ကံစမ္းဉာဏ္စမ္း ဂဏန္းေဗဒင္

အရင္ဆုံးမွာခ်င္တာက အခုေဖာ္ျပမယ့္ဂဏန္းေဗဒင္ဟာ တရားမဝင္ေလာင္းကစားေတြကို အားေပးအားေျမႇာက္ လုပ္တာမ်ိဳး မဟုတ္ဘဲ တရားဝင္ထီထိုးရာမွာ ျဖစ္ေစ၊ ကံစမ္းဉာဏ္စမ္းေလးေတြ လုပ္ရာမွာ ျဖစ္ေစ လက္ေတြ႕ ေပါင္းစပ္ၿပီး အသုံးျပဳႏိုင္ေအာင္ လမ္းၫႊန္ေပးျခင္းသာ ျဖစ္ေၾကာင္း ေျပာလိုပါတယ္။

ဂဏန္းေဗဒင္ပညာအရ မိမိ ေမြးဖြားတဲ့ရက္ဟာ စိတ္ေနစိတ္ထား၊ စ႐ိုက္သဘာဝကိုသာမက ကံစမ္းရာမွာလည္း သက္ေရာက္မႈ ရွိေနတာ ျဖစ္လို႔ ဂဏန္းေဗဒင္ကို အသုံးျပဳၿပီး ဘယ္လို ကံစမ္းၾကည့္ႏိုင္မလဲဆိုတာ ေဗဒင္သုတ အျဖစ္ ေဖာ္ျပလိုက္ရပါတယ္။

၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက္မွာ ေမြးဖြားသူမ်ား

ေမြးရာပါစိတ္စြမ္းအားေတြ ပါလာၾကၿပီး စီးပြားေရးဆန္ဆန္လည္း တြက္တတ္လို႔ ကံစမ္းတာေတြမွာ ပြေပါက္တိုး ကံေကာင္းတတ္ပါတယ္။ ဒါေပမယ့္ အရႈံးကို လက္သင့္မခံဘဲ ရႈံးမဲမဲတတ္တာကိုေတာ့ သတိထားသင့္ပါတယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက္မွာ ေမြးဖြားသူမ်ား

ခံစားမႈ အားေကာင္းသူေတြ ျဖစ္ၿပီး ႀကိဳျမင္ႏိုင္စြမ္းလည္း ရွိတတ္လို႔ ေရရွည္ထက္ ေရတိုကံစမ္းတာေလးေတြမွာ ထူးျခားေအာင္ျမင္တတ္ပါတယ္။ စိတ္လႈပ္ရွားလြန္းတာနဲ႔ ခံစားခ်က္ ႀကီးလြန္းတာေၾကာင့္ အရႈံးျပတတ္ပါတယ္။

၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက္မွာ ေမြးဖြားသူမ်ား

ဘယ္လို ကံစမ္းပြဲမ်ိဳးမဆို အေလးအနက္ထား စိတ္ႏွစ္ၿပီး ပါဝင္တတ္ၾကၿပီး စည္းနဲ႔ကမ္းနဲ႔လည္း ထိန္းလုပ္ႏိုင္သူ ျဖစ္ပါတယ္။ ဒါေပမယ့္ လူအမ်ားေရွ႕မွာ လူသိထင္ရွား ရႈံးၿပီဆို ေပါက္ကြဲၿပီး အမွားေတြကို လုပ္မိတတ္ပါတယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက္မွာ ေမြးဖြားသူမ်ား

တစ္ခ်က္ေကာင္း ပြေပါက္တိုးတတ္ၾကသူေတြ ျဖစ္ေပမယ့္ ကံစမ္းတာကို ေရရွည္လုပ္လာရင္ေတာ့ အရႈံးနဲ႔ခ်ည္း ရင္ဆိုင္ရတတ္ပါတယ္။ ကံစမ္း၊ ဉာဏ္စမ္းအလုပ္ေတြကို ေရရွည္ မလုပ္ကိုင္သင့္တဲ့လူစားမ်ိဳးေတြ ျဖစ္ပါတယ္။

၅ ၊ ၁၄ ၊ ၂၃ ရက္မွာ ေမြးဖြားသူမ်ား

မၾကာခဏ အေသးအဖြဲကံေကာင္းမႈေလးေတြ ႀကဳံတတ္သူမ်ိဳး ျဖစ္ပါတယ္။ ကံစမ္းၿပီဆိုရင္ သူတကာထက္ ပိုၿပီး ကံေကာင္းတတ္ၿပီး လာဘ္ျမင္သူေတြလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ အလြန္အကြၽံ မစြဲဖို႔ကိုေတာ့ သတိျပဳေပးပါ။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

၆ ၊ ၁၅ ၊ ၂၄ ရက္မွာ ေမြးဖြားသူမ်ား

ကံစမ္းဉာဏ္စမ္းေတြမွာ ကံပါသူမ်ား ျဖစ္ၿပီး ရည္႐ြယ္ခ်က္ႀကီးနဲ႔ ဝင္ကစားတာထက္ ႀကဳံရင္ႀကဳံသလို လမ္းႀကဳံ သေဘာ ပါဝင္ကံစမ္းရင္ ပိုအဆင္ေျပတတ္ပါတယ္။ အက်ိဳးမေပးေတာ့ဘူးဆို တိခနဲ ရပ္ဖို႔လည္း လိုပါလိမ့္မယ္။

၇ ၊ ၁၆  ၊ ၂၅ ရက္မွာ ေမြးဖြားသူမ်ား

စိတ္ထဲ ထင္ရင္ မွန္ေနတတ္သူမ်ိဳး ျဖစ္လို႔ ကံစမ္းတာေတြမွာလည္း အစြမ္းျပ ၊ ကံေကာင္းတတ္သူ ျဖစ္ပါတယ္။ တြက္ခ်က္ခန႔္မွန္းတာထက္ စိတ္ထဲကအထင္အျမင္က ပိုမွန္တတ္ပါတယ္။ စိတ္ကူးယဥ္တာကိုေတာ့ ေလွ်ာ့ပါ။

၈ ၊ ၁၇ ၊၂၆ ရက္မွာ ေမြးဖြားသူမ်ား

ကိုယ္လုပ္မွ ကိုယ္ရ ဆိုတဲ့လက္ေတြ႕သေဘာတရားကို ရင္ဝယ္ပိုက္ထားၾကလို႔ ကံစမ္းဉာဏ္စမ္းေတြမွာ သိပ္ၿပီး စိတ္မဝင္စားတတ္ၾကပါဘူး။ မျမင္ရတဲ့ ကံတရားထက္ စိတ္ခ်လုံၿခဳံမႈနဲ႔ စုေဆာင္းဖို႔ကိုသာ အေလးထားပါတယ္။

၉ ၊ ၁၈ ၊ ၂၇ ရက္မွာ ေမြးဖြားသူမ်ား

စြန႔္စားရတာ၊ ၿပိဳင္ဆိုင္ရတာ စိတ္အားသန္သူ ျဖစ္လို႔ ကံစမ္းတာေရာ ေလာင္းကစားမွာပါ သည္းႀကီးမည္းႀကီးကို ပါဝင္တတ္ပါတယ္။ အရႈံးအျမတ္အတက္အက် ျမန္ဆန္သူ ျဖစ္ၿပီး စိတ္ထိန္းႏိုင္ဖို႔ကိုေတာ့ ႀကိဳးစားရပါလိမ့္မယ္။

ကံစမ္းမႈတိုင္းမွာ ကံထူးႏိုင္ၾကပါေစ ဧက (ေဗဒင္သုတ)

Unicode Font

အရင်ဆုံးမှာချင်တာက အခုဖော်ပြမယ့်ဂဏန်းဗေဒင်ဟာ တရားမဝင်လောင်းကစားတွေကို အားပေးအားမြှောက် လုပ်တာမျိုး မဟုတ်ဘဲ တရားဝင်ထီထိုးရာမှာ ဖြစ်စေ၊ ကံစမ်းဉာဏ်စမ်းလေးတွေ လုပ်ရာမှာ ဖြစ်စေ လက်တွေ့ ပေါင်းစပ်ပြီး အသုံးပြုနိုင်အောင် လမ်းညွှန်ပေးခြင်းသာ ဖြစ်ကြောင်း ပြောလိုပါတယ်။

ဂဏန်းဗေဒင်ပညာအရ မိမိ မွေးဖွားတဲ့ရက်ဟာ စိတ်နေစိတ်ထား၊ စရိုက်သဘာဝကိုသာမက ကံစမ်းရာမှာလည်း သက်ရောက်မှု ရှိနေတာ ဖြစ်လို့ ဂဏန်းဗေဒင်ကို အသုံးပြုပြီး ဘယ်လို ကံစမ်းကြည့်နိုင်မလဲဆိုတာ ဗေဒင်သုတ အဖြစ် ဖော်ပြလိုက်ရပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက်မှာ မွေးဖွားသူများ
မွေးရာပါစိတ်စွမ်းအားတွေ ပါလာကြပြီး စီးပွားရေးဆန်ဆန်လည်း တွက်တတ်လို့ ကံစမ်းတာတွေမှာ ပွပေါက်တိုး ကံကောင်းတတ်ပါတယ်။ ဒါပေမယ့် အရှုံးကို လက်သင့်မခံဘဲ ရှုံးမဲမဲတတ်တာကိုတော့ သတိထားသင့်ပါတယ်။

၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက်မှာ မွေးဖွားသူများ
ခံစားမှု အားကောင်းသူတွေ ဖြစ်ပြီး ကြိုမြင်နိုင်စွမ်းလည်း ရှိတတ်လို့ ရေရှည်ထက် ရေတိုကံစမ်းတာလေးတွေမှာ ထူးခြားအောင်မြင်တတ်ပါတယ်။ စိတ်လှုပ်ရှားလွန်းတာနဲ့ ခံစားချက် ကြီးလွန်းတာကြောင့် အရှုံးပြတတ်ပါတယ်။

၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက်မှာ မွေးဖွားသူများ
ဘယ်လို ကံစမ်းပွဲမျိုးမဆို အလေးအနက်ထား စိတ်နှစ်ပြီး ပါဝင်တတ်ကြပြီး စည်းနဲ့ကမ်းနဲ့လည်း ထိန်းလုပ်နိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့် လူအများရှေ့မှာ လူသိထင်ရှား ရှုံးပြီဆို ပေါက်ကွဲပြီး အမှားတွေကို လုပ်မိတတ်ပါတယ်။

၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက်မှာ မွေးဖွားသူများ
တစ်ချက်ကောင်း ပွပေါက်တိုးတတ်ကြသူတွေ ဖြစ်ပေမယ့် ကံစမ်းတာကို ရေရှည်လုပ်လာရင်တော့ အရှုံးနဲ့ချည်း ရင်ဆိုင်ရတတ်ပါတယ်။ ကံစမ်း၊ ဉာဏ်စမ်းအလုပ်တွေကို ရေရှည် မလုပ်ကိုင်သင့်တဲ့လူစားမျိုးတွေ ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၅ ၊ ၁၄ ၊ ၂၃ ရက်မှာ မွေးဖွားသူများ
မကြာခဏ အသေးအဖွဲကံကောင်းမှုလေးတွေ ကြုံတတ်သူမျိုး ဖြစ်ပါတယ်။ ကံစမ်းပြီဆိုရင် သူတကာထက် ပိုပြီး ကံကောင်းတတ်ပြီး လာဘ်မြင်သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အလွန်အကျွံ မစွဲဖို့ကိုတော့ သတိပြုပေးပါ။

၆ ၊ ၁၅ ၊ ၂၄ ရက်မှာ မွေးဖွားသူများ
ကံစမ်းဉာဏ်စမ်းတွေမှာ ကံပါသူများ ဖြစ်ပြီး ရည်ရွယ်ချက်ကြီးနဲ့ ဝင်ကစားတာထက် ကြုံရင်ကြုံသလို လမ်းကြုံ သဘော ပါဝင်ကံစမ်းရင် ပိုအဆင်ပြေတတ်ပါတယ်။ အကျိုးမပေးတော့ဘူးဆို တိခနဲ ရပ်ဖို့လည်း လိုပါလိမ့်မယ်။

၇ ၊ ၁၆ ၊ ၂၅ ရက်မှာ မွေးဖွားသူများ
စိတ်ထဲ ထင်ရင် မှန်နေတတ်သူမျိုး ဖြစ်လို့ ကံစမ်းတာတွေမှာလည်း အစွမ်းပြ ၊ ကံကောင်းတတ်သူ ဖြစ်ပါတယ်။ တွက်ချက်ခန့်မှန်းတာထက် စိတ်ထဲကအထင်အမြင်က ပိုမှန်တတ်ပါတယ်။ စိတ်ကူးယဉ်တာကိုတော့ လျှော့ပါ။

၈ ၊ ၁၇ ၊၂၆ ရက်မှာ မွေးဖွားသူများ
ကိုယ်လုပ်မှ ကိုယ်ရ ဆိုတဲ့လက်တွေ့သဘောတရားကို ရင်ဝယ်ပိုက်ထားကြလို့ ကံစမ်းဉာဏ်စမ်းတွေမှာ သိပ်ပြီး စိတ်မဝင်စားတတ်ကြပါဘူး။ မမြင်ရတဲ့ ကံတရားထက် စိတ်ချလုံခြုံမှုနဲ့ စုဆောင်းဖို့ကိုသာ အလေးထားပါတယ်။

၉ ၊ ၁၈ ၊ ၂၇ ရက်မှာ မွေးဖွားသူများ
စွန့်စားရတာ၊ ပြိုင်ဆိုင်ရတာ စိတ်အားသန်သူ ဖြစ်လို့ ကံစမ်းတာရော လောင်းကစားမှာပါ သည်းကြီးမည်းကြီးကို ပါဝင်တတ်ပါတယ်။ အရှုံးအမြတ်အတက်အကျ မြန်ဆန်သူ ဖြစ်ပြီး စိတ်ထိန်းနိုင်ဖို့ကိုတော့ ကြိုးစားရပါလိမ့်မယ်။

ကံစမ်းမှုတိုင်းမှာ ကံထူးနိုင်ကြပါစေ  – ဧက (ဗေဒင်သုတ)

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)