ဂဏန်းဗေဒင်ဟောကိန်း (ဇွန် ၊ ၂၀၂၁)

အင်္ဂလိပ်လို မွေးဖွားတဲ့ရက်အလိုက် ဒီလအတွက် ဂဏန်းဗေဒင်ဟောကိန်းကို တင်ပြပေးလိုက်ပါတယ်။ အားလုံး အသုံးတည့် အကျိုးရှိစေဖို့ မျှော်လင့်ပါတယ်။

(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ တွင် မွေးဖွားသူများ) – ဒီလမှာ တုံ့ဆိုင်းတွေဝေစရာတွေ မကြာခဏ ကြုံရမယ်။ အဲသလို ဆုံးဖြတ်ချက် မပြတ်သား တွေဝေနေလို့လည်း အခွင့်ကောင်းတွေ လက်လွှတ်ရတတ်တယ်။ လူပျိုလူလွတ်တွေမှာ မေတ္တာရေးကံ ထင်ရှားလာနိုင်တယ်။ စုံတွဲနဲ့ အိမ်ထောင်ရှင်တွေကတော့ ကတောက်ကဆ ဖြစ်တာ များမယ်။ အလုပ်ကိစ္စမှာ ပြတ်သားဖို့ လိုမယ်။ ပြတ်သား ရဲရင့်လေ အောင်မြင်လေ ဖြစ်မယ်။ အဆင်မပြေခဲ့တဲ့ အလုပ်တွေ ဒီလမှာ ပြန်လုပ်ရင် အောင်မြင်တတ်တယ်။

(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ တွင် မွေးဖွားသူများ)  – လဆန်းပိုင်းမှာ စိတ်ပျက်စရာတွေ မြင်တွေ့ရမယ်။ ကိုယ့်ကို အနှောင့်အယှက်ပေး၊ ဒုက္ခပေးသူတွေနဲ့ ကြုံရမယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ပြေလည်မှု ရမယ်။ အတိုက်အခိုက်တွေကို ကျော်ဖြတ်နိုင်မယ်။ အလုပ် စီးပွားကိစ္စမှာ မျှော်မှန်းသလို မဖြစ်တာတွေ ရှိလာမယ်။ ခန့်မှန်းရခက်တဲ့ အခြေအနေတွေနဲ့ ထိပ်တိုက်တိုးမယ်။ နှလုံးသားရေးမှာ စိတ်မကြည်လင်စရာတွေ ဖြစ်တတ်တယ်။ လကုန်ပိုင်းရက်တွေမှာ အငြင်းပွားစရာ များမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ တွင် မွေးဖွားသူများ) –  တစ်လတာလုံးမှာ ပျော်ရွှင်ချမ်းမြေ့စရာတွေ ကြုံတွေ့ရတတ်တယ်။ လုပ်ငန်းမှာ ပုံစံသစ်၊ အနေအထားသစ်တွေ ပြောင်းလဲပြီး လုပ်ကိုင်ရတတ်တယ်။ အရင်လက အဆင်မပြေမှုတွေ ဒီလထဲမှာ ပြန်ကောင်းလာဖို့ ရှိနေတယ်။ မိသားစုချင်း၊ အိမ်သားချင်း ကူညီဖေးမမှု ရလာမယ်။ အရင်က ပြဿနာဟောင်းတွေ ဒီလမှာ ဖြေရှင်းနိုင်မယ်။ စိတ်ရှုပ်စရာတချို့ ဖြစ်တတ်ပေမယ့် ပြောပလောက်အောင် မထိခိုက်နိုင်ပါ။ အများအားဖြင့် စိတ်ချမ်းသာရမယ်။

(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ တွင် မွေးဖွားသူများ) –  ဒီလမှာ အတွေးသစ်အကြံသစ်တွေ ရလာတတ်တယ်။ မမျှော်လင့်တဲ့ ရှုထောင့်ကနေ အံ့အားသင့်စရာတွေကို ကြားရကြုံရတတ်တယ်။ လူအများကြားမှာ ကိုယ့်အစွမ်းအစကို ပြသနိုင်မယ်။ အများက လေးစားအားကျရတဲ့ အနေအထားမျိုး ဖြစ်လာတတ်တယ်။ ငွေရေးကြေးရေးကံလည်း အားကောင်းလာမယ်။ မေတ္တာရေးမှာလည်း ပျော်ရွှင်ကြည်နူးစရာတွေ ကြုံရမယ်။ လူပျိုလူလွတ်တွေ စန်းပွင့်တတ်တယ်။ စုံတွဲတွေလည်း ပျော်ရွှင်ရမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၅ ၊ ၁၄ ၊ ၂၃ တွင် မွေးဖွားသူများ) –  အစီအစဉ်တကျ လုပ်ထားတာတွေက တလွဲတချော်တွေ ဖြစ်တတ်ပြီး ရမ်းလုပ်၊ ကြည့်ကျက် လုပ်ချလိုက်တဲ့ အလုပ်တွေက ကြံဖန်ပြီးတော့ အောင်မြင်သွားတတ်တယ်။ အကြံကောင်းတော့ တစ်ချက်ဆိုသလို အကြံဥာဏ် အတွေးကောင်းတွေလည်း ပေါ်လာနိုင်တယ်။ တစ်ခုဆိုတစ်ခု တိတိကျကျ ရွေးချယ် လုပ်တတ်ဖို့ပဲ လိုအပ်မယ်။ စီးပွားရေးမှာ အကျိုးအမြတ် များမယ်။ ဂွင်ကောင်းတွေ မိမယ်။ နှလုံးသားရေးမှာ အကောင်းအဆိုး ယှဉ်နေမယ်။

(၆ ၊ ၁၅ ၊ ၂၄ တွင် မွေးဖွားသူများ)  ဒီလမှာ ဘယ်ကိစ္စမဆို အာရုံစူးစိုက်လို့မရ ဖြစ်နေတတ်တယ်။ အတွေးမှားအထင်မှားတွေကြောင့် လူမှုရေးမှာပါ ထိခိုက်လာနိုင်တယ်။ ကိုယ့်အချင်းချင်း အပြစ်မြင်ဝေဖန်မိလို့ ရှင်းရတတ်တယ်။ စုံတွဲ၊ အိမ်ထောင်ရှင်တွေအဖို့ လဆန်းပိုင်းမှာ ပဋိပက္ခလေးတွေ ဖြစ်တတ်ပြီး နောက်ပိုင်းမှာမှ အဆင်ပြေ စိတ်ချမ်းသာရမယ်။ အလုပ်တချို့က လည်ပတ်မှု ရပ်တတ်ပေမယ့် တချို့မှာ ပြန်လည်ပတ်နိုင်လိမ့်မယ်။ နားထားရတဲ့ အလုပ်တွေ ပြန်စရနိုင်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၇ ၊ ၁၆ ၊ ၂၅ တွင် မွေးဖွားသူများ) တစ်လလုံးမှာ စိတ်ရောလူပါ မနားမနေ လှုပ်ရှားအလုပ်များနိုင်တယ်။ ငွေကြေးအရ စွန့်စားမှု သိပ်များပြီးတော့ လောင်းကစားဆန်တဲ့ အလုပ်တွေ ပေါ်လာတတ်တယ်။ ဝင်ငွေကောင်းသလောက် ထွက်ငွေလည်း ကြမ်းမယ်။ သတိထားတဲ့ကြားက ဆုံးရှုံးမှုတချို့ ဖြစ်တတ်တယ်။ လဆန်းပိုင်းမှာ အချစ်ရေး၊ အိမ်ထောင်ရေး ပြဿနာတွေ အနည်းနဲ့အများ ပေါ်လာနိုင်တယ်။ ချစ်ရသူတွေအတွက် အချိန်ပေးရလိမ့်မယ်။ အလုပ်တွေလည်း ရှုပ်လိမ့်မယ်။

(၈ ၊ ၁၇ ၊ ၂၆ တွင် မွေးဖွားသူများ) – အဆိုးမြင်၊ မကောင်းမြင်စိတ်တွေ ကြီးမားလာနိုင်လို့ ကိုယ့်စိတ်ကို ပြန်စစ်ရလိမ့်မယ်။ လဆန်းကတည်းက စိတ် မကြည်၊ စိတ်ပျက်စရာတွေ ကြုံရတတ်တယ်။ ပြဿနာအသေးအဖွဲလေးတွေ ဖြစ်လို့ ပြန်လည် ဖြေရှင်းနိုင်မယ်။ အလုပ်အကိုင်ရေးမှာ အရင်က ကြိုးစားခဲ့တဲ့ အသီးအပွင့်ကို ပြန်ခံစားရမယ်။ အရင်က ဆုံးဖြတ်ခဲ့တဲ့ကိစ္စတွေက မှန်ကန်နေလိမ့်မယ်။ စိတ်ဖိစီးစရာကိစ္စတွေလည်း ရှိနေဦးမယ်။ မေတ္တာရေးမှာလည်း နားလည်မှုတွေ လိုမယ်။

(၉ ၊ ၁၈ ၊ ၂၇ တွင် မွေးဖွားသူများ) –  အလုပ်၊ စီးပွားကိစ္စမှာ လုပ်နေကျ သွားနေကျ မဟုတ်တဲ့ လမ်းကြောင်းကို ရောက်လာမယ်။ ပုံစံသစ်တွေနဲ့အတူ အပြောင်းအလဲတွေ လုပ်လာရတတ်တယ်။ အရင်က ဆုံးရှုံးမှုတွေ ရှိခဲ့ရင် ဒီလမှာ ပြန်ကာမိမယ်။ အဆင်မပြေမှု အခက်အခဲတွေကို ပြေလည်အောင် ရှင်းလာနိုင်မယ်။ မိသားစု၊ မိတ်ဆွေအသိုင်းအဝိုင်းနဲ့ နားလည်မှုတွေ ပြန်ပြီး ရလာနိုင်သလို ချစ်သူ၊ စုံတွဲ၊ အိမ်ထောင်ရှင်တွေကြားမှာလည်း မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုတွေ ရရှိလာမယ်။

မွေးရက်ဂဏန်းအားလုံး ဘေးကင်းကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)