ဂျူပီတာအသွားအလာနဲ့ ရာသီခွင်ဗေဒင်

အနောက်တိုင်းနက္ခတ်ဗေဒင်အရ ဂျူပီတာ (ခေါ်) ကြာသပတေးဂြိုဟ်ကြီးဟာ ဇူလိုင် ၂၈ ကနေ နိုဝင်ဘာ ၂၃ အထိ မိဿရာသီမှာ နောက်ပြန် (ဝကြ) သွားလာတော့မှာ ဖြစ်ပြီး ဂျူပီတာ အသွားမမှန်တဲ့ လေးလနီးပါးတာ ကာလအတွင်းမှာ ၁၂ ရာသီဖွားတွေ ဘာတွေ ဖြစ်ပျက်လာနိုင်မလဲ ဆိုတာ အဟောထုတ်ပေးလိုက်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – ကျန်းမာရေး ကောင်းနေရာက ယိုယွင်းတတ်တယ်။ အဆီအဆိမ့်တွေ လျှော့စားရမယ်။ လုပ်ကိုင်ကြိုးစားမှုတွေ ရှေ့မရောက်ဘဲ နောက်ပြန်လှည့်လာမယ်။ အခွင့်အလမ်းတွေနဲ့ လက်မတင်လေး လွဲချော်သွားတာမျိုး ဖြစ်မယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – လေးလနီးပါးအတွင်းမှာ ကုန်ပေါက်တွေ များလာမယ်။ ကြံဖန်အကြောင်းပြပြီး ငွေကုန်လွယ်မယ်။ ဘာသာရေးနဲ့ အလှူအတန်းကိစ္စတွေ ရည်ရွယ်သလို မဖြစ်ဘဲ ကြန့်ကြာသွားမယ်။ အသုံးထက် အဖြုန်းက ပိုများနေလိမ့်မယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – လိုလားချက်၊ မျှော်လင့်ချက်တွေ သဲထဲရေသွန်သလို ဖြစ်မယ်။ လက်လှမ်းမမီနိုင်တဲ့ အခြေအနေတွေ ကြုံရမယ်။ ငွေရစရာတွေ နှောင့်နှေးလာမယ်။ နေထိုင်ရှင်သန်ရတဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို စိတ်ကုန်မိလာလိမ့်မယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – ဝန်ထမ်းဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ လုပ်ငန်းခွင်မှာ ပြဿနာတွေ ပိုများလာမယ်။ အလုပ်တွေ နှစ်ဆတိုးပြီး လုပ်လာရမယ်။ ဝင်ငွေ၊လစာ၊အကျိုးအမြတ်ကတော့ နည်းပါးတတ်တယ်။ ဖြစ်ချင်တာတွေ ဖြစ်ဖို့ သည်းခံရမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – ပညာသင်ကြားရေးကိစ္စ၊ သင်တန်းတက်ရောက်ရေးကိစ္စနဲ့ ခရီးဝေးခရီးရှည်၊ နိုင်ငံရပ်ခြားသွားလာရေးကိစ္စတွေ အချိန် ကြန့်ကြာနှောင့်နှေးလာမယ်။ မှန်းထားတဲ့ကာလနဲ့ ဖြစ်လာချိန်နဲ့ ကွာဟမယ်။ ခက်ခဲမှုတွေ ကြုံလာမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – အမွေအနှစ်ကိစ္စတွေ၊ အိမ်ထောင်ရေးကိစ္စတွေမှာ စိတ်ပျက်စရာတွေ ဖြစ်ပေါ်လာမယ်။ ကြွေးမြီ အပေးအယူနဲ့ အချေးအငှားတွေမှာလည်း ရလဒ်မကောင်းဘဲ ဖြစ်မယ်။ အရမ်း ကြိုးစားလေလေ လွဲချော်လေလေ ဖြစ်နေမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – ချစ်သူရည်းစား၊ အိမ်ထောင်ရေး၊ လက်ထပ်ရေးကိစ္စတွေမှာ မျှော်လင့်ထားတဲ့၊ စီစဉ်ထားတဲ့အချိန်ထက် ကြာပြီး စောင့်ဆိုင်းရလိမ့်မယ်။ အချင်းချင်း မပွင့်မလင်းနဲ့ မရိုးမသားတွေ ရှိနေတတ်တယ်။ ပြဿာနာဟောင်း ပေါ်မယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – သွေးတိုးရှိသူတွေ ဂရုစိုက်ရမယ့်ကာလ ဖြစ်တယ်။ အဝလွန်သူတွေလည်း ဆီးချို၊ သွေးတိုးတွေ အဖြစ်လွယ်ပြီး ကျန်းမာရေး ညံ့တတ်တယ်။ မလိုအပ်ဘဲ သူများတာဝန်တွေ ဝင်ယူရမယ်။ စေတနာက ဝေဒနာလို ဖြစ်နေမယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – အသေးအဖွဲကနေ ကြီးကြီးမားမားအထိ လောင်းကစားဆိုတဲ့အရာကို လုံးဝ ရှောင်ထားရမယ့် လေးလ ဖြစ်တယ်။ ကံစမ်းဉာဏ်စမ်းလောင်းကစားနဲ့ အပျော်အပါးတွေကြောင့် ပျက်တတ်တယ်။ သမီးရည်းစား ပြဿနာ ဖြစ်မယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – ယာဉ်ကား၊ ဆိုင်ကယ် စတဲ့ ပိုင်ဆိုင်ရာ စီးနင်းရာ မော်တော်ယာဉ်တွေ ပျက်လွယ်နေမယ်။ ပျက်ရင် တော်တော် နဲ့ ပြန်ပြင်မရဘဲ ကြာတတ်တယ်။ အိုးအိမ်၊ မြေယာကိစ္စတွေလည်း ဒီလေးလတာမှာ ခဏ ဆိုင်းထားသင့်တယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – ညီအစ်ကိုမောင်နှမ၊ သားချင်းတွေကြားမှာ အငြင်းပွားစရာတွေ ပေါ်ထွက်လာမယ်။ အဆက်အသွယ်တွေလည်း ပြတ်သွားမယ်။ အချင်းချင်း နားလည်မှု လွဲမယ်။ ပတ်ဝန်းကျင်၊ အဆက်အသွယ်တွေနဲ့ အဆင်မပြေ ဖြစ်မယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – မိသားစုအရေး ရတက်မအေးစရာတွေ ပေါ်လာမယ်။ ငွေအသုံးအစွဲ လက်ဖွာမိတတ်တယ်။ အကြောင်းမရှိဘဲ ငွေသုံးပစ်တာ၊ လက်လွန်မိတာတွေ ဖြစ်တတ်တယ်။ အပြောအဆို မတတ်လို့လည်း ပြဿနာ ဖြစ်တတ်တယ်။
ဂျူပီတာနောက်ပြန်ကာလမှာ အဆင်ပြေပြေ ဖြတ်သန်းနိုင်ကြပါစေ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)