ကံအဆိုးမှ အကောင်းသို့ မုချ ပြောင်းလဲနိုင်သော နည်း

ကံကို ပြောင်းလဲလို့ ရပါသလား ၊ ကံကို ပြောင်းလဲချင်ရင် ဘာတွေ လိုအပ်မလဲ။ ကံဆိုးလာပြီ ဆိုတဲ့အခါ…..

(၁) အဘယ်အလုပ်မျိုးသည် အကုသိုလ်အမှုမျိုး ဖြစ်တယ် ဆိုတာကို နားလည်နေရပါမယ်။

(၂) အဘယ်မည်သော အကုသိုလ်အမှုမျိုး ပြုမိခဲ့သည့် အကြောင်းမျိုးကြောင့် ဤကဲ့သို့ ကံဆိုးခြင်းမျိုး အကျိုးသက်ရောက်နေရ၏ဟု သိနားလည်ရပါမယ်။

(၃) ထိုကဲ့သို့သော အကုသိုလ်အမှုမျိုးကို မျက်မှောက်ဘဝမှာလည်း မကျူးလွန်မိအောင် စောင့်ထိန်းရပါတယ်။

(၄) ထိုအကုသိုလ်အမှုမျိုးနှင့် ပြောင်းပြန် ဖြစ်သော ကုသိုလ်အမှုမျိုးကို မျက်မှောက်ဘဝမှာ ထက်ထက်သန်သန် ပြုပေးနိုင်ရပါမယ်။

ဆရာတော်ကြီးတစ်ပါး ဟောထားတဲ့ တရားလေးကို မှတ်မိသလောက် ပြန်တင်ပြခြင်းပါ။ ကံကို ပြုပြင်ပြောင်းလဲရာမှာ အရေးပါတဲ့ အချက်လေးတွေပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဖယောင်းတိုင်လေးတွေ၊ အင်းကွက်တွေ ၊ ဓာတ်တွေ နဝင်းပွဲတွေ အစီအရင်တွေနဲ့ ကံကို ပြောင်းတာထက် အဆများစွာ မြင့်မားတဲ့ မှန်ကန်သော ပြောင်းလဲနည်းပါ။

ဥပမာ ဆိုကြပါစို့။ ကျွန်တော်တို့ ကျွန်မတို့ နေရာထိုင်ခင်းကံ အဆင်မပြေလို့ပါ။ နေရေးထိုင်ရေးကံ ဆိုးလှသဗျာ၊ လိုချင်တဲ့ နေရာဌာန မရဘူး အစ်ကိုရေ..။ ကျွန်တော်တော့ဖြင့် နယ်စွန်နယ်ဖျား တာဝန်ကျနေလို့ ခင်ဗျ စသည် စသည်ဖြင့် နေရာနှင့် ဆိုင်သော ကံဆိုးမှုမျိုး ကျရောက်နေပြီ ဆိုကြပါစို့။

(၁) အသိုက်ဖျက်ခြင်း ၊ သူတစ်ပါးနေရာကို လုခြင်း၊ မတရားသဖြင့် ယူခြင်း၊ သူတစ်ပါးနေရာကို ညစ်နွမ်းစေခြင်း ၊ လမ်းတံတားတို့ကို ပျက်ဆီးစေခြင်း ၊ သိမ်ကျောင်းဇရပ်တို့ကို ပျက်ဆီးစေခြင်း၊ သူတစ်ပါးအိုးအိမ်ကို ပျက်ဆီးစေခြင်း စသည်တို့သည် အကုသိုလ် အမှုတွေပါလားလို့ ကနဦး စသိရပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၂) သြော်.. မသိနားမလည်လို့ အတိတ်အတိတ် ဘဝတွေက မိမိတော့ဖြင့် ဒီလို အကုသိုလ်အမှု အကြောင်းတရားတို့ကို ပြုမိခဲ့ခြင်းကြောင့် မျက်မှောက်ဘ၀မှာ ဖြစ်နေ ကြုံနေရတဲ့ နေရာမရသော၊ နေရေးထိုင်ရေး ဆိုင်ရာ ကံဆိုးမှုအကြောင်းတရားတွေ ဖြစ်နေရတာပါလားလို့ ဆက်လက်ပြီး ကြောင်းကျိုးချိတ်ဆက် သိနားလည်နေရပါမယ်။

(၃) ဒါ့ကြောင့် ဒီဘ၀တော့ ငါ သူများအသိုက်ကို မဖျက်ဘူးဟေ့၊ လမ်းတံတား မချိုးဘူးဟေ့ ၊ မဖျက်ဘူးဟေ့၊ သူတစ်ပါးအိုးအိမ်ကို မထိခိုက်အောင် ဂရုစိုက်ဆင်ခြင်မယ်ဟေ့ စသည်.. စသည်အားဖြင့် မျက်မှောက်ဘ၀ ဆင်ခြင်စောင့်ထိန်းမှုကို ပြုရပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၄) ဒီ့ထက် ပိုအသိ အားကောင်းလာတော့၊ လူသွားလမ်းပေါ် ချိုင့်ခွက်ကလေး မြင်နေရတောင် အမှုမဲ့ မနေဘဲ တတ်နိုင်သလို မြေကလေး ဖို့ပေး၊ ကျောက်ကလေး ဖြည့်ပေး၊ တံတားလေး ခရိုးခရိုင်ကို နိုင်သလို လျှော်ကြိုးလေး ၀ယ်ပြီး စည်းပေး ၊ သူတစ်ပါးအိုးအိမ် ဆောက်နေတော့ တိုင်လေး ဝိုင်းထူပေး၊ ဘုရား ရောက်တော့ ညောင်ထောက်ပေး ၊ ရဟန်းသံဃာနဲ့ ဆုံတော့ အနေကထိုင်လေးပဲ လှူလှူ၊ တတ်နိုင်လို့ ကျောင်းပဲ ဆောက် လှူလှူ စသည်ဖြင့် အကုသိုလ်အမှု၏ ပြောင်းပြန် ဖြစ်သော ဆိုင်ရာ ကုသိုလ်အမှုတို့ကို ပြုပေးနိုင်ရပါမယ်။

ကဲ… ရှင်းရောပေါ့။ ကိုယ့်ကံ ကိုယ့်လက်ထဲမှာဗျနော်။ ကိုယ်ပြောင်းမှ ကိုယ်ကောင်းရမှာပါ။ ဖယောင်းတိုင်နဲ့ အင်းကွက်တွေ၊ ဓာတ်ရိုက်ဓာတ်ဆင်တွေချည်း အားကိုးမမှားစေလို…။

လေးစားချစ်ခင်စွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)