စိတ်တွေ ညစ်နေ၊ လေးနေရင် ရာသီခွင်အလိုက် လုပ်ကြည့်ဖို့

စိတ်ဖိစီးမှုတွေ သိပ်များလာရင် ဘာလုပ်သင့်လဲဆိုတာကို ၁၂ ရာသီခွင်အလိုက် အကြံပြုထားပါတယ်။ စိတ်တွေ သိပ်ညစ်လာရင်၊ အာရုံတွေ သိပ်နောက်လာရင် ဒီနည်းလမ်းတွေ သုံးကြည့်ပါ။ ဒီနည်းတွေက ကိုယ့်ရာသီခွင်ရဲ့ စရိုက်သဘာပေါ် အခြေခံထားလို့ အနည်းနဲ့အများ အထောက်အကူ ဖြစ်စေမှာပါ။

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ) – အလုပ်တွေအကုန် ပစ်ချပြီး စိတ်တိုင်းကျ အနားယူတာ၊ အိမ်မှာ မနေတော့ဘဲ ပွဲလမ်းတွေချည်း လှိမ့်တက်တာ၊ တမေ့တမော အိပ်ပစ်တာမျိုး လုပ်ကြည့်ပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ) – အိမ်မှာ ဒါမှမဟုတ် နားအေးပါးအေး နေရာလေးတစ်ခုမှာ ဇိမ်ကျကျ အနားယူပါ။ ဖြစ်နိုင်သမျှ တစ်ယောက်တည်း နေနိုင်လေ စိတ်သက်သာရာ ပိုရလေပါပဲ။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ) – အသစ်အဆန်းတွေ လျှောက်စမ်းကြည့်တာ၊ ခရီးတွေပဲ လှိမ့်သွားပစ်တာမျိုး လုပ်ပါ။ ပညာသစ် သင်တာ၊ တရားစခန်း ဝင်တာမျိုးနဲ့လည်း သင့်တော်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ) – အရင်းနှီးဆုံး ဘော်ဒါတွေ ၊ မိသားစုလို လူတွေနဲ့ အချိန် များများ ပေးနေလိုက်ပါ။ ချစ်ရသူတွေနဲ့အချိန်ဖြုန်းလိုက်ရင် အားလုံး အိုကေသွားပါလိမ့်မယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ) – တစ်နေရာတည်းမှာ ပိတ်လှောင်မနေဘဲ ဟိုဒီတွေ လျှောက်ဒိုးလိုက်ပါ။ ပင်ပန်းလာရင် အေးအေးလူလူလေး ပြန်နားပါ။ ညစ်တာတွေ လစ်သွားပါမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ) – စိတ်များတတ်သူတွေမို့ တစ်ခုတည်းပေါ်မှာပဲ အာရုံ စူးစိုက်တတ်ဖို့ လေ့ကျင့်ကြည့်ပါ။ တစ်ခုခုထဲ အာရုံနစ်မျောသွားရင် သက်သာရာ ရပါလိမ့်မယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ) – စားချင်တာတွေ အကုန် လျှောက်စား၊ သီချင်းတွေ နားထောင်၊ လုပ်ချင်တာလေးတွေ အကုန် လုပ်ပစ်ပါ။ ညစ်တာတွေ လျော့သွားပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ) – စိတ်ထဲ သိပ်အစွဲ မထားဖို့ အရင် ပြင်ပါ။ ပြီးရင် စွန့်စားခန်းများတဲ့ ဇာတ်ကား၊ ပြကွက်တွေ လျှောက်ကြည့်ပါ။ ခရီးလေးဘာလေး ထွက်လိုက်ပါ။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ) – ဘော်ဒါတွေ ဝိုင်းဖွဲ့ပြီး အပီအပြင် ကဲကြည့်စမ်းပါ။ အစားကောင်း အသောက်ကောင်းတွေ၊ အလန်းစား ဂီတသံတွေနဲ့ ဒိုးဒိုးဒွန့်ဒွန့် ကခုန် ပေါက်ကွဲလိုက်ပါ။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ) – အလုပ်တွေ သိပ်လုပ်လွန်းသူမို့ ခဏလောက် ဘရိတ်အုပ် အနားယူပါ။ ကိုယ်လုပ်ချင်တာလေးတွေကို စာရင်း ချပြီး ကျကျနန လျှောက် လုပ်ပစ်ပါ။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ) – အသစ်အဆန်း ဆိုရင် စိတ်ပြေလက်ပျောက် ဖြစ်တတ်သူမို့ ဟိုပွဲဒီပွဲတွေ ဒိုး၊ မဖတ်ရသေးတာ ဖတ်၊ ပွဲတွေ လျှောက်တက်နဲ့ အချိန်ဖြုန်းပစ်လိုက်ပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ) – တစ်ယောက်တည်း ငြိမ်ငြိမ်လေး ခွေခေါက်နေရင်း စိတ်ကူးတွေ ပစ်ယဉ်လိုက်ပါ။ လုပ်နိုင်ရင်တော့ တရားထိုင်ကြည့်၊ မရဘူးဆိုရင် စိတ်ကူးတွေ ယဉ်ပါ။

၁၂ ရာသီဖွားအားလုံး စိတ်ဖိစီးညစ်ထေးမှုတွေ ကင်းဝေးချမ်းသာကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)