ဂဏန်းဗေဒင်နဲ့ ဖူးစာရှင်

အနောက်တိုင်းဂဏန်းဗေဒင်နည်းတစ်ခုမှာ လူတစ်ယောက်ရဲ့ မွေးခုနှစ်၊ ရက်၊ လ အားလုံးပေါင်းလို့ ရလာတဲ့ ဂဏန်းကို နောက်ဆုံး တစ်လုံးတည်း ကျန်အောင် ပေါင်းလိုက်ရင် အရေးအပါဆုံး ကံကြမ္မာ ဂဏန်း တစ်ခုကို ရရှိပါမယ်။ ဒီဂဏန်းပေါ် မူတည်ပြီး ချစ်ရေးချစ်ရာကဏ္ဍမှာ ဘယ်လိုလူစားမျိုးလဲ ဆိုတာ အဖြေထုတ်ကြည့်နိုင်ပါတယ်။ ဒီနည်းစနစ်နဲ့ ကိုယ့်ကိုကိုယ် တွက်ချက် ကြည့်နိုင်သလို ကိုယ့်ချစ်သူ အိမ်ထောင်ဖက်က ဘယ်လို လူစားမျိုးလဲ၊ သူနဲ့ ကိုယ်နဲ့ အဆင်ပြေပ့ါမလား ဆိုတာတွေကိုလည်း အဖြေရှာနိုင်ပါတယ်။ ကဲ .. စမ်းတွက်ကြည့်ရအောင်..

ဥပမာ သင့်ရဲ့ မွေးဖွားရက်က မေလ ၂၇ ရက်၊ ၁၉၉၅ ခုနှစ် ဖြစ်တယ်ဆိုရင် မွေးရက် ၂၇ ကို အခုလို ပေါင်းပါ။ (၂+၇ = ၉) မွေးလက မေလ ဆိုတော့ ငါးလမြောက် ဖြစ်တဲ့အတွက် (၅) ကို ယူရပါမယ်။ နောက်ဆုံး မွေးခုနှစ် ၁၉၉၅ ကို (၁+၉+၉+၅ = ၂၄ ၊ ၂+၄ = ၆) ရပါမယ်။ အဲဒီတော့ ရလာတဲ့ ဂဏန်းအားလုံးကို တစ်ခုတည်း ကျန်အောင် ပေါင်းရင် …

မွေးရက်ပေါင်းခြင်း – ၉ ၊ မွေးလ – ၅  ၊ မွေးခုနှစ် – ၆  အားလုံးပေါင်းတဲ့အခါ (၉+၅+၆ = ၂၀ = ၂ ဂဏန်း) ရရှိပါမယ်။ ပေါင်းခြင်းဂဏန်းအားလုံးရဲ့ ဟောကိန်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၁ ဂဏန်းသမား – ဒီဂဏန်းပိုင်ရှင်တွေဟာ ချစ်သူ ၊ အိမ်ထောင်ဖက်အပေါ်မှာ အလေးအနက် တန်ဖိုး ထားတတ်ကြပါတယ်။ အလေးထားလွန်းလို့လည်း နည်းနည်းမှ အမှား မခံတာမျိုး ဖြစ်တတ်ပါတယ်။ သစ္စာရှိ ယုံကြည်ရသူတွေ ဖြစ်ပေမယ့် တခါတလေ လက်တွဲဖော်အပေါ်မှာ သိပ်စိုးမိုးလွန်းတာ၊ လွှမ်းမိုး ခြယ်လှယ်ချင်တာမျိုးတွေ ရှိနေပါတယ်။ ဒါကိုတော့ ဆင်ခြင်ရပါမယ်။ သူတို့အတွက် အကောင်းဆုံး တွဲဖက်တွေက ၃ ဂဏန်းပိုင်ရှင် နဲ့ ၅ ဂဏန်းပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။

၂ ဂဏန်းသမား – ဒီဂဏန်းပိုင်ရှင်တွေက သိပ်ကို “ရို” ချင်ကြသူတွေပါ။ စိတ်ခံစားချက် ကြီးမားကြပြီး ခံစားသမျှ ရှေ့တန်း တင်တတ်ကြလို့ သူတို့အပေါ် နစ်နစ်နာနာ ပြောလာရင် ဖြစ်ဖြစ်၊ လိမ်ညာမုသား သုံးရင်ဖြစ်ဖြစ် အရမ်းကို ထိခိုက်ကြေကွဲ ခံစားရပါလိမ့်မယ်။ ၂ ဂဏန်း ပိုင်ရှင်တွေဟာ ၂ ဂဏန်းချင်းနဲ့ ၈ ဂဏန်းပိုင်ရှင်၊ ၉ ဂဏန်းပိုင်ရှင်တွေနဲ့ တွဲဖက် ညီနိုင်ကြပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၃ ဂဏန်းသမား – ဒီဂဏန်းပိုင်ရှင်တွေက အရာရာကို အကောင်းမြင်ပေးတတ်ကြပြီး စည်းကမ်းလည်း ကြီးတတ်ကြပါတယ်။ လွတ်လပ်မှုကို သိပ်မြတ်နိုးကြလို့ ချစ်ရေးချစ်ရာမှာ နားလည်မှုကို ဖန်တီးပေးဖို့ ခက်ခဲလေ့ ရှိပါတယ်။ ဒါပေမယ့် ကတိသစ္စာကို တန်ဖိုးထားကြလို့ လက်တွဲဖက်ကောင်းနဲ့ ဖူးစာဖက် ကြုံတတ်ပါတယ်။ အကောင်းဆုံးကတော့ ၇ နဲ့ ၅ ဂဏန်းပိုင်ရှင်တွေပါပဲ။

၎ ဂဏန်းသမား – လက်တွေ့သမား၊ တည်တည်ကြည်ကြည်နဲ့ သစ္စာရှိသူတွေ ဖြစ်ပြီး သူတို့ ချစ်တာ မြတ်နိုးတာကို လူသိထင်ရှား မပြတတ်ပါဘူး။ သူတို့ ဘယ်လောက် ချစ်တတ်တယ် ဆိုတာ လက်တွေ့ပဲ ပြသကြပြီး အပိုတွေ သိပ်မလုပ်တတ်လို့ နားလည်ပေးဖို့ လိုပါလိမ့်မယ်။ ၄ ဂဏန်းပိုင်ရှင်နဲ့ အံဝင်ဂွင်ကျ ရှိတတ်သူတွေကတော့ ၆ နဲ့ ၈ ဂဏန်းပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၅ ဂဏန်းသမား – ဒီဂဏန်းပိုင်ရှင်တွေက ဘာလာလာ ဒေါင်းတတ်ကြသူတွေ ဖြစ်ပြီး ဘယ်နေရာမှာ ဘယ်သူနဲ့မဆို အိုကေတတ်သူမို့ သူတို့အပေါ် ယုံကြည်စိတ်ချရဖို့ ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ချစ်စရာကောင်း ဖော်ရွှေ ပျော်ပျော်နေတတ်ကြတဲ့ စရိုက်သဘာဝကြောင့် သူတို့နဲ့ လက်တွဲ ဖြုတ်ဖို့ ခက်ပါလိမ့်မယ်။ အားလုံးနဲ့ အဆင်ပြေပေမယ့် ၃ ဂဏန်းပိုင်ရှင်နဲ့ ပိုလိုက်ပါတယ်။

၆ ဂဏန်းသမား – လူကဲခတ် သိပ်ကောင်းပြီး စိတ်ထဲကနေ အလိုလို သိနေတဲ့ စွမ်းအားကို ပိုင်ဆိုင်တဲ့ ဂဏန်းပိုင်ရှင်မို့ ချစ်သူ အိမ်ထောင်ဖက် ရွေးရာမှာ ကံကောင်းတတ်ကြပါတယ်။ ဘယ်သူ့အပေါ်မှာမဆို စိတ်စေတနာကောင်းပြီး ကူညီဖေးမတတ်ကြလို့ သဘောကောင်းတာကို အမြတ်ထုတ်သူတွေနဲ့လည်း ဆုံတတ်တာကို သတိထားပါ။ အကောင်းဆုံးလက်တွဲဖက်က ၉ ဂဏန်းပိုင်ရှင်ပါပဲ။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၇ ဂဏန်းသမား – ဒီဂဏန်းပိုင်ရှင်တွေဟာ တစ်ကိုယ်တော်နေလေ့ ရှိပြီး ဘယ်သူ့ကိုမှ တော်တော်နဲ့ အားမကိုး၊ မရွေးချယ်တတ်ကြပါဘူး။ နှလုံးသားရေးကို သူတကာလို ပေါ့ပေါ့ဆဆ မတွေးတတ်ကြဘဲ ကတိကဝတ်ကို အလေးထားကြသူတွေလည်း ဖြစ်ပါတယ်။ ဒီဂဏန်းသမားအတွက် အကောင်းဆုံး လက်တွဲဖော်တွေက ၁ ၊ ၃ နဲ့ ၉ ဂဏန်းပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။

၈ ဂဏန်းသမား – ဘာမဆို စနစ်တကျ လုပ်တတ်ပြီး ခေါင်းမာ၊ တယူသန်၊ လက်တွေ့ ဆန်သူတွေ ဖြစ်လို့ ဖူးစာဖက်နဲ့ ဆုံရာမှာလည်း နားလည်မှု တည်ဆောက်ဖို့ ခက်တတ်ပါတယ်။ ဒါပေမယ့်လည်း ပြဿနာကြားကနေ အဖြေမှန်လည်း ပေါ်ထွက်တတ်တာမို့  ဒီဂဏန်းပိုင်ရှင်တွေဟာ ၂ ဂဏန်းနဲ့ ၄ ဂဏန်းသမားတွေနဲ့ လိုက်လျောညီထွေ အဆင်ပြေသွားတတ်ပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၉ ဂဏန်းသမား – ဒီဂဏန်းပိုင်ရှင်တွေက တစ်ကိုယ်တည်း ဧကစာ နေထိုင်တတ်သူတွေ ဖြစ်ကြလို့ လက်တွဲဖော် ရှာရာမှာ သူများထက် ပိုခက်ခဲတတ်ပါတယ်။ မတော်တဆ ဖူးစာဖက်နဲ့ ဆုံရင်တောင်မှ အထီးကျန် အေးဆေးနေချင်တဲ့ စရိုက်ကြောင့် နွေးထွေးတဲ့ ဆက်ဆံရေး ဖြစ်လာဖို့ ခဲယဉ်းပါတယ်။ သူတို့ကို အကောင်းဆုံး နားလည်ပေးနိုင်တာကတော့ ၂ နဲ့ ၆ ဂဏန်းသမားတွေပဲ ဖြစ်ပါတယ်။

ဒီနည်းစနစ်အရ နှလုံးသားရေးကဏ္ဍမှာ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို ဖော်ထုတ် သိရှိပြီး သာယာကြည်နူးဖွယ် ချစ်ခရီးကို ဖန်တီး တည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။ ဧက (ဗေဒင်သုတ – BaydinThyuta)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)