တစ်ပတ်စာ ဟောစာတမ်း (ဇူလိုင် ၁၂ – ဇူလိုင် ၁၈ ၊ ၂၀၂၁)

တနင်္ဂနွေနေ့ဖွားများ – ဒီအပတ်မှာ တနင်္ဂနွေသားသမီးတွေ ကျန်းမာရေး မကောင်းတာ၊ ကိုယ်ရေးကိုယ်တာကိစ္စ စိတ်ပျက်ငြီးငွေ့စရာတွေ ဖြစ်တာမျိုး ကြုံရတတ်တယ်။ အလုပ်အကိုင်လေးတွေ ကောင်းလာနိုင်ပေမယ့် စိတ်ပူရ စိတ်ညစ်ရတာတွေတော့ မကင်းဘဲ ဖြစ်နေမယ်။ မေတ္တာရေးမှာတော့ ကူဖော်လောင်ဖက်လည်း ရ၊ နားလည်မှုပါ ရှိမယ့်စိတ်ချမ်းသာစရာတွေ ကြုံရတတ်တယ်။ မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်လို့ အားကိုးမရဘဲ ဖြစ်မယ်။

တနင်္လာနေ့ဖွားများ – ဒီအပတ်မှာ တနင်္လာသားသမီးတွေအနေနဲ့ စိတ်ရောလူပါ မကြည်လင်စရာတွေ ဖြစ်မယ်။ ထစ်ခနဲရှိ စိတ်မြန်လက်မြန် လျှောက်လုပ်မိတတ်တယ်။ ကျန်းမာရေး ကောင်းပေမယ့် ကိုယ်ခံအားနည်းသလို  ဖြစ်နေလို့ ဂရုစိုက်ရမယ်။ စိတ်နောက်ကိုယ်ပါတွေ မလုပ်မိဖို့ ရှောင်ရမယ်။ အလုပ်စီးပွားတွေ အကောင်းဘက် ရှိနေမယ်။ ငွေဝင်ကိန်းလည်း ရှိနေတယ်။ နှလုံးသားရေးမှာ စန်းပွင့်တာ၊ ပျော်ရွှင်ရတာလေးတွေ ဖြစ်လာမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အင်္ဂါနေ့ဖွားများ – ဒီအပတ် အင်္ဂါသားသမီးတွေက စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာပြည့်ဖို့ များတယ်။ ဒါပေမယ့် လူအများနဲ့ ပတ်သက်ရတဲ့၊ ရောနှောသွားလာရတဲ့ကိစ္စတွေကို ရှောင်ရမယ်။ ကိုယ်လုပ်ခဲ့တာလေးတွေ လမ်းစ ရပြီး အကောင်အထည် ပေါ်လာနိုင်တယ်။ အလုပ်စီးပွားကံကောင်းနိုင်တယ်။ ငွေကြေးနဲ့ပတ်သက်လို့လည်း ကံ ကောင်းတတ်တယ်။ အချစ်ရေးမှာ အပူသောကတွေ ဖြစ်တတ်သလို မိသားစုအတွက် ရတက်မအေး ဖြစ်မယ်။

ဗုဒ္ဓဟူးနေ့ဖွားများ – ဗုဒ္ဓဟူးသားသမီးတွေက ဒီအပတ်မှာ အလုပ်ကိစ္စ၊ စီးပွားရေးကိစ္စတွေအတွက် ပင်ပန်းစရာ ရုန်းကန်စရာ ဖြစ်လာနိုင်တယ်။ လုပ်ထားတာတွေ ပျက်ကုန်လို့ အစက ပြန်စရတတ်တယ်။ ငွေအတွက်နဲ့လည်း စိတ်ညစ်စရာတွေ ခံစားရတတ်တယ်။ စပ်တူရှယ်ယာတွေ ပေါင်းလုပ်မိရင် ပျက်တတ်တယ်။ ပျော်ရွှင်စရာကိစ္စနဲ့ အားတက်စရာသတင်းတွေတော့ ကြားသိရတတ်တယ်။ နှလုံးသားရေးမှာ တကျက်ကျက်နဲ့ စကားများနေမယ်။

ရာဟုဖွားများ – ဒီအပတ်မှာ ရာဟုဖွားတွေက ကိုယ့်ရပိုင်ခွင့်နဲ့ ပတ်သက်လို့ အတော်လေး အတိုက်အခံ လုပ်ပြီး ပြောဆို ယှဉ်ပြိုင်ရလိမ့်မယ်။ ဒါပေမယ့် ကံတရားက ကိုယ့်ဘက်မှာ ရှိလို့ ပြောစကားဆိုစကား အောင်မြင်မယ်။ အလုပ်အကိုင်မှာ အခက်အခဲ များသလို အောင်မြင်မှုလည်း ဒွန်တွဲလာမယ်။ ပြဿနာဟောင်းတွေကို လက်ယပ် မခေါ်မိဖို့တော့ သတိပြုရမယ်။ အချစ်ရေးကိစ္စမှာ စန်းပွင့်တတ်ပေမယ့် သည်းခံစိတ်ရှည်နိုင်ဖို့လည်း လိုမယ်။

ကြာသပတေးနေ့ဖွားများ – ဒီအပတ်မှာ လုပ်ကိုင်ကြံစည်သမျှ ပျက်သွားတာ၊ လွဲသွားတာတွေပဲ များလိမ့်မယ်။ လုပ်ချင်တာတွေ အဆုံးထိမရောက်ဘဲ လမ်းခုလတ်မှာ ရပ်တန့်ရတတ်တယ်။ အလုပ်အကိုင် ပုံမှန်လေးဆိုပေမဲ့ ဘာဆက်လုပ်ရမယ်မှန်း မသိအောင် လမ်းပျောက်နေတတ်တယ်။ ငွေကြေးကိစ္စမှာ တစ်ပိုင်းတစ်စနဲ့ ဖြစ်မယ်။ ရစရာပေးစရာတွေ ဝေ့လည်နေတတ်တယ်။ မေတ္တာရေးမှာတော့ ကိုယ့်အပေါ် ကောင်းမယ့်သူနဲ့ ဆုံတတ်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သောကြာနေ့ဖွားများ – ဒီအပတ် သောကြာသားသမီးတွေအနေနဲ့ ကံဇာတာ အဆိုးအကောင်း မျှတတယ်လို့ပဲ ဆိုရမယ်။ ဘယ်အရာမှာ အလွန်ဆိုး၊ အလွန်ကောင်း မဖြစ်နိုင်။ အလုပ်ကိစ္စမှာ အေးရာအေးကြောင်း လုပ်နိုင်ပြီး ဝင်ငွေကိစ္စလည်း မပူပန်ရဘဲ ဖြစ်လာမယ်။ ဒါပေမယ့် မေတ္တာရေးမှာ အမြင်မတူတာ၊ ဘာမဟုတ်တာလေးတွေနဲ့ စကားများရတာမျိုး ဖြစ်လာနိုင်တယ်။ ဘာပဲကြံစည်ထားပါစေ ဒီအပတ်မှာ ဖြစ်မြောက်တာက နည်းနေလိမ့်မယ်။

စနေနေ့ဖွားများ – ဒီအပတ်မှာ စနေနေ့ဖွားတွေက မိတ်ဆွေအသိုင်းအဝိုင်းရဲ့ ကောင်းကျိုးကို ရရှိခံစားရတတ်ပြီး ကိုယ့်အပေါ် ကောင်းတဲ့ ကူညီဖေးမမယ့်သူတွေနဲ့ ဆုံရမယ်။ ဘာသာရေးကိစ္စ၊ အလှူအတန်းကိစ္စတွေ လုပ်ရင် ပိုထူးခြားတတ်တယ်။ အလုပ်တွေကတော့ လုပ်ရင်းနဲ့ မြုပ်မသွားအောင် မနည်းရုန်းကန်ရမယ်။ လုပ်ငန်းတွေက တုံ့ဆိုင်းသွားတာမျိုး ဖြစ်လာမယ်။ ဝင်ငွေနည်း ထွက်ငွေ များမယ်။ နှလုံးသားရေးမှာလည်း ကံခေတတ်တယ်။

ဘေးကင်းရန်ကွာ ချမ်းသာသုခ ရရှိကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)