ခံစားထိခိုက်လွယ်တဲ့ ရာသီဖွား (၅) ခုအကြောင်း

အနောက်တိုင်းနက္ခတ်ဗေဒင် ရာသီဖွား (၁၂) ခု ရှိရာမှာ အောက်ဖော်ပြပါ ရာသီဖွား (၅) ခုကတော့ စိတ်ဓာတ် နူးညံ့ သိမ်မွေ့ပြီး ထိလွယ်ခိုက်လွယ်၊ ခံစားလွယ်တယ်လို့ သတ်မှတ်ကြပါတယ်။ ထစ်ခနဲရှိ ရင်နဲ့အမျှ ပစ်ခတ် ခံစားလိုက်ကြပြီး တနုံ့နုံ့နဲ့ ပြန်တွေး နာကျင်နေတတ်တာကြောင့်လည်း ဒီရာသီဖွား (၅) ခုနဲ့ ပတ်သက်တဲ့ ချစ်သူ၊ အိမ်ထောင်ဖက်၊ မိသားစု၊ သူငယ်ချင်းတွေကြားမှာ နားလည်မှု တည်ဆောက်ဖို့ လိုအပ်ပါတယ်။

သူ့ဘက်ကိုယ့်ဘက် ခံစားချက်ချင်း ကူးလူးဆက်နွယ်နိုင်သူတွေ၊ တစ်ခုခုဆို နက်နက်နဲနဲ ခံစားတတ်သူတွေ၊ အခုပဲ ငိုလိုက်၊ တော်ကြာ ရယ်လိုက်နဲ့ အတက်အကျ မြန်တဲ့ ခံစားချက် ရှိသူတွေ၊ ဘဝကို ဦးနှောက်ထက်စာရင် နှလုံးသားနဲ့သာ ပဲ့ကိုင်မောင်းနှင်သူတွေဟာ ဒီရာသီဖွား (၅) ခုပဲ ဖြစ်ပါတယ်။ လှိုင်ဦးမော်ရဲ့ သီချင်းအတိုင်း ပြောရရင် ခံစားမှုကိုနှစ်သက်တဲ့ ရာသီဖွားတွေပါပဲ။ ကဲ . ဘယ်သူတွေက ခံစားမှု ပိုကြသလဲ ကြည့်ရအောင်..

၁။ ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ) – ရာသီခွင် (၁၂) ခုထဲမှာ ခံစားချက်ကို ဦးစားအပေးဆုံး တနင်္လာဂြိုဟ်ပိုင် ကရကဋ်ရာသီဖွားတွေဟာ တကယ့်ကို ထိရှ ခံစားလွယ်သူတွေပဲ ဖြစ်ပါတယ်။ သူတို့ ခံစားရသမျှကို ဖွင့်ပြချင်မှ ပြမယ်၊ ခံစားရတာတော့ ရင်နဲ့အမျှပါပဲ ဆိုတာ ကရကဋ်ဖွားတွေပါ။ စာနာသနားလွယ်ပြီး သူတပါး ခံစားချက်ကိုလည်း မြင်အောင် ကြည့်နိုင်ကြပါတယ်။ တကယ်လို့များ ကရကဋ်ရာသီဖွားနဲ့ ချစ်သူရည်းစား ၊ အိမ်ထောင်ဖက် ဖြစ်နေတယ်ဆိုရင် ကောင်းတဲ့အချက်က ကိုယ့်ကို လုံးဝ ကာကွယ်စောင့်ရှောက်ပါလိမ့်မယ်။ သတိထားရမှာက သူတို့ကို ထိခိုက်ခံစားရအောင် မလုပ်ဘဲ တတ်နိုင်သမျှ နားလည်ပေး၊ နှစ်သိမ့်အားပေးလိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

၂။ မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ) – တနင်္လာဂြိုဟ် မစိုးမိုးပေမယ့် ငါးနှစ်ကောင်ရုပ်နဲ့ ပုံဖော်တဲ့ ရေဓာတ်ကြီးစိုးရာ မိန်ရာသီဖွားတွေကလည်း ခံစား ထိခိုက်လွယ်ကြပါတယ်။ တခြားလူတွေက ဘယ်လို ခံစားနေရသလဲ ဆိုတာကိုလည်း အလိုလို သိနေပါတယ်။ တခါတရံ ဘာမဟုတ်တဲ့ ကိစ္စတစ်ခုကလည်း မိန်ရာသီဖွားတွေကို မျက်ရည်စို့စေတတ်ပါတယ်။ တကယ်လို့များ မိန်ရာသီဖွားတစ်ယောက်က ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက် ဖြစ်နေမယ်ဆိုရင် သူတို့ စိတ်ကူးအိပ်မက်တွေ၊ စံနှုန်းတွေကို နည်းနည်းလေးတောင် သွားမစော်ကားမိပါစေနဲ့။ သူတို့ အမြင် ခံစားချက်အတိုင်းပဲ ရှိပါစေ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

၃။ တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ) – ချိန်ခွင့်ပုံစံ တူရာသီဖွားတွေက သဘာဝအားဖြင့် မျှမျှတတ တွေးတတ်သူ၊ အားလုံးနဲ့ အဆင်ပြေ၊ အားလုံးက ကျေနပ်အောင် နေထိုင်တတ်ပေမယ့် ဆတ်ဆတ်ထိမခံတဲ့အထဲမှာတော့ ပါဝင်ပါတယ်။ မကျေနပ်စရာတွေ၊ ဒေါသ ဖြစ်စရာတွေ ကြုံလာရင် ငြိမ်မနေဘဲ ထဖြဲတတ်ကြပြီး သူ့ဘက်ကိုယ့်ဘက် အားလုံး အဆင်ပြေမယ့် အဖြေတစ်ခုကို ရအောင် ရှာဖွေပါလိမ့်မယ်။ တူရာသီဖွားတွေနဲ့ ပတ်သက်ပြီဆိုရင် ဘွင်းဘွင်းလင်းလင်းကြီး နေထိုင်ပြောဆိုတတ်တဲ့ သူတို့နဲ့ ညှိနှိုင်းရာမှာ မတူကွဲလွဲစရာတွေကို ပေါ်တင်ပြောဖို့ လိုပါတယ်။ တကယ်တော့ တူရာသီဖွားတွေက ချစ်စရာကောင်းပြီး စေတနာသဒ္ဒါလည်း ထက်သန်သူတွေမို့ နားလည်နိုင်ပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

၎။ ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ) – ၁၂ ရာသီခွင်ထဲမှာ စိတ်ဓာတ်အပြင်းထန်ဆုံး ရာသီဖွားတစ်ခု ဖြစ်တဲ့ ဗြိစ္ဆာတွေဟာ သူတို့ ခံစားရသမျှတိုင်းကို ထုတ်ဖော်ပြသနေမှာ မဟုတ်ပေမယ့် အပြုအမူ၊ အပြောအဆိုတိုင်းကို အသည်းထဲ ခိုက်အောင် စွဲမှတ်ကြသူတွေ ဖြစ်ပါတယ်။ အာရုံခံ အားကောင်းသူတွေ ဖြစ်လို့ သူများတွေ ဘယ်လို မြင်ကြတယ်၊ ဘာမှားနေတယ် ဆိုတာကို တန်းသိသူတွေပါပဲ။ ဗြိစ္ဆာရာသီဖွားနဲ့ ရင်ခုန်သံချင်း ဖလှယ်မိပြီ ဆိုရင်တော့ တတ်နိုင်သမျှ ရိုးသားဖို့ လိုပါတယ်။ အလိမ်အညာတွေကို ဖော်နိုင်သူတွေ ဖြစ်လို့ သူတို့ကို သွားမလှည့်စားလိုက်ပါနဲ့။ ပြီးတော့ သူတို့ ခံစားရသမျှ ထုတ်ပြော ပြသလာပြီ ဆိုရင် ပြန်အာရုံစိုက် ခံစားပေးပါ။ ကိုယ့်ဘက်ကလည်း ပွင့်ပွင့်လင်းလင်း ပြောပြပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

၅။ သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ) – တနင်္ဂနွေ နေမင်းစိုးမိုးတဲ့ ရာသီခွင် ဖြစ်လို့ သိဟ် (ခြင်္သေ့) တွေဟာ သူတို့ကို လူတွေက ဘယ်လို ထင်မြင်တယ်၊ သူတို့အပေါ် လူတွေက ဘယ်လို ခံစားနေသလဲ ဆိုတာကို ပိုစိတ်ဝင်စားပါတယ်။ ကောင်းတဲ့ အချက်က သစ္စာရှိ၊ ခိုင်မြဲတဲ့ ဆက်ဆံရေးမျိုး ရှိပေမယ့် ခေါင်းမာ တယူသန်လွန်းတဲ့ မောက်မာတဲ့ စိတ်ဓာတ်လည်း ရှိတတ်ပါတယ်။ သိဟ်ရာသီဖွားနဲ့ ပတ်သက် ငြိတွယ်မိပြီဆိုရင် ပြဿနာ ဖြစ်ကြတဲ့အခါ ကိုယ့်ဘက်က ရိုးသား ပွင့်လင်းပြပါ။ ဒါမှမဟုတ်ရင်တော့ သိဟ်တွေက ထင်မြင်ရာ တွေးပြီး ပေါက်ကွဲတတ်ကြပါတယ်။ သူတို့ လုပ်ကိုင်ပေးသမျှကို ကျေးဇူးတင်ကြောင်း၊ ကျေနပ်နှစ်သက်ကြောင်း ပြသဖို့လည်း လိုအပ်ပါလိမ့်မယ်။

၁၂ ရာသီဖွားအားလုံး ခံစားမှုနဲ့ ထပ်တူ ညှိယူ အဆင်ပြေနိုင်ပါစေလို့ _ ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)