စီးပွားလာဘ်လာဘ တိုးပွားစေသော ဓာတ်ပန်းအိုး ထိုးနည်း

ဤပညာခန်းသည် အင်္ဂ၀ိဇ္ဇာပညာရပ်ကြီးမှ ဆင်းသက်လာသော ပညာခန်းတစ်ခုဖြစ်ပါသည်။ ရှေးခေတ်ပညာရှင်ကြီးများ သုံးခဲ့သော ပညာခန်းတစ်ခုအဖြစ် မှတ်သားခဲ့ရဖူးပါ၏။ နေ့စဉ်နှင့်အမျှ စီးပွားငွေကြေးရှာဖွေရပြီး စားဝတ်နေရေးအတွက် လုံးပန်းနေရသော လူ့ဘောင်လောကီတွင် ငွေဝင်ကောင်းခြင်း စီးပွားရှာဖွေရလွယ်ကူခြင်း စသော ကောင်းကျိုးအား လူသားတိုင်း တောင့်တကြပါ၏။  ထို့ကြောင့်ဤပညာခန်းအား ယုံကြည်သူတို့ အသုံးပြုနိုင်စေဖို့ တင်ပြပေးလိုက်ပါသည်။ ဦးစွာမူရင်းလင်္ကာအား တင်ပြပေးပါမည်။

“တောင်ဟုန်ပြင်းပြင်းဂဠုန်မင်း၏ သစ်ရင်း၊သစ်ရာ။တနင်္လာမူပိတောက်ယူလော့။ ထို့ပြင်အင်္ဂါ သစ်အယ်သာတည်း။ မှတ်ပါဗုဒ္ဓဟူး နေကြာခူး၍၊ ကြည်နူးသစ္စာ ထိုးစိုက်ပါက လာဘ်မှာမိုးစွေ ရှိတုံပေရှင့်။ တစ်ထွေကြွက်မင်း နောက်ရပ်ဆင်းက စံခင်းမပျက်၊ သြဇာခက်ကို ဆက်ဆက်ထိုးပါ၊ လာဘ်မိုးရွာ၏။ သောကြာနေ့မျိုး ခရေထိုးလော့၊ တန်ခိုးစနေရှိလိုချေက ညောင်ရေဆွတ်ဖျန်း စံပယ်ပန်းနှင့် ရွှင်လန်းတင့်တင့် လာဘ်မိုးစွေသည်၊ဖြိုးတင့်ဥစ္စာ တိုးပွားတည်း”

ဤကားကျမ်းရင်းလင်္ကာဖြစ်ပါသည်။ မူလမွေးနံ၏ စတုရန်းနှင့် ဆပွတ်တွဲသော ဓာတ်ပန်းများပင်ဖြစ်ပါသည်။ ၄င်းဓာတ်ပန်းအညွန့်များကို မိမိတို့၏ လာဘအရပ်ဖြစ်သော ဆပွတ် အရပ်တွင် ထိုးစိုက်ထားခြင်းအားဖြင့် ငွေကြေးစီးပွားရှာဖွေတိုးပွားစေသည်ဟု ဆိုလိုပါ၏။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

နေ့သားအလိုက် ဓာတ်ပန်းများနှင့် အညွန့်ပန်းအိုး ထားရမည့် အရပ်ဒေသမှာ-

စသဖြင့် နေ့သားအလိုက်ပန်းအိုးထိုးပေးရပါမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

ပန်းအိုး စတင်ထိုးရမည့် အချိန်မှာ မိမိမွေးနေ့နံနက် ၉နာရီခွဲမှ၁၀နာရီအတွင်း ဖြစ်ပါ၏။ အညွန့်များ ညိုးနွမ်းခြောက်သွေ့အောင် မထားသင့်ပါ။ ညိုးနွမ်းပါက အသစ် လဲလှယ်ပေးရမည် ဖြစ်ပါသည်။ ငွေကြေးစီးပွားတိုးတက်ကောင်းမွန်ကြပါစေ။ ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)