှေးထုံးရှေးနည်း အချို့ဟာ လိုအပ်လို့ တည်နေခဲ့တာမို့ လိုအပ်သလို လုပ်ဆောင်ပေးတာ မမှားပါ။

သို့သော် ခု ကျွန်တော် ပြောပြလိုတာကတော့ မွေးနေ့မွေးနံနဲ့ မဟာဘုတ်ဇာတာတွေအရ ကလေးသူငယ်တွေ ငယ်ရွယ်စဉ်တုန်းမှာ ရတနာပစ္စည်း ဆင်သင့်၊ မဆင်သင့် ဂရုပြုဖို့ ကဏ္ဍပါ။ ရတနာပစ္စည်း မဆင်သင့်တဲ့ ကလေးတွေကို အသက်အရွယ်၊ နေ့နံနဲ့ မဟာဘုတ်အကြွင်းအလိုက် ဖော်ပြပေးပါမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ပထမကဏ္ဍအနေနဲ့ အောက်ပါအချက်တွေကို အရင် မှတ်ထားပါ။

ဒုတိယကဏ္ဍအနေနဲ့ … မိမိတို့ရင်သွေးငယ်များရဲ့ မွေးဖွားခုနှစ် မြန်မာခုနှစ်ကိုတည်..၇နဲ့စား၊ အကြွင်းသည်…….

ဆိုးအားရှိတော့ ဘာဖြစ်သတုန်း ၊ မေးစရာရှိပါတယ်။ မဖြစ်သင့်တာတွေ ဖြစ်တတ်တယ်လို့ပဲ ယေဘုယျမှတ်ပါ။ တကယ့် တကယ်ကတော့ အသေးစိတ် အကျိုးအပြစ် ဝေဖန်လို့လည်း ရပါတယ်။ ဒါပေမယ့် ဒါကို ဖတ်ပြီး သဲသဲလှုပ် စိုးရိမ်စရာလည်း မလိုအပ်ပါ။

တစ်ခုတော့ ရှိပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ ကဏ္ဍ တစ်ချက်တည်းနဲ့ မဟုတ်ဘဲ…၊ နှစ်ချက်စလုံးနဲ့ ကိုက်ညီနေမယ်ဆိုရင်တော့ သတိ မုချထားရပါမယ်။ ကလေးအတွက် ရတနာသည် …ရတနာ မမည်ဘဲ ဝေဒနာနဲ့ ဒုက္ခ ပိုလာစေနိုင်ပါတယ်။ ကလေးကံ အခွင့်သာနေချိန်မှာ ဘေးမရှိပေမယ့် …၊ ကလေးကံ အားနည်းချိန် အသက်ပိုင်း အရွယ် တစ်ခုခု နဲ့ တိုက်ဆိုင်လာရင် .ဘေးရောက်စေတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဥပမာအားဖြင့်….၅ကြွင်းဖွား တနင်္လာနေ့ဖွား ဆိုပါစို့….၊ တနင်္လာနေ့ဖွား ဖြစ်သည့်အတွက် ၇၅% ဆိုးအားရှိပြီး ဖြစ်သလို၊ ၅ကြွင်းဖွား ဖြစ်ခြင်းကြောင့် ၁၀၀% ဆိုးအားလည်း ရှိပြီး ဖြစ်တာ တွေ့ရပါမယ်။

ဒီလို ဆိုးအား နှစ်ချက်စလုံးနဲ့ တိုက်ဆိုင် ညီညွတ်နေရင်တော့…ဖြစ်နိုင်ရင် မဆင်တာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် ..တနင်္လာနေ့ဖွား ကလေးသူငယ်များအတွက်ဆိုရင်  ပထမဆုံးဂြိုဟ်အိပ်ဖြစ်သော ၂င်္လာဂြိုဟ်အိပ် ( မွေးစမှ အသက် ၁၅နှစ်အတွင်း) မဆင်မြန်းပေးသင့်ပါ။ ရတနာဟူသည် မြတ်နိုးဖွယ်ရာတော့ ဖြစ်စေပါတယ်။ သို့သော် ရတနာဟူသည်ပင် တစ်ခါတစ်ရံတော့ အန္တရယ်နဲ့ ဘေးဥပါဒ်ကိုလည်း ဆွဲဆောင်လာတတ်တာလေးကို …သတိပြုမိကြစေလိုပါသည်ခင်ဗျား။

ကလေးသူငယ်များ ဘေးရန်ကင်းရှင်း ချမ်းသာခြင်း ဖြစ်ကြပါစေ – ဆရာစိုးမိုးထွန်း

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)