ဂဏန်းဗေဒင် လစဉ်ဟောကိန်း (သြဂုတ်၊ ၂၀၂၁)

အင်္ဂလိပ်လို မွေးဖွားတဲ့ရက်အလိုက် ဒီလအတွက် ဂဏန်းဗေဒင်ဟောကိန်းကို တင်ပြပေးလိုက်ပါတယ်။ အားလုံး အသုံးတည့် အကျိုးရှိစေဖို့ မျှော်လင့်ပါတယ်။

(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ တွင် မွေးဖွားသူများ) – ဒီလမှာ ကံကောင်းခြင်းအဖြာဖြာ ရောက်လာနိုင်တယ်။ ကျန်းမာရေး မကောင်းသူဆို ပြန်ကောင်းမယ်။ နေကောင်းသက်သာမယ်။ အလုပ်တွေလည်း အဆင်ပြေ အောင်မြင်မှုရမယ်။ ကြိုးစားထားတာတွေ အရာထင်လိမ့်မယ်။ ကံဇာတာ မြင့်မားမယ့်လ ဖြစ်လို့ ဘာသာရေးပါ တွဲလုပ်သင့်တယ်။

(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ တွင် မွေးဖွားသူများ)  – ဒီလမှာ အစစအရာရာ လုပ်ကိုင်ဆောင်ရွက်အောင်မြင်ဖို့ ရာခိုင်နှုန်း များတယ်။ နေရာကောင်းတွေ ရတာ၊ ရာထူးတိုးတာ၊ လစာတိုးတာတွေ ခံစားရတတ်တယ်။ ကိုယ့်ကိုကိုယ်သာ ယုံကြည်မှုအပြည့် ရှိပါ။ ငွေရေးကြေးရေး ကံလည်း ကောင်းနေလို့ နည်းပေါင်းစုံကနေ ငွေဝင်လာတတ်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ တွင် မွေးဖွားသူများ) –  ကံဇာတာ အတော်သင့် ကောင်းမယ့်လ ဖြစ်တယ်။ ဘယ်အရာကိုမှ လွယ်လွယ်နဲ့ မရတတ်ပေမယ့် ဒီလထဲမှာ ကိုယ်ကြိုးစားရင် ကြိုးစားသလို နေရာအခွင့်အရေးတွေ ရလိမ့်မယ်။ ငွေဝင်ကိန်းလည်း ရှိနေသလို အထက်လူကြီးတွေဆီက အကူအညီလည်း ရတတ်တယ်။ စိတ်ချမ်းသာမှုရှိမယ်။

(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ တွင် မွေးဖွားသူများ) –  ဒီလမှာ အဆင်မပြေမှုတွေ များလာနိုင်တယ်။ လုပ်ကိုင်ထားတာတွေ အပေါက်အလမ်း မတည့်ဘဲ လွဲချော်မှုတွေ များမယ်။ စိတ်ပျက်လက်ပျက် ဖြစ်စရာတွေလည်း မကြာခဏ ကြုံပြီး ရလဒ်တွေက မျှော်လင့်တာနဲ့ တခြားစီ ဖြစ်မယ်။ ပြဿနာတွေ၊ ပဋိပက္ခတွေ များလာနိုင်လို့ သတိပြုနေရမယ်။

(၅ ၊ ၁၄ ၊ ၂၃ တွင် မွေးဖွားသူများ) – ပေါင်းသင်းဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်လာမယ်။ မိတ်ဟောင်းတွေရော မိတ်သစ်တွေနဲ့ပါ ဆုံဆည်းခွင့် ရမယ်။ လူမှုရေးဟာ အရေးပါလာလိမ့်မယ်။ ဒီလထဲမှာ ငွေရှာနိုင်စွမ်း ကောင်းပြီး အလုပ်တွေလည်း အတော်သင့် အောင်မြင်မှု ရမယ်။ ဒါပေမယ့် အလွယ်လုပ်ဖြတ်လမ်းလိုက်တာတော့ ရှောင်ပါ။

(၆ ၊ ၁၅ ၊ ၂၄ တွင် မွေးဖွားသူများ)  – အလုပ်အပြောင်းအလဲ၊ နေရာအပြောင်းအလဲ လုပ်လိုသူတွေ ဒီလထဲမှာ ကြိုးစားကြည့်နိုင်မယ်။ အလုပ်သစ် စတင်ချင်သူတွေလည်း ကြိုးစားအောင်မြင်နိုင်တယ်။ ဒီလမှာ အလုပ်စီးပွား ကံဇာတာတွေ ကောင်းလာလိမ့်မယ်။ ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေလည်း ရရှိလာချိန် ဖြစ်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၇ ၊ ၁၆ ၊ ၂၅ တွင် မွေးဖွားသူများ) – ဒီလမှာ အခက်အခဲလေးတွေ မကြာခဏ တွေ့ကြုံရမယ်။ ဘယ်အလုပ်မှ ချောမွေ့အဆင်ပြေ မနေဘဲ အဖုအထစ်လေးတွေကို ဖြတ်သန်းနေရလိမ့်မယ်။ ကိုယ်မျှော်လင့်ထားသလို မဖြစ်ဘဲ အကျိုးအမြတ်လည်း အရ နည်းတတ်တယ်။ လူအများနဲ့ ဆက်ဆံရေးမှာလည်း စိတ်ပျက်စရာတွေ များလာမယ်။

(၈ ၊ ၁၇ ၊ ၂၆ တွင် မွေးဖွားသူများ) – တစ်လတာလုံးမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ပြည့်နှက်လာတော့မယ်။ ဘာလုပ်လုပ် အဆင်မပြေဘဲ စိတ်ညစ်စရာတွေ များလာနိုင်တယ်။ သူများတွေအတွက် လွယ်ကူနေတာတောင် ကိုယ့်အလှည့်ကျမှ ခက်ခဲနေတတ်တယ်။ လုပ်ငန်းမှာ အတက်အကျတွေ များပြီး စိတ်ရှုပ်စရာတွေ ပြည့်နေမယ်။

(၉ ၊ ၁၈ ၊ ၂၇ တွင် မွေးဖွားသူများ) –  ဒီလမှာ အချိန်မအားမလပ်နိုင်အောင် အလုပ်တွေ များ၊ တာဝန်တွေ ပြည့် နဲ့ ဖြစ်နေလိမ့်မယ်။ လူရောစိတ်ပါ မနားမနေ ပင်ပန်းတကြီး ဖြစ်လာနိုင်တယ်။ စိတ်ရှုပ်ရတာတွေလည်း ရှိမယ်။ အလုပ်ဒဏ် ဖိအားဒဏ်တွေ များလာနိုင်တယ်။ ဘယ်ကိစ္စမှ မလွယ်ကူတတ်လို့ ကြိုတင် ပြင်ဆင်ဖို့ လိုလိမ့်မယ်။

မွေးရက်ဂဏန်းအားလုံး ဘေးကင်းကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)