တနင်္ဂနွေနဲ့ အင်္ဂါ ကွာခြားချက်

တနင်္ဂနွေနေ့ဖွားတွေနဲ့ အင်္ဂါနေ့ဖွားတွေမှာ အဓိက ကွာခြားချက် တစ်ခုကတော့ ..စိတ်ခံစားမှုအပိုင်းပါပဲ။

တနင်္ဂနွေတွေက …တော်ရုံအားဖြင့် သူတို့ ချစ်တဲ့ခင်တဲ့သူတွေအတွက် ပူပန်ရတတ်သော ..ကံမျိုး …အလွယ်တကူ သူတို့အပေါ်မကျရောက်တတ်သလို…ခပ်အေးအေးခပ်လူလူ..နေတတ်ရန်ကောလို့တောင် တခါတရံ အထင်မှတ် မှားခံရတတ်ကြသူတွေပါ။

အင်္ဂါတွေကတော့…မတွယ်တာမိလိုက်နဲ့…တွယ်တာမိလိုက်တာနဲ့ …သူတို့တွယ်တာတဲ့လူတွေနဲ့ ပတ်သက်လာရင်.. အလွန်ပူတတ်ပန်တတ်ကြတာကလား။

..ပြန်မလာသေးဘူးလား…၊ ဘယ်သွားနေတာလဲ..၊ ပြန်လာခဲ့တော့..စသည်ဖြင့် …မြတ်နိုးမိသမျှကို …ပြန်မရောက်လာမချင်း ပူပန်နေတတ်သော သဘာဝ ရှိတတ်ကြပါတယ်။

ဒီနေ့နံ နှစ်ခုရဲ့ ကွာခြားချက်တွေကို ရေးရရင်…ထင်ရှားသော အချက်ခြောက်ချက်ကို….အတော်ကြီးကို အကျယ်တစ်ဝင့် ရေးရပါမယ်။ လောလောဆယ်တော့ ရေးလိုစိတ် မရှိသေးပါ။

ဒီလောက်ကွာခြားလှတာ…သူတို့တွေ ဘ၀လက်တွေဖော်ဖြစ်နိုင်ရဲ့လားလို့တော့မတွေးလိုက်ပါနဲ့။ လောကသဘာဝကလည်း …ကွာခြားချက်…ဆန့်ကျင်မှု တွေ များလာလေလေ ..ဖိုနဲ့ မ လို ဆွဲဆောင်နိုင်လေလေပါပဲ။

တစ်ခါတစ်ရံမှာ ကြံကြံဖန်ဖန် တိုက်တိုက်ဆိုင်ဆိုင်လည်း …ငြိတွယ်နီးစပ် ပေါင်းစပ်မိနေတတ်ကြပါသေးတယ်။

ဖတ်မှတ်သုတ ရစေရုံ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)