ဒီနေ့၊ ဒီနံ ဒီမောင်နှံ အိမ်ထောင်ဖက်ရန် သင့်ရဲ့လား

ဗေဒင်ယတြာကို ဟိုစပ်စပ် သည်စပ်စပ် ကြားဖူးနားဝ ရှိတဲ့ မြန်မာလူမျိုးတွေကြားမှာ “ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အိမ်ထောင်ဖက် အသက်မရှည်ရာ” ဆိုတဲ့ အစွဲအလန်းနဲ့ နေ့ချင်းထပ် မြတ်တယ် ဆိုတဲ့ အယူအဆအမှားတွေ အမြစ်တွယ်နေတတ်ကြပါတယ်။

ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ လင်္ကာအတိုင်း စနေနဲ့ ကြာသပတေး၊ သောကြာနဲ့ တနင်္လာ .စတဲ့ နေ့နံ မတည့်သူတွေ လက်ထပ်ကြလို့ ဘယ်လို အဆိုးအညံ့တွေကိုမှ မကြုံရတဲ့အပြင် စီးပွားဥစ္စာတွေ တက် အိမ်ထောင်တွေ တည်မြဲနေတာတွေ အများကြီး ရှိသလို “ဥသာ၊ စိန်ပန်း၊ ဒန်းလှ၊ ကိုရှာ” လင်္ကာတိုင်း တနင်္ဂနွေ-သောကြာ၊ အင်္ဂါ-ကြာသပတေး စတဲ့ နေ့နံတွေ တည့်တယ်ဆိုပြီး ယူလိုက်လို့ လပိုင်းအတွင်း ပြန်ခွာပြဲ၊ ခွဲခွာကြရတာလည်း အများကြီးပါပဲ။

တကယ်တော့ မြန်မာ့ရိုးရာ မဟာဘုတ်ဗေဒင်ပညာကအစ နက္ခတ်ဗေဒင်ပညာအဆုံး အားလုံးသော ပညာရပ်တွေမှာ သူ့နည်းစနစ်နဲ့သူ အိမ်ထောင်ရေးကံကို တွက်စစ်တဲ့ နည်းမှန်လမ်းမှန်တွေ အများကြီး ရှိပါတယ်။ ဒီနည်းလမ်းတွေထဲမှာ အာစရိယဝါဒနဲ့ ရရှိထားတဲ့ မြန်မာ့လက်ဆန်းဗေဒင်ပညာထဲက နေ့သားအလိုက် အိမ်ထောင်ဖက်ရွေးချယ်မှု အကျိုးအပြစ်တွေကို လူအများ နားလည်လွယ်စေဖို့ အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တနင်္ဂနွေသားသမီးများအတွက်

တနင်္လာသားသမီးများအတွက်

အင်္ဂါသားသမီးများအတွက်

ဗုဒ္ဒဟူးသားသမီးများအတွက်

ကြာသပတေးသားသမီးများအတွက်

သောကြာသားသမီးများအတွက်

စနေသားသမီးများအတွက်

အထက်ပါ ၄၉ မျိုးသည် ပုံသေသဘောဆန်ပါလိမ့်မယ်။ ရှေးအာစရိဝါဒလာ အထက်ပါနည်းစနစ်ကို မဟာဘုတ်ပညာနဲ့ ပေါင်းစပ်ပြီး ခွဲခြားစိတ်ဖြာရင်တော့ ပိုအဆင်ပြေပါလိမ့်မယ်။ ဥပမာ – မဟာဘုတ် ၅ကြွင်းဖွား သောကြာပုတိဖွားအမျိုးသားဟာ အထွန်းဌာနက ဗုဒ္ဓဟူးသမီးနှင့် အိမ်ထောင်ကျသည်ဆိုပါစို့။ အထက်ပါစနစ်အရ သောကြာ + ဗုဒ္ဓဟူး = ချမ်းသာသုခ လို့ ဆိုပေမယ့် ပုတိ+အထွန်း ပုတိ ပက္ခကြောင့် သဘောထားကွဲလွဲခြင်း ၊ မကြာခဏ ခွဲခွာနေရတတ်ခြင်းကြောင့် အဆင်မပြေမှု ရှိတတ်ခြင်းကို သတိပြုရပါမယ်။

အဲဒီလိုပဲ ၃ကြွင်း အင်္ဂါဘင်္ဂဖွားအမျိုးသားသည် တနင်္ဂနွေအမျိုးသမီးနဲ့ အိမ်ထောင်ပေါင်းဖက်ရသည ဆိုပါစို့။ အထက်ပါစနစ်အရ အင်္ဂါ + တနင်္ဂနွေ = ဥစ္စာပြုန်းတတ်သည် ..ဟုဆိုသော်လည်း ရာဇဌာနရှိ တနင်္ဂနွေနံအမျိုးသမီးဖြစ်ခြင်းကြောင့် ငွေကြေး မမြဲတတ်ခြင်း၊ ကိုယ်တိုင်ငွေ မကိုင်ရခြင်းမျိုးသာ ဖြစ်တတ်ကြောင်း သတိပြုအပ်ပါတယ်။ သာမန်လူတွေကြားမှာ အမှတ်မှားနေကြတဲ့ ပုံသေ အယူအဆ အလွဲတွေကို ထောက်ပြရင်း အလွယ်တကူ အိမ်ထောင်ဖက် ရွေးချယ်နိုင်တဲ့ မြန်မာ့လက်ဆန်းဗေဒင်ကိန်းတစ်ခုကို ဗေဒင်သုတ အဖြစ် တင်ပြပေးလိုက်တာ ဖြစ်ပါတယ်။

ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ကြပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)