တစ်ကိုယ်တော် နေရင် ပိုပျော်ရွှင်မယ့် ရာသီဖွားများ

တချို့က လက်တွဲဖော် ရှိမှ ဘဝက ပြီးပြည့်စုံတယ်။ “မင်းမရှိလို့ မဖြစ်”တဲ့ နှစ်ယောက်တည်း ကမ္ဘာဟာ သူတို့အတွက် အရမ်း အရေးကြီးတယ်။ အဲ..တချို့ကျတော့ တစ်ယောက်တည်း တစ်ကိုယ်ရေ နေမှ ပိုအဆင်ပြေတဲ့သူတွေ၊ တနည်းအားဖြင့် Single သမား၊ FA ဘဝမှာ ပိုပြီးသာယာတတ်သူတွေပေါ့။ တစ်ယောက်တည်း နေနေရာက နှစ်ယောက် ဖြစ်လာရင် သိပ် ကီးမကိုက်တော့ဘူး၊ အဆင်ပြေဖို့ အတော် ညှိယူရမယ် ဆိုတဲ့ ရာသီဖွားတွေကတော့…

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ) – တစ်နေ့တာ လုပ်စရာတွေ အစီအစဉ်ပေါင်းစုံတွေနဲ့ ပြည့်နှက်နေတတ်တဲ့ ကန်ရာသီဖွားတွေဟာ တစ်ယောက်တည်း နေထိုင်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ ကိုယ့်ကိစ္စနဲ့ကိုယ့် ရှုပ်နေလို့ ချစ်သူထားမိရင် အချိန်ပေးဖို့ ခက်ပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ) – လွတ်လပ်မှုကို သိပ်ကြိုက်တဲ့ သူတွေ ဖြစ်လို့ သူတို့ လွတ်လပ်ခွင့်ကို ထိပါးလာရင် အဲဒီ Relationship က အဆင်မပြေတော့ပါဘူး။ အဲဒီတော့ သူ့ဘက်ကိုယ့်ဘက် မကြည့်နိုင်ရင် တစ်ကိုယ်ရေနေထိုင်တာက ပိုကောင်းပါလိမ့်မယ်ဗျာ။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ) – ခေါင်းမာ တယူသန်ပြီးတော့ ကိုယ့်အထာနဲ့ကိုယ် နေထိုင်တတ်သူ ဖြစ်လို့ လက်တွဲဖော်နဲ့ ညှိနှိုင်းရာမှာ ကိုယ်ခံယူချက်နဲ့ ထပ်တူကျ အဆင်ပြေမှသာ ရေရှည်တွဲနိုင်ကြတာပါ။ ဒါကြောင့် အဆင်မပြေဘူးဆို မတွဲတာ အကောင်းဆုံးပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ) – အချိန်နဲ့အမျှ ကိုယ့်ကိစ္စတွေကိုပဲ အာရုံထားတတ်သူမျိုး ဖြစ်လို့ လက်တွဲဖော်ရဲ့ အခြေအနေ၊ ခံစားချက်ကို လျစ်လျူရှုတတ်ကြပါတယ်။ အတ္တကြီးတဲ့သဘာဝနဲ့ လွှမ်းမိုးချင်စိတ် လွန်ကဲတတ်ကြလို့ တစ်ကိုယ်တော်နေတာ ပိုကောင်းပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ) – ခံစားချက် အသားပေးသူ ဖြစ်ပြီး အေးချမ်းမှုကို လိုလားသူတွေလည်း ဖြစ်တဲ့အတွက် အမြဲ စိတ်တို ဒေါသထွက်နေရတဲ့ Relationship မျိုးနဲ့ အဆင်မပြေပါဘူး။ စိတ်ညစ်၊ စိတ်ပျက်စရာတွေကို မခံနိုင်ရင် Single နေတာ အကောင်းဆုံးပါ။

ကဲ.. ရာသီခွင်ဗေဒင်အရတော့ မြင်သမျှ တင်ပြပေးလိုက်ပါပြီ။ ကိုယ့်စရိုက်သဘာဝနဲ့ ကိုက်ညီတာကိုပဲ ရွေးချယ် ညှိယူ လက်တွဲနိုင်ကြပါစေဗျာ- ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)