ဂဏန်းဗေဒင်လစဉ်ဟောကိန်း (စက်တင်ဘာ၊ ၂၀၂၁)

အင်္ဂလိပ်လို မွေးဖွားတဲ့ရက်အလိုက် ဒီလအတွက် ဂဏန်းဗေဒင်ဟောကိန်းကို တင်ပြပေးလိုက်ပါတယ်။ အားလုံး အသုံးတည့် အကျိုးရှိစေဖို့ မျှော်လင့်ပါတယ်။

(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ တွင် မွေးဖွားသူများ) – နေထိုင်မကောင်းသူတွေ ပြန်သက်သာမယ်။ အနာရောဂါဘယကနေ ကင်းလွတ်သွားမယ်။ အခက်အခဲ ကြုံနေရင် ဒီလမှာ ပြန်ပြေလည်မယ်။ လူသစ်၊ အဆက်အသွယ်သစ်တွေ ရပြီး အကူအညီလည်း ရရှိမယ်။ ၇ ရက်နဲ့ ၁၉ ရက်ကြား အထူးကံကောင်းနိုင်တယ်။ အခါကောင်းကို အသုံးချရမယ်။

(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ တွင် မွေးဖွားသူများ)  – တစ်လလုံးမှာ စိတ်ချမ်းသာပျော်ရွှင်မှုတွေ အပြည့်အဝ ရရှိလာမယ်။ မိသားစု အသိုက်အဝန်းရဲ့ ကူညီပံ့ပိုးမှုတွေလည်း ရတတ်တယ်။ ပြဿနာဟောင်းတွေကို ဖြေရှင်းနိုင်လိမ့်မယ်။ စိတ်ကူးအကြံအစည်ကောင်းတွေ ပေါ်လာမယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးဘဲ အကောင်းမြင်စိတ်ထားပါ။

(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ တွင် မွေးဖွားသူများ) –  ကိုယ့်ပညာ၊ အရည်အချင်းကို ထိရောက်စွာ သုံးနိုင်မယ်။ အလုပ်ကံ စီးပွားကံတွေ တက်လာနိုင်တယ်။ ၁၀ ရက်နေ့နောက်ပိုင်းမှာ ငွေကြေးစီးပွားကံတွေ အားကောင်းလာနိုင်တယ်။ နေရာကောင်းရတာ၊ အကြံအစည် အောင်မြင်တာတွေ ဖြစ်မယ်။ အလုပ်တွေ မပြတ်ရင် လက်စသတ်နိုင်မယ်။

(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ တွင် မွေးဖွားသူများ) –  ဒီလမှာ အံ့အားသင့်စရာအဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရတတ်တယ်။ ဒါပေမဲ့ များသောအားဖြင့် ကောင်းသော ကံကြမ္မာတွေသာ ဖြစ်လိမ့်မယ်။ အလုပ်မှာ ကံကောင်းအောင်မြင်မှုတွေ ရလာနိုင်တယ်။ အဆိုးမြင်၊ မကောင်းမြင်တွေ လျှော့ပါ။ မဟုတ်ရင် ကိုယ့်ကိုပါ ထိခိုက်လွှမ်းမိုးလာတတ်တယ်။

(၅ ၊ ၁၄ ၊ ၂၃ တွင် မွေးဖွားသူများ) – စိတ်နောက်ကိုယ်ပါ ဆုံးဖြတ်လုပ်ကိုင်တာမျိုး ရှောင်ရမယ်။ အမှားတွေများ အလွဲတွေ များတတ်လို့ ဒီလမှာ အလုပ်သစ် စတာ၊ နေရာသစ် ရွှေ့တာတွေ မလုပ်ပါနဲ့။ ဦးနှောက်အာရုံကြောနဲ့ ပတ်သက်ပြီး အားနည်းတတ်တယ်။ စိတ်ခံစားချက်နောက်ကို လိုက်ပြီး လုပ်ရင် အခြေအနေက ပိုဆိုးလိမ့်မယ်။

(၆ ၊ ၁၅ ၊ ၂၄ တွင် မွေးဖွားသူများ)  – စိတ်ဆိုးဒေါသထွက်လွယ်တဲ့ကာလကို ရောက်လာလို့ ကိုယ့်ရဲ့အပြုအမူ၊ စကားလုံးတွေကို သတိထားရမယ်။ မဟုတ်ရင် မိသားစု၊ မိတ်ဆွေတွေနဲ့ ဆက်ဆံရေး ပြဿနာတက်နိုင်တယ်။ ထစ်ခနဲရှိ စိတ်အနှောင့်အယှက် ဖြစ်လွယ်နေတတ်လို့ တတ်နိုင်သရွေ့ စိတ်ထိန်းရမယ်။ အနားယူပေးဖို့လိုမယ်။

(၇ ၊ ၁၆ ၊ ၂၅ တွင် မွေးဖွားသူများ) – ဒီလဝက်အထိ စိတ်ညစ်စရာတွေပဲ ပတ်လည်ဝိုင်းနေတတ်ပြီး ၁၅ ရက်နေ့ နောက်ပိုင်းမှ အခြေအနေကောင်းတွေ ဖြစ်ပေါ်လာလိမ့်မယ်။ မိသားစုနဲ့ အသိုင်းအဝိုင်းရဲ့ ကူညီဖေးမမှု ရရှိမယ်။ အကြံကောင်း၊ ဥာဏ်ကောင်းတွေကြောင့် အောင်မြင်မှု ရမယ်။ စိတ်လှုပ်ရှားလွယ်တတ်တာကို သတိထားရမယ်။

(၈ ၊ ၁၇ ၊ ၂၆ တွင် မွေးဖွားသူများ) – အရင်လက စိတ်ဖိစီးမှုတွေ ဒီလမှာ သက်သာရာ ရလာမယ်။ အတွေးသစ်၊ အမြင်သစ်တွေနဲ့ ပြန်စနိုင်မယ်။ ရလဒ်ကောင်းတွေလည်း ပေါ်လာလိမ့်မယ်။ ကြိုးစားမှုရဲ့ အကျိုးကျေးဇူးကို ပြန် ခံစားခွင့် ရလာမယ်။ အလုပ်မှာ စိတ်အနှောင့်အယှက် ဖြစ်စရာတချို့ ထပ်ဖြစ်လာနိုင်ပေမဲ့ ကျော်ဖြတ်နိုင်မယ်။

(၉ ၊ ၁၈ ၊ ၂၇ တွင် မွေးဖွားသူများ) –  လဆန်းတည်းက စိတ်ခွန်အားတွေ ပြည့်နေလို့ ကြံစည်အားထုတ်သမျှပါ အောင်မြင်လွယ်လိမ့်မယ်။ လလယ်လောက်အထိ လုပ်နိုင်ကိုင်နိုင်စွမ်းတွေ အားကောင်းနေလို့ လုပ်ငန်းစီးပွားကံ အကျိုးပေးထက်သန်နိုင်တယ်။ မကျန်းမာရင် ပြန်ကောင်းမယ်။ မိသားစု၊ မိတ်ဆွေတွေရဲ့ကူညီမစမှု ရလိမ့်မယ်။

မွေးရက်ဂဏန်းအားလုံး ဘေးကင်းကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)