ဂဏန်းဗေဒင်ဟောကိန်း (သြဂုတ် ၊ ၂၀၂၀)

 (၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက်တွင် မွေးဖွားသူများ)  – အလုပ်ထဲမှာ အခက်အခဲ သိပ်များမယ့် လဖြစ်တယ်။ ဖိအား၊ ပြဿနာပေါင်းစုံထဲ ရောက်သွားတတ်တယ်။ ဒါပေမယ့် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ရင် ကိုယ့်အတွက် အောင်ပွဲတွေက အသင့် စောင့်နေမယ်။ လက်တွဲဖော်၊ အိမ်ထောင်ဖက် ကျန်းမာရေး ချူချာတတ်တယ်။ လူမှုဆက်ဆံရေးကိစ္စနဲ့ နှလုံးသားရေးပိုင်းမှာ အချင်းများတာ၊ ငြင်းခုံရတာတွေ ဖြစ်မယ်။

(၂၊ ၁၁ ၊ ၂၀  ၊ ၂၉ ရက်တွင် မွေးဖွားသူများ) – ဒီလထဲ ဘာလုပ်လုပ် အဆင်မပြေတာ များမယ်။ တစ်ခုခုလုပ်ဖို့ ကြံတိုင်း သေချာစဉ်းစားပြီးမှ လုပ်ပါ။ အလုပ်ခွင်ထဲမှာလည်း ထစ်ခနဲဆို ဒေါသထွက်စရာ များတတ်လို့ သတိပြု ထိန်းချုပ်ပါ။ ကျန်းမာရေးနဲ့ ပတ်သက်လို့ ပူစရာမလိုတဲ့လ ဖြစ်တယ်။ နှလုံးသားရေးမှာ စုံတွဲတွေကြား ရန်တွေ ဖြစ်လွယ်တတ်လို့ စကား၊ အပြုအမူတိုင်းကို ဆင်ခြင်ရလိမ့်မယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၃၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက်တွင် မွေးဖွားသူများ) – အလုပ်နဲ့ ပတ်သက်လို့ အရေးကြီးတဲ့ ကာလ ဖြစ်တယ်။ အလုပ် အပြောင်းအရွှေ့၊ နေရာအပြောင်းအလဲတွေ ဖြစ်တတ်တယ်။ ကိုယ့်မှာ ဒါအဆင်မပြေရင် ဘာလုပ်ရမယ် ဆိုတဲ့ Backup တစ်ခုခု ထားရမယ်။ ဝင်ငွေတစ်ခုတည်းနဲ့ မလောက်ငဘဲ ဖြစ်မယ်။ ဒီလထဲ ကျန်းမာရေးလည်း ချူချာ အားနည်းတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးလည်း တကျက်ကျက် ဖြစ်မယ်။

(၄၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက်တွင် မွေးဖွားသူများ) – ကံကောင်းမယ့်လ ဖြစ်တယ်။ အရင်လတွေက အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသူဆိုရင် ဒီလမှာ အောင်မြင်မှုကို ပြန်ရလိမ့်မယ်။ အလုပ်ပြောင်း၊ နေရာပြောင်း ဖြစ်မယ်။ ပြောင်းရင် ပိုကောင်းမယ်။ အခွင့်အရေးပေါင်းစုံလည်း ပေါ်လာမယ်။ ကျန်းမာရေးတော့ နည်းနည်း ဂရုစိုက်ရယ်။ အချစ်ရေး အိမ်ထောင်ရေးမှာ စိတ်ညစ်စရာ များမယ်။ စိတ်လျှော့သင့်တာ လျှော့ချထားပါ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

(၅၊ ၁၄၊ ၂၃ ရက်တွင် မွေးဖွားသူများ) – အလုပ်ခွင်ထဲမှာ လူတချို့ရဲ့ ပြဿနာရှာ တိုက်ခိုက်မှု ခံရတတ်တယ်။ ဒေါသဖြစ်စရာတွေလည်း ကြုံရမယ်။ အလုပ်မှာ ဖိအားတွေလည်း ရှိလာလိမ့်မယ်။ ကိုယ့်ဘက်က မှန်နေရင် မလျှော့တမ်း တိုက်ပွဲဝင်ပါ။ ကျန်းမာရေးမှာ ဘေးကင်းမယ့် လ ဖြစ်တယ်။ ရောဂါအနာဟောင်းတွေ ခံစားရရင် ပျောက်မယ်။ နှလုံးသားရေးမှာ ပျော်ရွှင်ရမယ့်လ ဖြစ်တယ်။ စိတ်ချမ်းသာမယ်။

(၆ ၊ ၁၅ ၊၂၄ ရက်တွင် မွေးဖွားသူများ) – အလုပ်ထွက်ချင် ပြောင်းချင်စိတ် များလာမယ်။ ဒါပေမယ့် မထွက်ပါနဲ့။ အရင်လတွေက အလုပ်မကောင်းပေမယ့် တောင့်ခံထားပါ။ လုပ်ငန်းလည်ပတ်မှု နှေးတာ၊ ငွေတွေ ပြန်မပေါ်တာ ကြုံရတတ်တယ်။ ဒီလ ကျန်းမာရေးကို နည်းနည်း သတိထားရမယ်။ တစ်ခုခုဆို အမြန်ကုသ ဖြေရှင်းသင့်တယ်။ အချစ်ရေးမှာ လိုအင်ဆန္ဒတွေ ပြည့်ဝလိမ့်မယ်။ ပျော်စရာတွေ များမယ်။

(၇၊ ၁၆ ၊ ၂၅ ရက်တွင် မွေးဖွားသူများ) – ဒီလမှာ အလုပ်ထဲ အာရုံမကျဘဲ ဟိုဟိုဒီဒီတွေ စိတ်များနေတတ်တယ်။ အလုပ်မှာ စိတ်ဝင်စားမှု နည်းလို့ ပျက်ကွက်တာ၊ မှားယွင်းတာတွေ ဖြစ်လိမ့်မယ်။ အကြီးအကဲတွေ၊ ဘော့စ်တွေ နဲ့ မကြည်မလင် ဖြစ်မယ်။ ကျန်းမာရေး မစိုးရိမ်ရတဲ့ကာလ ဖြစ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေး ကံဇာတာ တက်နေမယ်။ အချစ်ရှာနေသူတွေ အဆင်ပြေလိမ့်မယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

(၈ ၊ ၁၇ ၊ ၂၆ ရက်တွင် မွေးဖွားသူများ) – အလုပ်မှာ ထိခိုက်နစ်နာစရာတချို့ ပေါ်လာမယ်။ ဒါပေမယ့် ပြန်လည် ဖြေရှင်းနိုင်လိမ့်မယ်။ အလုပ်ဟောင်းတွေ ရပ်ပြီး အလုပ်သစ်တွေဘက် အာရုံစိုက်ရတတ်တယ်။ အရင်လတွေက ကြိုးစားခဲ့သူဆိုရင် ဒီလမှာ အကျိုးခံစားခွင့် ရမယ်။ အောင်မြင်လိမ့်မယ်။ ကျန်းမာရေး ဘေးကင်းစိတ်ချရတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကူဖော်လောင်ဖက် ရမယ်။ အားပေးမှုတွေ ရရှိမယ်။

(၉ ၊ ၁၈ ၊ ၂၇ ရက်တွင် မွေးဖွားသူများ) – အလုပ်ကံဇာတာက အကောင်းအဆိုး မျှတတယ်။ အလုပ် ရှာနေသူ အလုပ် ရဖို့ များတယ်။ လုပ်ငန်းအခြေအနေက ပုံမှန်လေးပဲ သွားမယ့် ကာလ ဖြစ်တယ်။ ဒါပေမယ့် ကောင်းတဲ့ ဘက်ကို ပိုအားသာလိမ့်မယ်။ ကျန်းမာရေး စိုးရိမ်စရာ မရှိ ဘေးကင်းမယ့်လ ဖြစ်တယ်။ အချစ်ရေးကိစ္စမှာတော့ အချိန်ပေး အာရုံစိုက်ရမယ်။ ဂရုမစိုက်ရင် ပြဿနာ ဖြစ်လွယ်မယ်။

မွေးရက်ဂဏန်းအားလုံး ကံကောင်း အဆင်ပြေကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)