စနေနေ့ဖွားများအတွက် ဒီနှစ် (၁၃၈၁) လုပ်ငန်းစီးပွားဟောကိန်း

ဒီတစ်နှစ် အသက်မွေးမှုကံဇာတာအပိုင်းမှာ သောကြာနဲ့ စနေသည် ကံအခွင့်အလမ်း အသာနိုင်ဆုံး နေ့နံတွေလို့ ဆိုရမှာပါ။ ဒီ သောကြာနဲ့ စနေမှာမှ. စနေနေ့ဖွားတွေသည် ပိုမိုပြီး ကံအခွင့်အလမ်းနဲ့ အားသာချက် ရရှိနိုင်သည့် နေ့နံတစ်ခုလို့ ဆက်လက် ဆိုရပါလိမ့်မယ်။

မိမိတို့ရဲ့ မူလဇာတာ ..၊ မိမိတို့ရဲ့ အသက်ပိုင်းတွေ၊ ဒသာတွေပါ ကောင်းကျိုး ကျရောက်နေသည့် အနေအထားနဲ့ပါ တိုက်ဆိုင်နေမယ်ဆိုရင် ဒီကောဇာခုနှစ် ၁၃၈၁ခုနှစ်သည် အဆိုပါ စနေနေ့ဖွားမျိုးအတွက် ကံအခွင့်အသာဆုံး နှစ်မျိုး ဖြစ်လာနိုင်ပါတယ်။

မူလဇာတာတွေ ..ဒသာတွေကို တစ်ဦးချင်းဆီအတွက် မတွက်ပေးနိုင်ပေမယ့် အသက်ပိုင်းအရကိုတော့ အောက်မှာပါသည့် အသက်ပိုင်းများနဲ့ တိုက်ဆိုင်နေသော စနေနေ့ဖွားတွေ …ဒီနှစ်ထဲမှာ ပိုမိုပြီး အသက်မွေးမှုကံအားသာခြင်း .လုပ်ငန်းစီးပွားပိုင်း ကံကောင်းခြင်း ရှိနိုင်မည်ဟု မှတ်ပါခင်ဗျား။

 

အသက်အားဖြင့်…၁၁နှစ် ၊ ၁၈နှစ် ၊ ၂၅နှစ် ၊၃၂ နှစ် ၊ ၃၉နှစ် ၊ ၄၆နှစ် ၊ ၅၃နှစ် တို့နှင့် တိုက်ဆိုင်နေသော စနေနေ့ဖွားများ အတွက် …..ယခုနှစ်သည် …အောင်မြင်မှု ပိုမိုရနိုင်သော နှစ်မျိုး ဖြစ်ပါကြောင်း။

ဒီတစ်နှစ်မှာ အသက်မွေးမှု အောင်မြင်ချင်ရင်…အနီရဲရဲအရောင်ကို အဓိက ရှောင်ကျဉ်သင့်ပါတယ်။ အနက်ရောင်၊ အရောင်ရင့်များနဲ့ လိမ္မော်ရောင်တို့သည် ကံကောင်းမှုပိုမိုရစေသော အရောင်များ ဖြစ်ကြပါမယ်။

အားလုံးသော စနေနေ့ဖွားအပေါင်း တို့သည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး အောင်မြင်ကြပါစေခင်ဗျား။

လေးစားစွာဖြင့်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)