ချမ်းသာကြွယ်ဝခြင်းအတွက် Rune အဆောင်

အနောက်တိုင်းတွင် ရှေးဗိုက်ကင်းလူမျိုးနွယ်စုတို့မှ ဆင်းသက်လာသော Rune သင်္ကေတများကို အဆောင်အဖြစ် ဆောင်ယူကြခြင်း၊ ၎င်းအဆောင်သင်္ကေတများဖြင့် အနာဂတ်ကံအနေအထားကို ကြည့်ရှုဟောပြောခြင်းများ ဆောင်ရွက်ကြလေ့ရှိသည်။

ယခုဖော်ပြမည့် အဆောင်မှာ ငွေကြေးစီးပွားနှင့် ဓနဥစ္စာအတွက် အဓိကထား အသုံးပြုသော အဆောင် ဖြစ်သည်။ ၎င်းအဆောင်သင်္ကေတကို စာရွက်ပေါ်တွင် လည်းကောင်း၊ သစ်သားပေါ်တွင် လည်းကောင်း လဆန်းရက်တွင်းမှ မိမိမွေးနေ့နှင့် တိုက်ဆိုင်သောနေ့ မနက် ၉း၀၀ မှ ၉း၀၆ အတွင်း အပြီးရေးဆွဲ ဆောင်ယူရန် ဖြစ်သည်။  (အဆောင်ပုံကို အောက်တွင် ဖော်ပြထားပါသည်။)

စာရွက်ပေါ်တွင်ရေးဆွဲသူများအနေဖြင့် ကတ်လောင်းပြီး ဆောင်ထားနိုင်သည်။ သစ်သား၊ သတ္ထုပေါ်တွင် ရေးဆွဲသူများအနေဖြင့်လည်း အဆင်ပြေသလို ဆောင်နိုင်ပြီး အချို့ရွှေ၊ ငွေ စသည် တို့တွင် ရေးသား၍ လက်ဝတ်ရတနာအဖြစ် ဆင်မြန်းခြင်း လော့ကတ်သီး လုပ်ခြင်းဖြင့်လည်း ဆောင်နိုင်ပါသည်။ အခြားသူများ ပြုလုပ်ထားသော ယင်းအဆောင်ပုံကို ဥပမာအဖြစ် အောက်တွင် ကြည့်ရှုနိုင်သည်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၎င်းအဆောင်နှင့်ပတ်သက်၍ ငွေကြေးအခက်အခဲ ကြီးကြီးမားမား ကြုံရခြင်းမှ လွတ်မြောက်အောင် ဆောင်ရွက်နိုင်သော နည်းလမ်းတစ်ခုကို ဖော်ပြရသော်….

လင်ပန်းတစ်ချပ်အတွင်း ဖော်ပြပါ Rune သင်္ကေတကို ဆော့ပင်ဖြင့် ရေးပါ။ ၎င်းသင်္ကေတပေါ်တွင် ဖန်ခွက်အကြည်တစ်လုံးကို ရေအပြည့် ဖြည့်ပြီး တင်ထားပါ။ ၎င်းဖန်ခွက်အတွင်း စံပယ် ၅ ပွင့် ထည့်ပြီး ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအလိုက် ဝတ်ပြုဆုတောင်းခြင်း ပြုရမည်။

ထို့နောက် ဖန်ခွက်ကို နေ့စဉ် ရေလဲခြင်း၊ စံပယ် ၅ ပွင့်ကို လဲပေးခြင်း ၉ ရက် ဆက်တိုက် ဆောင်ရွက်ပေးခြင်းဖြင့် ငွေကြေးအခက်အခဲများမှ လွတ်မြောက်စေနိုင်ပါသည်။ ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ကြပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာ ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)