ခ်မ္းသာမယ့္ဇာတာပါလား၊ ဘယ္ေလာက္အထိ ခ်မ္းသာႏုိင္မလဲ

ျမန္မာ့ရုိးရာေဗဒင္တြက္ကိန္းေတြထဲမွာ ေမြးဖြားတဲ့ခုႏွစ္ေပၚ မူတည္ၿပီး ဘ၀မွာ ဘယ္ေလာက္ ခ်မ္းသာႏုိင္သလဲ ဆုိတာ အေျဖရွာ တြက္ခ်က္ၾကည့္ႏုိင္တဲ့ တုိင္ေလးပါးေဟာကိန္း ဆုိတာ ရွိပါတယ္။

တြက္နည္းက လြယ္ပါတယ္။ ကိုယ့္ရဲ႕ ျမန္မာေမြးသကၠရာဇ္ကို တည္ၿပီး ၄ နဲ႔ စားပါ။ အၾကြင္းအေဟာေတြအရ

(၁) ၾကြင္းရင္ – ေရႊတုိင္

(၂) ၾကြင္းရင္ – စပါးတုိင္

(၃) ၾကြင္းရင္ – ဖြဲတုိင္

(၀) ၾကြင္းရင္ – ဆန္တုိင္

လို႔ ခြဲျခားသတ္မွတ္ၿပီး ေအာက္ပါေဟာကိန္းကို ဖတ္ရႈၾကည့္ႏုိင္ပါၿပီ။

၁ ၾကြင္း – ေရႊတုိင္အေဟာ

ေရႊတုိင္လုိ႔ ေခၚတဲ့အတုိင္း တုိင္ေလးပါးထဲမွာ အျမင့္ဆံုးနဲ႔ အေတာက္ပဆံုးကံဇာတာ ပါလာသူေတြ ျဖစ္ပါတယ္။ ကိုယ္ႀကိဳးစားရင္ ႀကိဳးစားသေလာက္ ေနာက္ခံကံတရားကလည္း ပံ့ပုိးေနမွာျဖစ္လို႔ ဘ၀မွာ ေရႊနဲ႔ေငြနဲ႔ ျပည့္စံုသူ၊ ခ်မ္းသာၾကြယ္၀သူေတြ ျဖစ္လာႏုိင္ပါတယ္။ ေငြေၾကးဥစၥာေရာ လူေနမႈအဆင့္အတန္းပါ ျမင့္မားတတ္ပါတယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

၂ ၾကြင္း – စပါးတုိင္

ေရႊတုိင္ေလာက္ ျပည့္စံုခ်မ္းသာမႈ မရွိတတ္ေပမယ့္ အခက္အခဲေတြၾကားက ေအာင္ျမင္ႀကီးပြားလာႏုိင္သူ ျဖစ္ၿပီး မိတ္ေကာင္းေဆြေကာင္း၊ အသုိင္းအ၀ုိင္းေကာင္းရဲ႕ကူညီမစမႈေတြ ရရွိတတ္ပါတယ္။ အုိးပိုင္အိမ္ပုိင္ ရႏိုင္သူမ်ဳိး ျဖစ္ၿပီး သားသမီးေတြ၊ မိတ္ေဆြေတြ၊ အၿခံအရံေတြနဲ႔လည္း သုိက္သုိက္၀န္း၀န္း အတူ ေနထုိင္ရတတ္ပါတယ္။

၃ ၾကြင္း – ဖြဲတုိင္

တုိင္ေလးပါးမွာ အားအနည္းဆံုး တုိင္အမ်ဳိးအစား ျဖစ္ပါတယ္။ အားကိုးအားထားျပဳႏုိင္တဲ့ အသုိင္းအ၀ုိင္းရယ္လို႔ မရွိဘဲ ကိုယ့္ဖာသာရုန္းကန္ႀကိဳးစားရတတ္ပါတယ္။ သူမ်ားထက္ ခက္ခဲပင္ပန္းစြာ စီးပြားရွာရတတ္ၿပီး ႀကိဳးစားမႈ အခ်ည္းႏွီး ျဖစ္တတ္ပါတယ္။ အုိးအိမ္ပုိင္ဆုိင္ခြင့္နည္းၿပီး ဘဝအတက္အက်လည္း မ်ဳိးစံုေျပာင္းလဲတတ္ပါတယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

၀ ၾကြင္း – ဆန္တုိင္

လူတန္းေစ့ေနႏုိင္တဲ့ဇာတာလို႔ ဆုိရပါလိမ့္မယ္။ ဘ၀မွာ ဘယ္ေလာက္ပဲ ခ်မ္းသာျပည့္စံုၿပီး ပိုက္ဆံရွိေနပါေစ၊ အရာရာကို အပင္ပန္းခံ လုပ္တတ္တဲ့လူမ်ဳိး ျဖစ္ပါတယ္။ ခ်မ္းသာလြန္း၊ မြဲေတလြန္းတဲ့ အစြန္းႏွစ္ဖက္ကေန လြတ္ၿပီး သူလိုငါလို ေနႏုိင္စားႏုိင္သူ ျဖစ္သလို အေပါင္းအသင္း၊ အသုိက္အဝန္းလည္း ေပါမ်ားတတ္ပါတယ္။

တုိင္ေလးပါးအေဟာေတြကို လက္ေတြ႔သုေတသန လုပ္ၾကည့္တဲ့အခါ ကမာၻေက်ာ္ဘီလ်ံနာသူၾကြယ္ႀကီးေတြ ျဖစ္တဲ့ အီလြန္မတ္စ္၊ ဘီလ္ဂိတ္၊ ဂ်က္ဖ္ဘီေဇာ့ သံုးေယာက္ဟာ ေရႊတုိင္ဇာတာရွင္ေတြ ျဖစ္ေနၾကပါတယ္။

ေရႊတုိင္အေဟာအတုိင္း သူတုိ႔ရဲ႕မူလဇာတာေနာက္ခံအေၾကာင္းတရားေတြ ေကာင္းၾကသလို သူတုိ႔ရဲ႕ ဇြဲလုံ႔လနဲ႔ ဥာဏ္ရည္ဥာဏ္ေသြးေတြကလည္း သူတို႔ကို ဒီလို ထိပ္ဆံုးေနရာကို တြန္းပို႔ခဲ့တာလည္း ျဖစ္ပါတယ္။ (သူတုိ႔ ေမြးႏွစ္ေတြကို Wikipedia ကေန ရယူ၊ ျမန္မာခုႏွစ္ေတြ ေျပာင္းၿပီး ကိုယ္တုိင္တြက္ၾကည့္ႏုိင္ပါတယ္)

မိတ္ေဆြတုိ႔ေရာ ကိုယ့္ေမြးခုႏွစ္အရ ဘယ္တုိင္မွာ ေမြးဖြားလာသလဲ၊ ဘယ္ေလာက္ခ်မ္းသာႀကီးပြားခြင့္ ရွိသလဲ ဆုိတာ တြက္စစ္ၾကည့္လိုက္ပါဦး။ ေယဘုယ်အေဟာ ဆုိေပမယ့္ တုိက္ဆုိင္မႈေတြလည္း ရွိေနလို႔ ကိုယ့္ဘ၀မွာ ဘယ္ေလာက္ထိ ခ်မ္းသာႏုိင္မလဲ ဆုိတာ ကိုယ္တုိင္ တြက္ၾကည့္သိရွိႏုိင္ပါတယ္။

မိမိတုိ႔ဇာတာအလုိက္ ႀကီးပြားခ်မ္းသာခြင့္ ရရွိၾကပါေစ – ဧက (ေဗဒင္သုတ)

Unicode Font

မြန်မာ့ရိုးရာဗေဒင်တွက်ကိန်းတွေထဲမှာ မွေးဖွားတဲ့ခုနှစ်ပေါ် မူတည်ပြီး ဘဝမှာ ဘယ်လောက် ချမ်းသာနိုင်သလဲ ဆိုတာ အဖြေရှာ တွက်ချက်ကြည့်နိုင်တဲ့ တိုင်လေးပါးဟောကိန်း ဆိုတာ ရှိပါတယ်။

တွက်နည်းက လွယ်ပါတယ်။ ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၄ နဲ့ စားပါ။ အကြွင်းအဟောတွေအရ

(၁) ကြွင်းရင် – ရွှေတိုင်

(၂) ကြွင်းရင် – စပါးတိုင်

(၃) ကြွင်းရင် – ဖွဲတိုင်

(၄) ကြွင်းရင် – ဆန်တိုင်

လို့ ခွဲခြားသတ်မှတ်ပြီး အောက်ပါဟောကိန်းကို ဖတ်ရှုကြည့်နိုင်ပါပြီ။

၁ ကြွင်း – ရွှေတိုင်အဟော

ရွှေတိုင်လို့ ခေါ်တဲ့အတိုင်း တိုင်လေးပါးထဲမှာ အမြင့်ဆုံးနဲ့ အတောက်ပဆုံးကံဇာတာ ပါလာသူတွေ ဖြစ်ပါတယ်။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် နောက်ခံကံတရားကလည်း ပံ့ပိုးနေမှာဖြစ်လို့ ဘဝမှာ ရွှေနဲ့ငွေနဲ့ ပြည့်စုံသူ၊ ချမ်းသာကြွယ်ဝသူတွေ ဖြစ်လာနိုင်ပါတယ်။ ငွေကြေးဥစ္စာရော လူနေမှုအဆင့်အတန်းပါ မြင့်မားတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၂ ကြွင်း – စပါးတိုင်

ရွှေတိုင်လောက် ပြည့်စုံချမ်းသာမှု မရှိတတ်ပေမယ့် အခက်အခဲတွေကြားက အောင်မြင်ကြီးပွားလာနိုင်သူ ဖြစ်ပြီး မိတ်ကောင်းဆွေကောင်း၊ အသိုင်းအဝိုင်းကောင်းရဲ့ကူညီမစမှုတွေ ရရှိတတ်ပါတယ်။ အိုးပိုင်အိမ်ပိုင် ရနိုင်သူမျိုး ဖြစ်ပြီး သားသမီးတွေ၊ မိတ်ဆွေတွေ၊ အခြံအရံတွေနဲ့လည်း သိုက်သိုက်ဝန်းဝန်း အတူ နေထိုင်ရတတ်ပါတယ်။

၃ ကြွင်း – ဖွဲတိုင်

တိုင်လေးပါးမှာ အားအနည်းဆုံး တိုင်အမျိုးအစား ဖြစ်ပါတယ်။ အားကိုးအားထားပြုနိုင်တဲ့ အသိုင်းအဝိုင်းရယ်လို့ မရှိဘဲ ကိုယ့်ဖာသာရုန်းကန်ကြိုးစားရတတ်ပါတယ်။ သူများထက် ခက်ခဲပင်ပန်းစွာ စီးပွားရှာရတတ်ပြီး ကြိုးစားမှု အချည်းနှီး ဖြစ်တတ်ပါတယ်။ အိုးအိမ်ပိုင်ဆိုင်ခွင့်နည်းပြီး ဘဝအတက်အကျလည်း မျိုးစုံပြောင်းလဲတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၄ ကြွင်း – ဆန်တိုင်

လူတန်းစေ့နေနိုင်တဲ့ဇာတာလို့ ဆိုရပါလိမ့်မယ်။ ဘဝမှာ ဘယ်လောက်ပဲ ချမ်းသာပြည့်စုံပြီး ပိုက်ဆံရှိနေပါစေ၊ အရာရာကို အပင်ပန်းခံ လုပ်တတ်တဲ့လူမျိုး ဖြစ်ပါတယ်။ ချမ်းသာလွန်း၊ မွဲတေလွန်းတဲ့ အစွန်းနှစ်ဖက်ကနေ လွတ်ပြီး သူလိုငါလို နေနိုင်စားနိုင်သူ ဖြစ်သလို အပေါင်းအသင်း၊ အသိုက်အဝန်းလည်း ပေါများတတ်ပါတယ်။

တိုင်လေးပါးအဟောတွေကို လက်တွေ့သုတေသန လုပ်ကြည့်တဲ့အခါ ကမ္ဘာကျော်ဘီလျံနာသူကြွယ်ကြီးတွေ ဖြစ်တဲ့ အီလွန်မတ်စ်၊ ဘီလ်ဂိတ်၊ ဂျက်ဖ်ဘီဇော့ သုံးယောက်ဟာ ရွှေတိုင်ဇာတာရှင်တွေ ဖြစ်နေကြပါတယ်။

ရွှေတိုင်အဟောအတိုင်း သူတို့ရဲ့မူလဇာတာနောက်ခံအကြောင်းတရားတွေ ကောင်းကြသလို သူတို့ရဲ့ ဇွဲလုံ့လနဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေကလည်း သူတို့ကို ဒီလို ထိပ်ဆုံးနေရာကို တွန်းပို့ခဲ့တာလည်း ဖြစ်ပါတယ်။ (သူတို့ မွေးနှစ်တွေကို Wikipedia ကနေ ရယူ၊ မြန်မာခုနှစ်တွေ ပြောင်းပြီး ကိုယ်တိုင်တွက်ကြည့်နိုင်ပါတယ်)

မိတ်ဆွေတို့ရော ကိုယ့်မွေးခုနှစ်အရ ဘယ်တိုင်မှာ မွေးဖွားလာသလဲ၊ ဘယ်လောက်ချမ်းသာကြီးပွားခွင့် ရှိသလဲ ဆိုတာ တွက်စစ်ကြည့်လိုက်ပါဦး။ ယေဘုယျအဟော ဆိုပေမယ့် တိုက်ဆိုင်မှုတွေလည်း ရှိနေလို့ ကိုယ့်ဘဝမှာ ဘယ်လောက်ထိ ချမ်းသာနိုင်မလဲ ဆိုတာ ကိုယ်တိုင် တွက်ကြည့်သိရှိနိုင်ပါတယ်။

မိမိတို့ဇာတာအလိုက် ကြီးပွားချမ်းသာခွင့် ရရှိကြပါစေ – ဧက (ဗေဒင်သုတ)

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)