နှလုံးသားရေးရာအတွက် စွယ်တော်ရွက်အစီအရင်

“ကယ်ပါဦးဆရာ… ညီမ ချစ်သူက နောက်တစ်ယောက်နဲ့ ရှုပ်နေလို့ ဆရာ ကူညီပေးပါနော်” ညိုးငယ်သော မျက်နှာဖြင့် ရှေ့တွင် ရောက်နေသော မိန်းကလေးအား စိတ်မကောင်းစွာနှင့် တစ်ချက် ကြည့်မိ၏။ နှလုံးသားရေးရာ အပူမီးပွားနေသော မိန်းကလေး၏ ဇာတာကို တွက်ချက် ကြည့်ရင်း …

“တတ်နိုင်သလောက်တော့  ကူညီပေးပါမယ်။ ညီမကံမှာ သူနဲ့ လုံးဝ ကွဲကွာရမယ့် ကံ မရှိသလို ဖူးစာဖက်ဖို့တောင် ရှိပါတယ် …စိတ်အေးအေးထား..ဒါတွေက ခေတ္တခဏ္ဏ ကြုံရတဲ့ အညံ့တွေပါ” ဟုပြောလိုက်ရာ  “ကျေးဇူးအထူးတင်ပါတယ် …ဆရာရယ်” ဟု ပြန်ပြော၏။

“ညီမက တနင်္လာသမီးဆိုတော့ ဗုဒ္ဓဟူးနေ့ညမှာ အပြစ်အနာအဆာကင်းတဲ့ စွယ်တော်ရွက် တစ်ရွက်ကို ခူးရမယ်….အချောဘက်တစ်ဖက်မှာ ညီမနာမည်ရေး ..နောက်တစ်ဖက်မှာ ညီမကောင်လေး နာမည်ကို ရေးပါ။ ပြီးရင် အဲ့ဒီစွယ်တော်ရွက်ကို ပလပ်စတစ်အကြည်လေးနဲ့ ထည့်ပြီး ညီမခေါင်းအုံးအောက်မှာ ထားရမယ်။ အိပ်တဲ့အခါ ကိုယ်လိုချင်တာ ဖြစ်ချင်တာကို ဆုတောင်းပြီး အိပ်ပါ။ ၆ ညတိတိ အဲဒီလို ထားအိပ်ပြီးတဲ့အခါ စီးဆင်းနေတဲ့ ရေမှာ မျှောလိုက်ပါ.. ၊ ဒါမျိုး ၃ ကြိမ်ထက် ပိုမလုပ်ရဘူး… ပြန်ပြီး အဆင်ပြေသွားလိမ့်မယ်” (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

“ဟုတ်ဆရာ…ညီမသေသေချာချာလုပ်ပါ့မယ်…” “နေဦး၊ ဒါလုပ်ရုံနဲ့ မရသေးဘူး။ နေ့တိုင်း ပုတီး ၃ ပတ် စိပ်ရမယ့် ဂါထာလည်း ရှိတယ် ” “ဟုတ်ကဲ့ .. ဘယ်ဂါထာလဲဆရာ…” “ဥုံ ဧဟိသုခံ မေတ္တံ မမ ” ဆိုတဲ့ ဂါထာကို တစ်နေ့ ပုတီး ၃ပတ် စိပ်ပေးရမယ်… “ဟုတ်ကဲ့ဆရာ…ညီမ စိပ်ပါ့မယ်…ယတြာလည်း သေချာလုပ်ပါ့မယ်…” ဟု ပြောဆိုပြီး ပြန်သွားလေတော့၏။

တစ်လခန့် ကြာသော် …ကောင်လေးတစ်ယောက်နှင့် လက်ချင်းချိတ်ရင်း ရွှင်ပြသော မျက်နှာနှင့် ကျွန်တော့်ဟောခန်းသို့ ဝင်လာသည့် သူမကို တွေ့ရ၏။

“ဆရာ ကျွန်မနဲ့သူ့အတွက် လက်ထပ်မင်္ဂလာရက်ကောင်း ရွေးချင်လို့ပါ ” ဟု ဆိုလာ၏။ မေတ္တာရေး အပူသောကမှ ကင်း၍ ချစ်ရသူနှင့် ပေါင်းဖက်ခွင့်ရသွားသော မိန်းကလေး၏ မျက်နှာကား ပြုံးရွှင်၍ လန်းဆန်းနေပါတော့သည်။

ထိုမိန်းကလေး အချစ်ရေး အဆင်ပြေသွားသည့်နည်းတူ အခြားသူများ၏ နှလုံးသားရေးကိစ္စများလည်း အေးချမ်း အောင်မြင်စေရန်အတွက် မြန်မာ့ရိုးရာ ယတြာနည်းကို ဖော်ပြအပ်ပါသည်။ နေ့သားအလိုက် စွယ်တော်ရွက်ပေါ်တွင် စာရေးရမည့်နေ့ကို ဖော်ပြလိုက်ပါသည်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အထက်ပါသတ်မှတ်ထားသော နေ့ညတွင် စွယ်တော်ရွက် ခူးပြီး အချောဘက်တွင် မိမိနာမည်နှင့် အခြားတစ်ဖက်တွင် ချစ်သူ နာမည်ကို ရေးပြီး ပလပ်စတစ်အကြည်လေးနှင့် ထည့်ကာ ခေါင်းအုံးအောက်တွင် ထားအိပ်ပါ။ အိပ်စက်သောအခါ ဖြစ်ချင်တာကို မြင်ယောင်အာရုံပြုရင်း ဆုတောင်းပါ။ ၆ညတိတိ ထိုအတိုင်း လုပ်ဆောင်ပြီး (စွယ်တော်ရွက်လဲစရာမလို) စွယ်တော်ရွက်ကို စီးဆင်းနေသော ရေတွင် မျှောပါ။ ၎င်းလုပ်ဆောင်ရသော ညမှစ၍ တစ်လခန့် “ဥုံ ဧဟိ သုခံ မေတ္တံမမ” ကို တစ်နေ့ပုတီး ၃ပတ် စိပ်ပါ။ ဘာသာခြားများအနေဖြင့် ကိုးကွယ်ရာဘာသာတရား အလိုက် ဆုတောင်းမှုပြုပါ။ နှလုံးသားရေးရာကိစ္စများ အဆင်ပြေချောမွေ့သွားပါလိမ့်မည်။

ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပါစေ ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာ ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)