ဂုဏ်သိက္ခာကျကိန်း ကြုံနေရပြီလား

လူ့ဘဝဆိုတာက တစ်ခါတစ်လေ ဂုဏ်သတင်း ညှိးမှိန်စရာ အခြေအနေမျိုးနဲ့ တည့်တည့်ကို ကြုံကြရလေ့ရှိပါတယ်။ ဆိုတော့…ဂုဏ်သိက္ခာဆိုတာကို တန်ဖိုးထားလေလေ…..ဒီကိစ္စမျိုးက ….အန္တရာယ်ကြီးလေလေပါပဲ။ ကောင်းပြီ….။ အဲဒီ့ဂုဏ်သိက္ခာ…ကျဆင်းရတော့မလိုလို… ကြုံကိန်းရှိလာ…ဘယ်လိုလုပ်ရပါ့။

ဒီလို လုပ်ကြည့်ရအောင်ဗျာ..

ထွေးခံ…အမှိုက်ပုံး….စသည်တို့ကို….မိမိတို့နာမည် ထင်ထင်ရှားရှား ရေးထိုးပြီး ဘုန်းတော်ကြီးကျောင်းမှာ လှူဒါန်းပါ။ (ဘာသာခြားများအဖို့တော့ ….အများသုံးနေရာများမှာ ကုသိုလ်ဖြစ် လှူနိုင်ပါတယ်။) တတ်နိုင်သူများအနေနဲ့ သံဃာသုံးကုဋီ (အမည်ရေးထိုးပြီး) ဆောက်လုပ်လှုဒါန်းပါ။ သူများတံတွေးခွက် ပက်လက်မျောလုလု …အနေအထားမျိုး ကြုံနေသူအချို့တောင် အတော်ကို အနေအထား သက်သာသွားတာ ရှိပါသဗျား။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မောင်ဖုန်း ဒီယတြာ ဒီကုသိုလ်အားလေးကို ပေးကြည့် စမ်းကြည့်တာ ကြာခဲ့ပါပြီ။ အင်မတန်ကောင်းပါတယ်လို့သာ ညွှန်းပါရစေ။ ဒီ့ထက်ထက်မြက်တဲ့ ဂုဏ်သိက္ခာ ထိခိုက်မှုကို ကာကွယ်တဲ့ နည်းစနစ်လည်း (ဗုဒ္ဓဘာသာဝင်များအတွက် လုပ်လို့ ရနိုင်သော နည်းလမ်း) ရှိပါသေးတယ်။

နောင် အခါအခွင့်သင့်တဲ့အခါ …ရေးသားတင်ပြပေးပါဦးမယ်ခင်ဗျ။ အားလုံးပဲ ချမ်းသာခြင်း ရှိကြပါစေ။ ဂုဏ်သတင်းကျဆင်းရခြင်းမျိုးမှ သက်သာရာ ရရှိကြပါစေသတည်း။ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)