စနေနေ့ဖွားများရဲ့ တစ်သက်တာ ကံဇာတာအနိမ့်အမြင့်

ယေဘုယျအားဖြင့် စနေနေ့ဖွားတွေဟာ အသက် ၁၁ နှစ်ကနေ ၂၉ ကြားသည် အခက်အခဲ များပြားတတ်ချိန်ပါ။ ဘယ်လောက်ပဲ ကိုယ်စွမ်းကိုယ်စ ရှိသည်ဖြစ်စေ အမှီအခို လောင်းရိပ် မကင်းနိုင်သေးပါ။

၃၀ ကနေ ၄၁ နှစ်ကြားမှာတော့ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်အိပ်မက်၊ ကိုယ်ပိုင်အကျိုးစီးပွားကံ စတင်လာပါတယ်။ အထူးသဖြင့် နာမည်အဖျားစာလုံး တနင်္ဂနွေနံသမားတွေ (ဥပမာ – နေလင်းဦး၊ နေမင်းအောင်၊ နိုင်ထူးအောင်) စသည်တို့မှာ ပိုမို အကျိုးပေး သိသာထင်ရှားပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၄၂ ကနေ ၆၂ နှစ်ကြား ကာလကတော့ …စိတ်လှုပ်ရှားစရာ အကောင်းဆုံးကာလ ဖြစ်သလို၊ ဘ၀ကလည်း စွန့်စားမှုများနဲ့ ပြည့်နှက်နေရတတ်တဲ့ ကာလပါပဲ။ စနေနေ့ဖွား အများစုကတော့ ဒီကာလကြားမှာ ကံကောင်းမှု ရရှိတတ်ကြပါတယ်။

၆၃ ကနေ ၆၈ ကြား ကာလသည် အရာရာကို စိတ်တိုင်းမကျမှု များရတတ်ချိန်ဖြစ်ပြီး ဘဝမှာ ကိုယ်ရည်မှန်းထားတာ တစ်ချို့ တက်တက်စင်အောင် လွဲချော်သွားတတ်ချိန်လည်း ဖြစ်ပါတယ်။

တစ်ကယ်လို့ နာမည်မှာ ဗုဒ္ဓဟူးနံတစ်ခုခုနဲ့ အဆုံးသတ်ပြီး ( တင်မောင်ဝင်း၊ ထင်လင်း၊ နွယ်နီဝေ ) စသည်ဖြင့် မှည့်ခေါ်ထားမိမယ်ဆိုရင် မနေချင်တဲ့နေရာမှာ နေရသောကံ၊ အားကိုးရာမဲ့ ဖြစ်တတ်ခြင်းနဲ့ ခန္ဓာကိုယ် အထူအထ ခက်ခဲတတ်ခြင်းကံကို မုချဆိုသလို ကြုံရတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၆၉ ကနေ ၈၃ နှစ်ကြားကာလကတော့ အများစုသော စနေများရဲ့ နောက်ဆုံးအချိန် ကာလ တစ်ခု ဖြစ်တတ်ကြပါတယ်။ လေဖြတ်ခြင်းဒဏ်ကို ဂရုအစိုက်ရဆုံးကာလဖြစ်ပြီး နာမည်အဖျားစာလုံးမှာ ကြာသာပတေးနံဖြင့် ( တင်မောင် ၊ နီနီမေ ၊ သော်တာမိုး ) စသည်ဖြင့် မှည့်ခေါ်ထားမိမယ်ဆိုရင် ပိုပြီး ဂရုစိုက်ကြရမယ့် ကာလပါပဲ။

အထက်ပါဟောကိန်းတွေဟာ ယေဘုယျဆန်ပြီး တစ်ဦးချင်းရဲ့ မူလဖွားဇာတာအမျိုးမျိုး၊ နာမည်အမျိုးမျိုး ၊ ရုပ်လက္ခဏာကြန်အင်အသီးသီး ပေါ်မူတည်ပြီးတော့မှ အကျိုးအပြစ်များ ကွာခြားတတ်ကြမယ် ဆိုတာကိုတော့ သတိပြု ဖတ်မှတ်သင့်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်.. ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789333791

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)